NUGရဲ့ဆော်ဩမှုဖြင့်တနိုင်ငံလုံးမှာပြည်သူ့သစ္စာအဓိဌာန်ပြုပွဲတွေဒီနေ့ပြုလုပ်ကြတယ်။ရန်ကုန်မှာဆိုသတ်မှတ်ထားတဲ့အချိန်၁၀နာရီ၃၇မိနစ်မှာသံပုံးတွေကားဟွန်းတွေတီးကြတယ်။စစ်ကောင်စီဖက်ကလဲတန်ပြန်သောအားဖြင့်မတရားဖမ်းဆီးမှုတွေအနိုင်ကျင့်မှုတွေဆက်တိုက်ပြုလုပ်နေတယ်။လှည်းတန်းဈေးမှာသံပုံးတီးလို့ဆိုပြီဈေးသည်တွေကိုရိုက်နှက်ဖျက်စီးသွားတယ်။ ဆူးလေဘုရားအနီးတစ်ဝိုက်မှာလဲ လမ်းပေါ်က လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေမှာ ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့ အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ စစ်ဆေးခဲ့ပြီးရှိရင်တခါထဲဖမ်းခေါ်သွားတယ်။
ညဘက်တွေမှာလဲညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၄ နာရီအထိ အချိန်ရှေ့တိုးလိုက်တယ်လို့ ကောလဟာလတွေထွက်နေတယ်။ရန်ကုန်မှာယခင်က ည ၁၀ နာရီထိုးချိန်အထိ လမ်းသွားလမ်းလာတွေနဲ့ စည်ကားခဲ့ပေမယ့် အခုနောက်ပိုင်း ည ၈ နာရီနောက်ပိုင်းမှာဆိုရင်အသွားအလာနည်းသွားပြီ။