LATEST STORIES

မေ ၂၉၊ ၂၀၂၂။ (တနင်္ဂနွေ)

NUCC မှာ NLD ပါတီမပါတော့ဘူးလို့သတင်းတွေထွက်လာတယ်။ မီဒီယာတွေကမေးမြန်းစုံစမ်းတော့ တကယ်လည်း NUCC မှာ NLD ကကိုယ်စားပြုကိုယ်စားလှယ်မခန့်အပ်ထားဘူး။ CRPH က NLD ကိုယ်စားလှယ်တွေနဲ့ ရောချထားတယ်။ တကယ်က NLD လိုဝါရင့်ပါတီကြီးမျိုးက NUCC မှာပါကိုပါသင့်တယ်။...

Read more

နွေဦးတော်လှန်‌ရေးဒုတိယအဆင့် သို့မဟုတ် ယှဉ်ပြိုင်ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ

ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်အတွင်း နယ်မြေထိန်းချုပ်မှု ပိုမိုလုပ်လာနေသလို တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးရဲ့ အောင်မြင်မှုဟာလဲ မြန်မာပြည်အလယ်ပိုင်းအပါအဝင် အခြားဒေသတွေမှာ ယှဉ်ပြိုင်အုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လောက် တည်ဆောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးလိုအပ်ချက်ကို...

Read more

မေ ၂၈၊ ၂၀၂၂။ (စနေ)

ဘွန်းက အခုဆိုရင်အသံပျောက်နေပြီ။မင်းအောင်လှိုင်အိမ်ရောင်းတာက ဒေါ်လာ ၆ သန်း ပြည့်ပြီလို့ကြေညာပြီးနောက်ဘယ်လောက်ထိဆက်ရောင်းနေရလဲ ၅ ရက်ကျော်တဲ့အထိထပ်မသိရသေးဘူး။ဒီကြားထဲ C2D ကဝင်ငွေကျလာတယ်။ တော်လှန်ရေးရဲ့ တကယ့်စိုးရိမ်ရေမှတ်ကငွေကြေးဟာလည်း အဓိကအချက်ထဲမှာတချက်အနေနဲ့ ပါလိမ့်မယ်။ငွေကုန်ကြေးကျတအားများတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ငွေကြေးလိုအပ်ချက်တွေအရနည်းလာတာ ပြသာနာကြီးတယ်။ဘွန်းရောင်းချမူနဲ့ EOD ရောင်းချမူပုံစံတွေပြန်လည်သုံးသပ်ဖို့လိုမယ်။ NUG...

Read more

မေ ၂၇၊ ၂၀၂၂။ (သောကြာ)

နိုင်ငံခြားကတင်သွင်းရတဲ့စက်သုံးဆီတွေကိုခွဲတမ်းနဲ့ရောင်းချတော့မယ်လို့စစ်ကောင်စီကကြေငြာလိုက်ပြီ။သူတို့ဘယ်လိုပဲဆီလုံလုံလောက်ရှိတယ်ပြောပါစေအခုတော့ဝန်ခံလိုက်ရပြီ။ဆီဆိုင်တွေမှာလဲကားတွေပြန်တန်းစီနေရပြီ။ဆိုင်ကြီးတွေလောက်ပဲဆီခွဲတမ်းရပြီးလက်လီရောင်းတဲ့ဆိုင်တော်တော်များများပိတ်လိုက်ကြတယ်။ဆိုင်ကြီးတွေမှာတောင်ဓာတ်ဆီလိုသလောက်မရတော့ဘူး။နယ်မြို့တွေမှာအခြေအနေပိုဆိုးတယ်။စစ်ကောင်စီဟာဒေါ်လာကိုလိုသလောက်ထုတ်မပေးတဲ့အတွက်ဆိပ်ကမ်းမှာဆီတွေရှိပေမယ့်ထုတ်မရဖြစ်နေတာပါ။ဒီပုံစံအတိုင်းရှေရှည်ဆက်သွားမယ်ဆိုရင်ဆီဈေးဟာလဲအတက်ပဲရှိမယ်။

Read more

မေ ၂၆၊ ၂၀၂၂။ (ကြာသပတေး)

မိတ္ထီလာမှာသမီးရည်းစားနှစ်ယောက်ချိန်းတွေ့ရင်းလုယက်ခံရလို့ကောင်လေးကလက်တဖက်ပြတ်သွားတယ်။မန္တလေးမှာလဲထိုနည်းတူဆိုင်ကယ်ကိုဓားနဲ့လုယက်တာကြောင့်တယောက်အသက်ပေးလိုက်ရတယ်။ရန်ကုန်အင်းစိန်မှာတော့လမ်းမလယ်ခေါင်မှာကောင်မလေးတယောက်ကိုအုပ်စုဖွဲ့ရမ်းကားနေတာကြောင့်ရပ်ကွက်ကဝိုင်းဖမ်းပေးရတယ်။မိတ္ထီလာဆိုတာစစ်တပ်မြို့၊မန္တလေးကဖြစ်ရပ်ကလဲရဲစခန်းနားမှာြဖစ်သွားတာ၊ရန်ကုန်မှာတော့ဝိုင်းဖမ်းပေးသူတချို့ထိခိုက်ဒဏ်ရာရကုန်တယ်။အရင်ကလုယက်မှုလောက်ပဲကျူးလွန်ကြတာ၊အခုကထိခိုက်ဒဏ်ရာရမှုတွေ၊လူသေဆုံးမှုတွေပါြဖစ်လာပြီ။မလုံခြုံမှုတွေဟာတနိုင်ငံလုံးနေရာအနှံအပြားမှာဖြစ်နေပြီ။

Read more

မေ ၂၅၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်သူပုန်တွေကျေးရွာတွေမီးရှို့တာမှာ PDF တွေကို ထောက်ပံ့ခြင်း ၊ PDF မိသားစုဝင်များ နေထိုင်ခြင်းစတဲ့ အချက်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ။ဒါဖြင့် ဘာလို့ ရှို့လည်းဆိုရင် စစ်ဘေးရှောင်တွေ များလာစေရန် ရည်ရွယ်ပြီး ရှို့တာပါ ။ကြုံတဲ့နေရာ ကြုံသလိုရှို့ပါတယ် ။...

Read more

မေ ၂၄၊ ၂၀၂၂။ (အင်္ဂါ)

တော်လှန်ရေးအဖွဲ့တွေအတွက်ရန်ပုံငွေရှာပေးနေတဲ့Applicationတွေရဲ့ငွေရနှုန်းဟာပြီးခဲ့တဲ့လကစပြီးထိုးကျနေတယ်။အရင်တရက်ကိုသိန်းနှစ်ရာကျော်ရနေရာမှအခုဆိုသိန်းတစ်ရာဝန်းကျင်သာရရှိတော့တယ်။ထိုapplicationတွေဟာအရင်ကအမြင့်ဆုံးတရက်ကိုသိန်း၅၅၀အထိရဖူးခဲ့တာပါ။အခုတော့အသုံးပြုငွေရှာပေးသူတွေအတော်နည်းကုန်ပြီ။တနိုင်ငံလုံးမှာလူဦးရေနှစ်သောင်းကျော်သာသုံးတော့တယ်လို့သိရတယ်။Applicationတွေတစ်ခုမကအများကြီးရှိနေပြီးအကုန်လုံးထိုးကျနေတာပါ။လူတွေကနိုင်သာနိုင်ချင်ကြတယ်၊ဘာအားစိုက်ထုတ်မှုမှမလုပ်ချင်ကြဘူး။တဖြေးဖြေးနဲ့သွေးအေးလာကြပြီ။ရန်ပုံငွေအလုံအလောက်မရရင်တကယ်တိုက်နေတဲ့သူတွေအတွက်အများကြီးခက်ခဲလာလိမ့်မယ်။

Read more

မေ ၂၃၊ ၂၀၂၂။ (တနင်္လာ)

စပါးစိုက်ပျိုးဖို့ အဓိကအရေးပါသည့် ဒီဇယ်နှင့် ဓာတ်မြေသြဇာဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေမှုကြောင့် ဧရာဝတီတိုင်းမှ လယ်သမားတွေ မိုးစပါးစိုက်ပျိုးနိုင်ခြင်းတော့ဘူး။ လယ်သမားများစပါးစိုက်ပျိုးရာမှာ လယ်ယာသုံးစက်ပစ္စည်းများ မောင်းနှင်ရန် ဒီဇယ်ကို အဓိက အသုံးပြုပြီး စပါးအထွက်တိုးရန် ယူရီးယား၊ တီစူပါအစရှိသည့် ဓာတ်မြေသြဇာများ၊ ပေါင်းသတ်ဆေး၊...

Read more

မေ ၂၂၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်တောင်ပိုင်းသန်လျင်မြို့နယ်မှာဆိုင်ကယ်လုံးဝမစီးရအမိန့်စစ်ကောင်စီကထုတ်လိုက်တယ်။သန်လျင်၊သုံးခွ၊ခရမ်းမြို့တွေမှာစစ်ကောင်စီဒေါက်တိုင်တွေခပ်စိတ်စိတ်တိုက်ခိုက်ခံရပြီးနောက်ကြောက်လန့်ပြီး ဒီအမိန့်ထွက်လာတာပဲ။ သန်လျင်ဆိုတာရန်ကုန်တိုင်းရဲ့နယ်မြို့လေးတစ်ခုပဲ။ဆိုင်ကယ်လဲတရားဝင်စီးခွင့်ရှိတယ်။ဒီလိုမတရားအမိန့်တွေထုတ်နေတော့မြို့ခံတွေဒုက္ခရောက်ကုန်တယ်။သီလဝါအထူးစီးပွားရေးဇုန်ကဝန်ထမ်းတွေဆိုဆိုင်ကယ်ကိုပဲအားပြုရတာ။အခုကလိုင်စင်ရှိရှိမရှိလမ်းပေါ်တက်သမျှဆိုင်ကယ်တွေအကုန်ဖမ်းနေတော့ဒီရက်ပိုင်းကိုယ့်ဆိုင်ကယ်ကိုခိုးကြောင်ခိုးဝှက်စီးနေကြရတယ်။စစ်ကောင်စီဟာပြည်သူကိုအမျိုးမျိုးဒုက္ခပေးလျက်ပဲ။

Read more

မေ ၂၁၊ ၂၀၂၂။ (စနေ)

ရှမ်းကယားနယ်စပ်ဖယ်ခုံမြို့မှာလဲတိုက်ပွဲတွေဖြစ်နေတာတပတ်လောက်ရှိနေပြီ။မိုးဗြဲအင်းအရှေ့ဘက်ကရွာတွေကိုလဲစစ်တပ်ကမီးရှို့လိုက်တယ်။တိုက်ပွဲကာလကြာလာတာနဲ့အမျှKNDFဘက်ကကျဆုံးမှုတွေ၊ကျည်မလုံလောက်မှုတွေများလာပြီးရသလောက်ခုခံနေရတယ်။ကယားမှာဖေဖော်ဝါရီလလယ်လောက်ကစပြီးစစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်တာကြောင့်တချို့နယ်မြေတွေကိုပြန်လည်လက်လွှတ်ပေးလိုက်ရတယ်။နေ့စဉ်ဆိုသလိုပဲပျောက်ကျားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတာကြောင့်တပြည်နယ်လုံးစစ်ဘေးသင့်နေတယ်။စစ်ဘေးရှောင်ပြည်သူတွေအတွက်ရိက္ခာပို့လမ်းကြောင်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတာကြောင့်ရှမ်းကယားနယ်စပ်လမ်းကြောင်းပြန်ပွင့်အောင်ကာကွယ်ရေးအဖွဲ့တွေကြိုးစားနေကြတယ်။

Read more
Page 127 of 203 1 126 127 128 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist