Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဒီပဲယင်းမြို့ ဘုရားထွက်ရွာကို စစ်တပ်မီးရှို့၊ ၁၄ ဦးကို ဓားစာခံလုပ်ထား

August 17, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်သား ၈၀ ခန့်က စစ်ကိုင်းတိုင်းရှိ ရွာတစ်ရွာကို ဖျက်ဆီးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းထားသည်၊ နှိပ်စက်ခံရသည့် ဓားစာခံများထဲမှ ၁ ဦး အသက်အန္တရာယ်ရှိနေသည်ဟု သိရသည်။  

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနောက်ဘက်တွင်ရှိသည့် ဘုရားထွက်ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (သြဂုတ် ၃) နံနက်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးကာ ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

နံနက် ၃ နာရီခန့်အချိန်တွင် စစ်သားအင်အား ၈၀ ခန့်က တိတ်တဆိတ် ရောက်လာခြင်းဖြစ်ကြောင်း၊ ခုခံတိုက်ခိုက်မှု မရှိသော်လည်း မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။

“ကင်းတွေတော့ ရှိတယ်။ မနက်အစောကြီးဆိုတော့ မသိလိုက်တာပေါ့၊ ကင်းတွေရော မိုင်းတွေရော ရှောင်သွားတာ ၊ ရွာရဲ့အနောက်တောင်ထောင့်ကနေ ဝင်သွားတာ။ သူလျှိုတွေ ဒလန်တွေပါလို့နေမှာပေါ့ဗျာ။ တိုက်ပွဲတော့ မဖြစ်ဘဲ သက်သက်ဝင်ရှို့တာ” ဟု ဒေသခံတစ်ဦးက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

စီးနင်းဝင်ရောက်စဉ် ကျေးရွာအတွင်းမှ ထွက်မပြေးနိုင်သည့် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခံထားရကြောင်း ထွက်ပြေးလွတ်မြောက်လာသူများကို ကိုးကားပြီး ဒေသခံနောက်တစ်ဦးက ပြောသည်။

“နေအိမ်တွေထဲမှာပဲ ဖမ်းခံထားရတယ်။ တစ်ယောက် အသက်အန္တရာယ် စိုးရိမ်ရတယ်ဗျ။ တော်တော်လေးကို ရိုက်နှက်နှိပ်စက်ခံထားရတာ ပြောတယ်” ဟု ဆိုသည်။

ကနဦးဖမ်းဆီးခံရသူ ၂၁ ဦး အနည်းဆုံးရှိပြီး ထိုအထဲမှ ၇ ဦးက ထွက်ပြေးလာနိုင်ကြောင်း သိရသည်ဟု ၎င်းက ဆက်ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် ကျေးရွာပေါ်မှ မီးခိုးလုံးများစမြင်ရပြီး နေ့လယ် ၁၂ နာရီ၌ မိုးရွာလာသဖြင့် မီးငြိမ်းသွားသော်လည်း ထပ်မံရှို့သည်ကို ဒေသခံများစိုးရိမ်နေကြသည်။

“ကင်းနဲ့လွတ်တဲ့နေရာက ချောင်းလာတာ၊ ပြည်သူတွေကလည်း ထွက်ပြေးဆိုတော့ ဘာမှ မလုပ်လိုက်ရဘူးဗျ။ တိုက်ပွဲမဖြစ်ဘဲနဲ့ ရှို့တာ” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ကလည်း လက်နက်ကြီးတစ်ကမ်းကနေပဲ (ပုံ) ရိုက်ရဲတာ။ မနက်ပိုင်း သုံးနာရီလောက် ဝင်လာတာဆိုတော့ ဒေသခံ‌တွေ ပြေးချိန်မရှိတာပေါ့”

လက်ရှိအချိန်ထိ စစ်သားများတပ်စွဲထားသဖြင့် ရွာအတွင်းထိခိုက်ပျက်စီးမှုအခြေအနေများကို အသေးစိတ် စုံစမ်းနိုင်ခြင်း မရှိသေးပေ။

စစ်သားများက တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် စခန်းချနေချိန်၊ တပ်ရွှေ့ချိန်တို့တွင် ဒေသခံတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတတ်သည်။

အင်အား ၈၀ ခန့်ရှိသည့် ထိုစစ်ကြောင်းသည် ယမန်နေ့ (ဩဂုတ်၂) က ဒီပဲယင်းမြို့ပေါ်မှ အနောက်ခြမ်းဒေသများကို စစ်ကြောင်းထိုးလာပြီး ငြိမ်းချမ်းရွာသစ်ကို ပထမဆုံးဝင်ရောက်စီးနင်းကာ ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ အိမ်ခြေ ၂၀၀ ခန့်ရှိ ဘုရားထွက်ရွာကို စီးနင်းနေခြင်းဖြစ်သည်။

ရွာကို ရောက်လာသူများသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေဦးမြို့နယ်၊ တင်းတိန်ရံကျေးရွာကို ၄ ရက် ဆက်တိုက်တပ်စွဲပြီး လူနေအိမ် ၅၀၀ ကျော်နှင့် ဆိုင်ခန်း ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်သားများဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းချိန်မှစပြီး ဇွန်လအထိ ပြည်သူများ၏နေအိမ် ၁၈၈၈၆ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုအထဲမှ အများစုသည် စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ကြောင်း Data For Myanmar အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

နေအိမ်ဖျက်ဆီးမီးရှို့ခံရခြင်း၊ ဒေသတချို့တွင် ရွာလုံးကျွတ် ရှို့ခံရခြင်းတို့ ဒေသအသီးသီးတွင် ဆက်တိုက်ပေါ်ပေါက်နေသော်လည်း စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ဟု ရံဖန်ရံခါ ငြင်းတတ်သည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English