LATEST STORIES

ထီးချိုင့်တွင် စစ်တပ်က သုံးရက်ဆက် မီးပတ်ရှို့နေ

တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာနေသည့် နိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းတွင် စစ်ကောင်စီက ရွာစဉ်လှည့်၍ သုံးရက်ဆက်တိုက် မီးရှို့နေကြောင်း စုံစမ်းသိရှိရသည်။ တောတောင်ထူထပ်သည့် ထီးချိုင့်မြို့ မြောက်ဘက် မဲဇာမြစ်နံဘေးရှိ ၆ ရွာထက်မနည်းကို ဒီဇင်ဘာ...

Read moreDetails

ဒီဇင်ဘာ ၀၂၊ ၂၀၂၂။ (သောကြာ)

ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next Leadership Summit နဲ့ Global Broadcast ပွဲမှာ NUGယာယီသမ္မတဒူဝါးလရှီးလမိန့်ခွန်းပြောခွင့်ရတယ်။သူပြောတဲ့မိန့်ခွန်းထဲမှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးအကြောင်းပါလာတယ်။NUGအနေနဲ့ဖက်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ထားပါကြောင်း၊ဒါပေမယ့်ကြိုတင်သတ်မှတ်ချက်တွေတော့ရှိတယ်။ (1)ပြည်သူကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ရမယ်။ (2) စစ်တပ်ဟာ နိုင်ငံရေးမှထွက်ခွာရေးကို အာမခံချက်ပေးရမယ်။ (3)2008ခြေဥကို ဖျက်သိမ်းရမယ်။ (4)နိုင်ငံတကာရဲ့...

Read moreDetails

ဒီဇင်ဘာ ၀၁၊ ၂၀၂၂။ (ကြာသပတေး)

စစ်ကောင်စီကဖမ်းဆီးထားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသား၇ယောက်ကိုသေဒဏ်ချမှတ်လိုက်ပြီးကြိုးပေးကွပ်မျက်မယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ထိုကျောင်းသား၇ဦးဟာဧပြီလကတောင်ဒဂုံမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာရတနာဘဏ်ဓားပြတိုက်မှုမှာဘဏ်မန်နေဂျာဒုဗိုလ်မှုးဟောင်းကိုသေနတ်နဲ့ပစ်သတ်မှုနဲ့ဆွဲချက်တင်ခံထားရတာပါ။သူတို့ဟာတကယ်ပစ်မှုကျူးလွန်သူတွေဖြစ်ချင်မှဖြစ်လိမ့်မယ်။စစ်ကောင်စီကတွေ့တဲ့သူကိုဖမ်းဆီးအမှုဆင်နေကျပဲလေ။တက္ကသိုလ်ကျောင်းသားတော်လှန်ရေးပါမှာဝင်နေသူတွေဆိုတော့အမှုပိုကြီးသွားတာပေါ့။ စစ်ကောင်စီဟာတော်လှန်ရေးလှုပ်ရှားသူတွေကိုဖမ်းဆီးပြီးသေဒဏ်ချမှတ်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေတယ်။ကိုဂျင်မီတို့နောက်ပိုင်းတကယ်ကြိုးမိန့်နဲ့သတ်ဖြတ်မှုတွေလုပ်နေတယ်လို့တော့မကြားမိသေးဘူး။ထောင်ထဲမှာတိုးတိုးတိတ်တိတ်လုပ်နေရင်တော့မပြောတတ်ဘူး။ဒါကြောင့်မတရားသေဒဏ်ချမှတ်ခြင်းခံထားရသူတွေအတွက်အသံများများထွက်ပေးဖို့လိုနေတယ်။

Read moreDetails

နိုဝင်ဘာ ၃၀၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ပွင့်လင်းရာသီရောက်နေပေမယ့်ဖက်ဆစ်စစ်တပ်နဲ့EAOအဖွဲ့တွေကြားထိတွေ့တိုက်ပွဲကြီးတွေသိပ်မတွေ့ရသေးဘူး။ဒီရက်ပိုင်းရှမ်းပြည်မြောက်ပိုင်းမှာစစ်တပ်ကစစ်ကြောင်းထိုးလာလို့ကိုးကန့်အဖွဲ့နဲ့ဖြစ်တဲ့တိုက်ပွဲတွေလောက်ပဲကြားရတယ်။ထိုတိုက်ပွဲတွေမှာလဲစစ်တပ်ဖက်ကငါးဆယ်ကျော်သေဆုံးတယ်လို့သိရတယ်။စစ်တပ်ကိုတိုက်ခိုက်နေတဲ့အခြားနာမည်ကြီးအဖွဲ့ကြီးတဖွဲ့ဖြစ်တဲ့ကချင်ကKIAကတော့အနန့်ပါရွာဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာငြိမ်ချက်သားကောင်းနေတယ်။စစ်ကောင်စီကအရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိဦးစားပေးတိုက်ခိုက်နေတာကြောင့်EAOတွေအနေနဲ့လဲသူတို့ဒေသမထိခိုက်ဖို့ချိန်ဆနေသလားပဲ။ကရင်ပြည်နယ်မှာလဲမြဝတီဝေါလေလမ်းကိုစစ်တပ်ကထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေမှာထုတ်လွှင့်နေချိန်ထိုဒေသကအမာခံKNUတော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ကော်ဘရာစစ်ကြောင်းဖက်ကတော့အသံတိတ်နေတယ်။ဒီရက်ပိုင်းကြားရသိရတာတွေကတော့အားရစရာသိပ်မရှိလှဘူး။

Read moreDetails

ဧရာဝတီမြစ်ဘေး ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးနေကြရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ဧရာဝတီမြစ်ဘေးကျေးရွာများအား ဒီဇင်ဘာ ၇ ရက်မှ စတင်၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။ ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်များမှာ ဧရာဝတီမြစ်အတွင်းမှတဆင့် စက်လှေ၊ မော်တော်များဖြင့်...

Read moreDetails

မြန်မာနိုင်ငံက စစ်ကြောရေးအတွေ့အကြုံတွေကို ပြန်ပြောပြတဲ့တိုရူကူဘိုတာ

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပြီး   ဂျပန်နိုင်ငံကို ချက်ချင်းပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲကို မှတ်တမ်းရိုက်ကူးနေစဥ်မှာ ဖမ်းဆီးခံခဲ့ရပြီး...

Read moreDetails

ခင်ဦးတွင် အရပ်သားများကိုပါ စစ်ကောင်စီက ဆက်တိုက်သတ်ဖြတ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ၉ ရက်ကြာ စစ်ကြောင်းထိုးနေစဉ်တွင် သတ်ဖြတ်သူ ၁၇ ဦးအထိ ရှိလာပြီး ထိုအထဲ၌ကလေး၂ ဦးလည်း ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့် ခင်ဦးမြို့နယ်က...

Read moreDetails

တိုင်းပြည်ရဲ့လားရာ

ဖက်စစ်တပ်မှ 2023 August မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ dateပေးထားတယ်။ယခုချိန်ကနေ လာမယ့် August လအတွင်းဟာ တလရမှာ စစ်ရှိန်အမြင့်ဆုံးကာလဖြစ်လာနိုင်သလို ဒီကာလအတွင်းမှာ နိုင်ငံရေးအရလည်း တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ ဘာတွေဖြစ်လာနိုင်သလဲ မိမိအမြင်ကို နည်းနည်းလောက် ဆဝါးကြည့်ရရင် စဉ်းစားချက်(1) EROsတွေ...

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၂။ (အင်္ဂါ)

အေအေနဲ့စစ်ကောင်စီအပစ်ရပ်ပီးနောက်ပိုင်းကျန်တဲ့EAOတွေလဲခြောက်လအပစ်ရပ်မယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာတယ်။ဖြစ်နိုင်ခြေနည်းပေမယ့်ဒါဟာလဲတော်လှန်ရေးအတွက်သတိထားရမယ့်အချက်တစ်ခုပဲ။အခုလောလောဆယ်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားKNUကလွဲလို့တိုက်ပွဲတွေငြိမ်သက်နေတယ်။အဲ့ဒီလိုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်NUGအနေနဲ့ဘာတွေပြင်ဆင်ထားမလဲ။ကြည့်ရတာတော့ဘာမှပြင်ဆင်ထားပုံမပေါ်ဘူး။ အရှိကိုအရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်ဖက်ဆစ်စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပေမယ့်အခုချိန်ထိအင်အားတောင့်တင်းနေတုန်းပဲ။တော်လှန်ရေးအဖွဲ့တွေကိုတိုက်စစ်မဖွင့်နိုင်တော့ပေမယ့်ခံစစ်ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တယ်။စစ်တပ်ကိုလက်ရှိပုံစံနဲ့အပြုတ်တိုက်ဖို့ဆိုတာထင်သလောက်မလွယ်သေးဘူး။ရခိုင်ကအေအေကိစ္စမှာသိသာတယ်။ အေအေဟာစစ်တပ်အင်အားနည်းနေတယ်လို့ထင်ရတဲ့အချိန်ရခိုင်မှာစစ်မျက်နှာဖွင့်တိုက်စစ်ဆင်ခဲ့တယ်။ဒါပေမယ့်ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။နယ်စပ်တွေမှာစစ်တပ်ရဲ့စခန်းငယ်လေးတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်မောင်တောနဲ့ပလက်ဝလိုမြို့တွေကိုခြိမ်းခြောက်နိုင်တဲ့အနေအထားကိုမရောက်ခဲ့ဘူး။ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့ဗျူဟာကုန်းစခန်းတွေကိုတောင်မသိမ်းပိုက်နိုင်ခဲ့ဘူး။နှစ်လခန့်မီးကုန်ယမ်းကုန်တိုက်ခိုက်ပြီးတဲ့နောက်မှာအေအေအနေနဲ့လက်နက်အင်အားအရင်းအမြစ်ကုန်ခန်းသွားတာကြောင့်အပစ်ရပ်လိုက်တာလို့ယူဆချင်စရာပဲ။စစ်တပ်ကမဆိုင်တဲ့အရပ်ဖက်ကိုပစ်မှတ်ထားတိုက်ခိုက်ပိတ်ဆို့တာတွေလဲပါမှာပေါ့။တကယ်ကရခိုင်ကအရပ်သားတွေရဲ့စစ်ဘေးဒုက္ခဟာစစ်ကိုင်းနဲ့ယှဉ်ရင်မပြောပလောက်သေးဘူး။ဒီတခေါက်တိုက်ပွဲတွေခြားထဲမှာရခိုင်ကရွာတွေမီးတိုက်မခံရသေးဘူး။ဒါကြောင့်အေအေအနေနဲ့အပစ်ရပ်လိုက်တာဟာစစ်တပ်ကိုရင်ဆိုင်ဖို့အချိန်ခါမသင့်သေးဘူးလို့ယူဆထားလို့ဖြစ်နိုင်တယ်။  

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီနဲ့အပစ်ရပ်ကြောင်းအေအေဖက်ကလဲတရားဝင်ကြေငြာသွားပြီ။အရင်တခေါက်ကအတိုင်းဂျပန်နိပွန်ဖောင်ဒေးရှင်းကဆာဆာကာဝါကပဲကြားဝင်ပွဲစားလုပ်ပေးသွားတာပါ။အပစ်ရပ်တယ်ဆိုပေမယ့်လဲနှစ်ဖက်လုံးကတပ်တွေရောက်တဲ့နေရာမှာရပ်ထားပြီးစစ်ဆက်မတိုက်တော့တဲ့သဘောပဲ။နှစ်ဖက်ခိုင်မာတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘူး။အေ‌အေဖက်ကတော့ရခိုင်ပြည်သူတွေကိုငဲ့ပြီးအပစ်ရပ်လိုက်တာလို့ပြောသွားတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ရခိုင်တပြည်နယ်လုံးကိုပိတ်ဆို့ထားပြီးဖြတ်လေးဖြတ်လုပ်ထားတယ်။အကျိုးဆက်အနေနဲ့ရခိုင်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်လာပြီးဆေးဝါးတွေဆိုဝယ်လို့တောင်မရတော့တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်အေအေအနေနဲ့ရခိုင်ပြည်သူတွေသက်သာအောင်အခုလိုဆုံးဖြတ်လိုက်တာလို့သိရတယ်။အခုလောလောဆယ်တော့စစ်တပ်ကရေလမ်းကြောင်းတချို့ဖွင့်ပေးလိုက်ပြီးကုန်းလမ်းတွေကိုတော့ပိတ်ဆို့ထားဆဲပဲ။ အေအေကစစ်တပ်နဲ့အပစ်ရပ်တာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်နေတယ်။အချို့ကအေအေကိုဆဲကြတယ်။တော်လှန်ရေးကိုသစ္စာဖောက်သွားပြီလို့ပြောြကတယ်။တချို့ကတော့အေအေကသူ့လမ်းသူလျှောက်နေတဲ့အတွက်သူအဆင်ပြေသလိုမီးစင်ကြည့်ကမှာပဲလို့ပြောြကတယ်။တကယ်တော့အေအေဟာNUGနဲ့ဘာမှပူးပေါင်းထားတာမဟုတ်ဘူး။ဘာသဘောတူညီချက်မှလဲမယူထားဘူး။သူ့ကံကြမ္မာသူလွတ်လပ်စွာဖန်တီးနိုင်တဲ့အတွက်သူ့ကိုဘာမှသွားပြောလို့မရဘူး။ဘာပဲဖြစ်ဖြစ်အေအေအနေနဲ့ရခိုင်မှာအပစ်ရပ်လိုက်တော့တော်လှန်ရေးအတွက်အားလျော့သွားတာပေါ့။

Read moreDetails
Page 125 of 230 1 124 125 126 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist