LATEST STORIES

ဒီဇင်ဘာ ၃၁၊ ၂၀၂၂။ (စနေ)

ဒီနေ့နှစ်သစ်ကူးညအတွက်စစ်ကောင်စီကရန်ကုန်၊မန္တလေး၊နေပြည်တော်မြို့ကြီးတွေမှာတညတာညမထွက်ရအမိန့်ရုတ်သိမ်းကြောင်းကြေငြာထားတယ်။ထိုမြို့ကြီးတွေမှာNew Year Count Down Party Showပွဲတွေကိုလဲစီစဉ်ထားသေးတယ်။ညမထွက်ရအမိန့်ကိုတညထဲရုပ်သိမ်းထားတာဟာသံသယဖြစ်စရာပဲ။စစ်ကောင်စီဟာလူစုလူဝေးဖြစ်အောင်ဖန်တီးပြီးလူအုပ်ကြားထဲပေါက်ကွဲမှုတွေဖြစ်အောင်ပြုလုပ်ကာNUG PDF ကိုထိုးချဖို့စီစဉ်နိုင်တယ်။အရင်ကလဲဒါမျိုးတွေသူတို့လုပ်ခဲ့ဖူးတယ်လေ။ဒါကြောင့်ဒီညအပြင်မှာပျော်ပါးကြမယ့်သူတွေအတွက်စိုးရိမ်စရာကောင်းနေတယ်။NUG PDF ကလဲလူစုလူဝေးရှိတဲ့နေရာတွေကိုမသွားဖို့ထုတ်ပြန်ထားတယ်။ဘာမှမဖြစ်ရင်တော့အကောင်းဆုံးပေါ့။  

Read moreDetails

ဒီဇင်ဘာ ၃၀၊ ၂၀၂၂။ (သောကြာ)

နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်ကိုနောက်ဆုံးအမှုတွေစစ်ဆေးလို့အပြီးမှာမတရားထောင်ဒဏ်၇နှစ်ထပ်မံချမှတ်လိုက်ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးကိုချမှတ်ထားတဲ့ထောင်ဒဏ်စုစုပေါင်းဟာ၃၃နှစ်အထိဖြစ်သွားပါပြီ။ဒီတိုင်းဆိုရင်ကျန်ရှိတဲ့သက်တမ်းတလျောက်လုံးကိုထောင်ထဲမှာပဲကုန်ဆုံးသွားရမယ့်ပုံစံဖြစ်နေပြီ။အခုလောလောဆယ်တော့နှစ်ယောက်လုံးကျန်းမာရေးကောင်းတယ်လို့သိရတယ်။စစ်ကောင်စီဟာဒီနှစ်မကုန်ခင်သူတို့ကိုစွဲချက်တင်ထားတဲ့အမှုတွေအကုန်အပြီးဖြတ်နေတာပါ။စစ်ကောင်စီဟာအမှုတွေပြီးသွားမှသူတို့နှစ်ဦးကိုနိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ပေးတွေ့နိုင်မယ်လို့ပြောထားတော့နောက်ပိုင်းမှာနိုင်ငံရေးအရအသုံးချတော့မလားဆိုတာစဉ်းစားစရာပဲ။အရင်စစ်ခေါင်းဆောင်တွေလက်ထက်ကလဲဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီးကစားခဲ့ဖူးတယ်လေ။  

Read moreDetails

ဒီဇင်ဘာ ၂၉၊ ၂၀၂၂။ (ကြာသပတေး)

တရုတ်နိုင်ငံကမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်ခန့်အပ်လိုက်တယ်။စစ်ကောင်စီကိုဘယ်လိုမှသိမ်းသွင်းဖျောင်းဖျလို့မရတဲ့ကိုယ်စားလှယ်လောင်းကိုတာဝန်မှရုပ်သိမ်းပြီးအခုရက်ပိုင်းတင်အသစ်ခန့်အပ်လိုက်တာပါ။အဆိုပါအထူးကိုယ်စားလှယ်အသစ်ဟာမြန်မာပြည်ကိုရောက်လာပြီးစစ်ကောင်စီနဲ့တွေ့ဖို့ရှိတယ်။မြန်မာပြည်မလာခင်မြောက်ပိုင်းEAOအဖွဲ့တွေနဲ့တွေ့ဆုံပီးပြီ။EAOတွေကတော့မိတ်ဆက်တဲ့သဘောတွေ့ဆုံတယ်လို့ပြောပေမယ့်အဲ့ဒီနောက်မှာနက်နဲတဲ့ဆွေးနွေးမှုတွေရှိနေမှာတော့အသေအချာပဲ။US NDAAထွက်ပြီးနောက်ပိုင်းမြန်မာပြည်ကိုတရုတ်ကိုယ်စားလှယ်အသစ်ချက်ချင်းရောက်လာတာတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး။NDAAကိုတန်ပြန်ဖို့စစ်ကောင်စီနဲ့ပေါင်းပြီးနည်းလမ်းတွေရှာကြလိမ့်မယ်။ဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းလိမ့်မယ်။ဒါပေမယ့်အခုနောက်ပိုင်းမှာတရုတ်နဲ့စစ်ကောင်စီဟာအစေးသိပ်မကပ်တော့တဲ့အတွက်သူတို့အကြံအစည်တွေအောင်မြင်မယ်မထင်ဘူး။

Read moreDetails

ဒီဇင်ဘာ ၂၈၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မန္တလေးမြို့ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၅ ခုကို ယခုနှစ် ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ပိတ်သိမ်းရန် စစ်ကောင်စီက အမိန့်ပေးထားတယ်။ပိတ်သိမ်းခံရတဲ့ဆေးရုံတွေကတော့ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်းတို့ဖြစ်ပြီး ၄ လခန့် ပိတ်သိမ်းမည်ဟု သိရတယ်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နန်းတော်နှင့် မြို့တော်ဆေးရုံတို့မှ...

Read moreDetails

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ရက်နေ့ ၇၅နှစ်မြောက် ကချင်ပြည်နယ်နေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ခုနှစ် သြဂုတ်လ ၁၉ရက်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ ပြည်နယ်နဲ့...

Read moreDetails

ပါတီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကြံ့ခိုင်ရေးပါတီက ကူညီရေးအဖွဲ့တွေကို တွေ့ဆုံ တိုက်တွန်း

တွေ့ဆုံဖို့ ကြိုတင်ဖိတ်ကြားတာမျိုးမရှိခဲ့ဘူးလို့ဆို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရန်ကုန်ကလူမှုကူညီရေးအဖွဲ့တွေ၊ သာသနာနုဂ္ဂဟအသင်း အပါအဝင် အခြားအဖွဲ့အစည်း ၃၀ လောက်နဲ့ ဇန်နဝါရီ ၇ရက်နေ့က တွေ့ဆုံခဲ့ပြီးပါတီနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီကတိုက်တွန်းပြောဆိုခဲ့ တယ်လို့သိရပါတယ်။ အခုလိုတွေ့ဆုံမှုကို ပြည်ခိုင်ဖြိုးပါတီဘက်က...

Read moreDetails

မြောင်မြို့နယ်၊ ပန်းညိုရွာက နေအိမ် ၂၀၀ လောက်မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးဘေးတည်ရှိတဲ့ ပန်းညိုရွာက နေအိမ် အလုံး ၂၀၀ လောက်ကို ဇန်နဝါရီလ ၉ရက်နေ့ နေ့လည် ၂နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ တယ်လို့ မြေပြင်သိရှိသူနဲ့ ဒေသခံတွေထံကသိရပါတယ်။ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့...

Read moreDetails

အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း ၈၀ကျော်ရှိလာ

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်စပိုင်းအထိ အသတ်ခံရတဲ့ ကျန်းမာရေး ဝန်ထမ်း ၈၃ ယောက်၊ ဖမ်းဆီးတရားစွဲဆိုခံရတဲ့သူ ၃၅၅ယောက် ထိခိုက်ဒဏ်ရာရရှိသူ ၇၈၉ ယောက် ရှိတယ်လို့ အချက်လက်တွေကို...

Read moreDetails

မြန်မာ့အရေးကုလရဲ့သမိုင်းဝင်ဆုံးဖြတ်ချက်မှာတရုတ်နဲ့ရုရှားတို့ဘာကြောင့်မကန့်ကွက်ခဲ့တာလဲ (၂)

UN Resolution ကို ဗြိတိန်ကသွင်းတယ်။ ရီဗျူးလုပ်ကြပြီး ၁၂ က ထောက်ခံ ၃ က ကြားနေ အနေနဲ့ ရှိတယ်။ ကြားနေ (၃) က တရုတ်၊ ရုရှား၊ အိန္ဒိယ ဖြစ်တယ်။...

Read moreDetails

ဒီဇင်ဘာ ၂၇၊ ၂၀၂၂။ (အင်္ဂါ)

ဒီဇင်ဘာလ၁၆ရက်နေ့ကတည်းကကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာဖြစ်တဲ့တိုက်ပွဲတွေဟာအခုထိပြင်းထန်နေဆဲပဲ။စစ်ကောင်စီဖက်ကလေကြောင်းအင်အား၊လက်နက်ကြီးအင်အားနဲ့တင့်ကားတွေပါသုံးလာတယ်။စစ်ပွဲထဲရောက်လာတဲ့စစ်ကောင်စီတင့်ကားနှစ်စီးလဲတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဒရုန်းရန်ကြောင့်ပျက်စီးသွားပြီ။စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ရွာထဲကဘုန်းကြီးကျောင်းပါမကျန်ပျက်စီးပြီးဘုန်းတော်ကြီးတပါးလဲသေဆုံးသွားတယ်။နယ်စပ်ကုန်သွယ်ရေးလဲရပ်တန့်နေတယ်။အာရှလမ်းမကြီးကသွားမရတော့အချို့ကားလေးတွေဆိုရင်တောလမ်းကနေခက်ခက်ခဲခဲသွားလာနေရတယ်။ကုန်ကားကြီးတွေကတော့လုံးဝရပ်ထားရတော့ပေါ့။တိုက်ပွဲဟာထပ်ကြာဦးမယ်ထင်တယ်။        

Read moreDetails
Page 126 of 235 1 125 126 127 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist