LATEST STORIES

နိုင်ငံရေးအကျဉ်းသားများအား မြန်မာစစ်ကောင်စီ၏ သေဒဏ်ပေးကွပ်မျက်ခြင်းကို အာဆီယံ လွန်စွာ စိတ်ပျက်

ယခုနှစ်၏ ဒေသတွင်း ဆယ်နိုင်ငံအဖွဲ့ အာဆီယံ၏ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာအရေးအား ဗုဒ္ဓဟူးနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို မကြာသေးခင်က မြန်မာစစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခြင်းကို ‘လွန်စွာ စိတ်ပျက်ရကြောင်း’ ပြောသည်။ လွန်ခဲ့သော...

Read moreDetails

မိုးရာသီမှာထွက်တဲ့ သင်္ကြန်စာ

၁။ လာမယ့် ၅ လအတွင်း တပြည်လုံးစီးပွါးရေးပြိုကျမယ်။ ၂။ စစ်ကောင်စီက ဆင်းပေးမှာမဟုတ်ပါဘူး ဆက်မိုက်လိမ့်မယ်။ဒါပေမဲ့ စစ်စရိတ်ထောင်းလာလို့ နေရာတချို့လက်လွှတ်ရလိမ့်မယ်။ စားပွဲဝိုင်းခေါ်တာတွေဖြစ်လာမယ်။ ၃။ တရသ လက်နက်ကိုင်တချို့ စကစနဲ့ဗြောင်ပူးပေါင်းပြီး အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူလိမ့်မယ်။ ၄။ တော်လှန်ရေးတပ်တွေ...

Read moreDetails

ဩဂုတ် ၀၅၊ ၂၀၂၂။ (သောကြာ)

ဗဟိုဘဏ်ကသူတို့အသေသတ်မှတ်ထားတဲ့ငွေလဲနှုန်းကိုတစ်ဒေါ်လာ၁၈၅၀ကျပ်မှ၂၁၀၀ကျပ်ကိုပြောင်းလဲလိုက်တယ်။ပို့ကုန်ရငွေတွေကိုလဲအကုန်ပြန်မအပ်ရတော့ပဲ၆၅ရာခိုင်နှုန်းပဲပြန်အပ်ဖို့သတ်မှတ်လိုက်တယ်။ဒေါ်လာဈေးကြောင့်တိုင်းပြည်စီးပွားရေးမှာအကျပ်အတည်းတွေဖြစ်လာပြီးနောက်အဖတ်ပြန်ဆည်ဖို့ဆေးမှီးတိုနဲ့ကုလိုက်တဲ့သဘောပဲ။ဒါပေမယ့်ဆေးမမှီတော့ဘူး။စီးပွားရေးအခြေအနေကကောင်းလာမှာမဟုတ်တော့ဘူး။သူတို့ကဒေါ်လာဈေးကိုတိုးမြှင့်ပြင်ဆင်လိုက်ချိန်မှာပဲအပြင်ဈေးကွက်မှာတစ်ဒေါ်လာ၃၀၀၀နားကပ်နေပြီ။ပြည်တွင်းမှာလည်ပတ်နေတဲ့ကုမ္မဏီတော်တော်များများလဲဒေဝါလီခံဖို့ပြင်ဆင်နေကြပြီ။ကုမ္မဏီတွေအနေနဲ့ဘယ်လိုမှဆက်လက်တောင့်ခံဖို့အဆင်မပြေတော့ဘူးလေ။ကုမ္မဏီတွေပြိုလဲသွားလာတာနဲ့အမျှအလုပ်လက်မဲ့တွေပိုများလာလိမ့်မယ်။အကျိုးဆက်တွေကတော့တွေးကြည့်ရင်မီးခိုးကြွက်လျှောက်ပဲ။

Read moreDetails

ဩဂုတ် ၀၄၊ ၂၀၂၂။ (ကြာသပတေး)

စစ်အာဏာသိမ်းပြီးနောက်ဒေါ်လာ၊ရွှေ၊ကား၊စက်သုံးဆီ၊စားသုံးဆီ၊ဆေးဝါးစတဲ့ဈေးနှုန်းတွေအပြိုင်အဆိုင်တက်လာပြီးအခုနောက်ဆုံးမြန်မာပြည်ရဲ့အဓိကစားသုံးကုန်ဖြစ်တဲ့ဆန်ဈေးတွေပါတက်လာပါပြီ။အရင်ကတစ်အိတ်ငါးသောင်းကျပ်ခန့်သာရှိတဲ့အကောင်းစားရွှေဘိုပေါ်ဆန်းဆန်ဈေးဟာအခုတစ်သိန်းဖြစ်သွားပြီ။ရွှေဘိုပေါ်ဆန်းဆန်ထွက်တဲ့စစ်ကိုင်းတိုင်းရွှေဘိုမြို့ပတ်ဝန်းကျင်မှာတိုက်ပွဲတွေကြောင့်စပါးမစိုက်နိုင်ကြတော့ဘူး။ဧရာဝတီတိုင်းဖက်ကအခြားဆန်အမျိုးအစားတွေလဲအလားတူဈေးတွေထိုးတက်နေတယ်။ ဆန်ဈေးဟာလည်းပြန်ကျဖို့လမ်းမမြင်ဘူး။စပါးစိုက်တဲ့အထက်ပိုင်းဒေသစစ်ကိုင်းနဲ့မကွေးမှာစစ်တပ်ကနယ်မြေတစ်ခုလုံးကိုအကြမ်းဖက်မီးရှို့လူသတ်နေလို့ဒေသခံတွေစပါးမစိုက်နိုင်တော့ပဲထွက်ပြေးနေရတယ်။အောက်ပိုင်းကဧရာဝတီတိုင်းမှာလဲဒေါ်လာဈေးကြောင်းဓာတ်မြေဩဇာဈေးတွေတက်နေလို့စိုက်ဧကတွေလျော့ကျနေတယ်။ဒီကြားထဲမှာထွက်သမျှစပါးတွေကိုစစ်ကောင်စီကဈေးကွက်ထဲပေးမဖြန့်ပဲလိုက်ဝယ်နေတယ်လို့သတင်းတွေကြားနေရတယ်။ပြည်တွင်းမှာဆန်ရှားလာပေမယ့်စစ်ကောင်စီကဒေါ်လာလိုအပ်နေတာကြောင့်ပြည်ပဆန်တင်ပို့မှုကိုမလျော့ပဲတိုးတောင်တိုးလာသေးတယ်။ဒါကြောင့်ရေရှည်မှာဆန်ဈေးဟာဆက်တက်ဖို့ပဲရှိမယ်။ ဆန်ဈေးတက်တာဟာအခြေခံလူတန်းစားများစွာကိုကြီးမားတဲ့ထိခိုက်မှုတွေရှိလာမယ်။အကုန်ငတ်လာကြတဲ့အချိန်တစ်ခုရောက်လာရင်လူတွေဟာလမ်းပေါ်ပြန်ထွက်ဆန္ဒပြကြမလား၊ခိုးဆိုးလုယက်ကြမှာလားဘယ်သူမှအသေအချာမပြောနိင်ဘူး။ကျိန်းသေတာကတော့ထိုအချိန်တစ်ခုဟာမကြာခင်ရောက်လာလိမ့်မယ်။

Read moreDetails

ဩဂုတ် ၀၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြင်းမူမြို့နယ်လက်ပံကျင်းကျေးရွာကိုလည်းမနေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရဟတ်ယာဉ်လေးစီးနဲ့လာရောက်ပစ်စီးနင်းတယ်။PDFတွေအစည်းအဝေးလုပ်နေတယ်ဆိုပြီးရွာကိုလေကြောင်းကနေစစ်သားတွေချပြီးစီးနင်းတာပါ။ရွာထဲမှာကိုယ်ထူကိုယ်ထပညာရေးစနစ်နဲ့စာသင်နေတဲ့မူလတန်းအရွယ်ကလေးငယ်တွေအပါအဝင်ပြည်သူတစ်ရာကျော်ခန့်ကိုလဲဖမ်းဆီးလိုက်တယ်။ကလေးတွေစာသင်နေတဲ့နေရာမှာPDFတွေအစည်းအဝေးလုပ်စရာဘာအကြောင်းမှမရှိဘူး။စစ်သူပုန်တွေကရမ်းကားချင်တိုင်းရမ်းကားနေတာ။ဒီနေ့မှာဖမ်းဆီးထားတဲ့ပြည်သူတစ်ရာကျော်ကိုပြန်လွှတ်ပေးလိုက်ပေမယ့်ရွာသားဆယ်ဦးခန့်ကိုအကြောင်းမဲ့သတ်ဖြတ်သွားသေးတယ်။ စစ်ကိုင်းတိုင်းကတော့စစ်သူပုန်တွေရဲ့ဒဏ်ကိုအလူးအလဲခံနေရဆဲပဲ။ထိရောက်တဲ့ကာကွယ်မှုတွေအခုထိမလုပ်နိုင်သေးဘူး။ပြီးခဲ့လကတော့စစ်ကိုင်းတိုင်းကPDFတွေအတွက်လက်နက်ကြီးတွေထောက်ပံဖို့ရံပုံငွေကောက်ခံရမှာသိန်းသုံးသောင်းနီးပါးရလိုက်တယ်။ထိုငွေတွေကိုအသုံးပြုပြီးစစ်ကိုင်းတိုင်းကိုကာကွယ်ပေးဖို့မျှော်လင့်နိုင်ကောင်းပါရဲ့။

Read moreDetails

ဩဂုတ် ၀၂၊ ၂၀၂၂။ (အင်္ဂါ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် တင်းတိန်ရံရွာကြီးနှင့်စျေးကြီးကို စစ်ကောင်စီတပ်များနှင့် ပျူစောထီးများ လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်လာပြီးနောက် နှစ်ရက်ဆက်မီးရှို့ခံရတယ်။တင်းတိန်ရံရွာဟာ အိမ်ခြေ တထောင်ကျော်ရှိပြီး စျေးမှာ ဆိုင်ခန်း ၂၀၀ခန့်ရှိကာ စျေးတစ်စျေးလုံးနီးပါးလောင်သွားပြီးရွာအတွင်း အိမ်ခြေ ၆၀ကျော် ပြာကျသွားတယ်။ တင်းတိန်ရံဈေးဟာရေဦးမြို့နယ်မှာဒုတိယအကြီးဆုံးဈေးတစ်ခုဖြစ်ပြီး ရေးဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိလူများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက...

Read moreDetails

ကြိုးပေးကွပ်မျက်မှုကြောင့် သေဒဏ်အမိန့်ချခံထားရသူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ လတ်တလော အကျဉ်းထောင်ထဲမှာ သေဒဏ်အမိန့်ချခံထားရသူ စုစုပေါင်း ၇၇ ဦးရှိနေပြီး စစ်ကောင်စီက ဦးဂျင်မီတို့ လေးဦးကို လက်တွေ့ ကွပ်မျက်လိုက်တာကြောင့် ကျန်သူ အားလုံးရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်ထိတ်လန့်နေပါတယ်။...

Read moreDetails

အာဏာသိမ်းမှုတစ်နှစ်ခွဲအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၂၀၀ ကျော် သေဆုံး

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် အခု တစ်နှစ်ခွဲကာလ အတွင်း ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်း အတွင်း အရပ်သား ၂၁၄ ဦး သေဆုံးခဲ့ပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့...

Read moreDetails

ဩဂုတ် ၀၁၊ ၂၀၂၂။ (တနင်္လာ)

ဥကရစ်ကတိုက်ပွဲအပြီးတစ်လကျော်အကြာထိုဒေသမှာမငြိမ်သပ်သေးပဲတိုက်ပွဲတွေနေ့စဉ်ဆိုသလိုဖြစ်ပွားနေတယ်။စခန်းကိုမရလိုက်ပေမယ့်ဥကရစ်ထစစ်ကောင်စီစခန်းတည်ရှိရာမြဝတီဝေါလေလမ်းကိုKNUကထိန်းချုပ်ထားလို့စစ်ကောင်စီကထိုလမ်းကြောင်းကိုပြန်ရဖို့ကြိုးစားနေတာပါ။စစ်တပ်ကနေ့စဉ်နီးပါးစစ်အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးတယ်။KNUဘက်ကထိုလမ်းပေါ်ကသုံးထပ်ကွေ့မှာအထိုင်ချပြီးအပြင်းအထန်ခုခံနေလို့ထိုးသမျှစစ်ကြောင်းတိုင်းလိုရာမရောက်ပဲစစ်တပ်ဘက်ကအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာနေရတယ်။ဇူလိုင်လအတွင်းထိုဒေသကတိုက်ပွဲတွေမှာစစ်သူပုန်နှစ်ရာကျော်သေဆုံးသွားတယ်လို့သိရတယ်။ဒါကြောင့်အခုရက်ပိုင်းစစ်တပ်ဖက်ကဗျူဟာပြောင်းပြီးနှစ်ဖက်ညှပ်တိုက်ဖို့ပြင်ဆင်နေတယ်။ စစ်တပ်ဖက်ကအောက်ခြေစစ်သားတွေသေချင်သလိုသေဂရုမစိုက်ပဲလူအင်အားလက်နက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်နိုင်ပေမယ့်တိုက်ပွဲကာလတစ်လကျော်ကြာလာချိန်မှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့လူအင်အားလက်နက်အင်အားအကန့်အသတ်တွေရှိလာတယ်။စစ်တပ်ဖက်ကထိုဒေသကိုထိန်းချုပ်နိုင်ဖို့မရမကကြိုးစားမှာမို့အချိန်ကြာလာတာနဲ့အမျှKNUဘက်ထိန်းထားနိုင်ဖို့မလွယ်လောက်ဘူးထင်တယ်။

Read moreDetails

ဇူလိုင် ၃၁၊ ၂၀၂၂။ (တနင်္ဂနွေ)

NUGရဲ့ဆော်ဩမှုဖြင့်တနိုင်ငံလုံးမှာပြည်သူ့သစ္စာအဓိဌာန်ပြုပွဲတွေဒီနေ့ပြုလုပ်ကြတယ်။ရန်ကုန်မှာဆိုသတ်မှတ်ထားတဲ့အချိန်၁၀နာရီ၃၇မိနစ်မှာသံပုံးတွေကားဟွန်းတွေတီးကြတယ်။စစ်ကောင်စီဖက်ကလဲတန်ပြန်သောအားဖြင့်မတရားဖမ်းဆီးမှုတွေအနိုင်ကျင့်မှုတွေဆက်တိုက်ပြုလုပ်နေတယ်။လှည်းတန်းဈေးမှာသံပုံးတီးလို့ဆိုပြီဈေးသည်တွေကိုရိုက်နှက်ဖျက်စီးသွားတယ်။ ဆူးလေဘုရားအနီးတစ်ဝိုက်မှာလဲ လမ်းပေါ်က လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေမှာ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့ အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ စစ်ဆေးခဲ့ပြီးရှိရင်တခါထဲဖမ်းခေါ်သွားတယ်။ ညဘက်တွေမှာလဲညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၄...

Read moreDetails
Page 149 of 235 1 148 149 150 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist