စစ်ကောင်စီဟာဒီနှစ်နိုဝင်ဘာလမှာရွှေးကောက်ပွဲပြန်လည်ပြုလုပ်ပေးဖို့ပြည်တွင်းကိုရောပြည်ပကိုပါပြောထားတယ်။ထိုရွှေးကောက်ပွဲအတွက်လူဦးရေစာရင်းပြုစုမှုတွေကိုဒီလ၁၀ရက်နေ့ကနေလကုန်အထိပြုလုပ်လိမ့်မယ်။ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ပြောထားသေးတယ်။ပြည်သူတွေပါဝင်သည်ဖြစ်စေမပါဝင်သည်ဖြစ်စေသိပ်ထူးမယ်မထင်ဘူး။ဘာလို့လဲဆိုတော့စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲဟာသူတို့အာဏာဆက်ထိမ်းထားနိုင်ဖို့အတွက်အရေးကြီးတာမို့မဲလိမ်ပွဲကြီးပဲဖြစ်နေမှာပဲ။ပြည်သူတွေကလဲသိပ်စိတ်မဝင်စားကြပါဘူး။တကမ္ဘာလုံးတရားမျှတပါတယ်လို့အတည်ပြုထားတဲ့၂၀၂၀ရလဒ်ကိုမျက်နှာပြောင်တိုက်ပြီးသူတို့ပဲဖျက်စီးခဲ့တာပဲလေ။အခုလဲနိုင်ငံအများစုကသူတို့ပြုလုပ်မယ့်လာမယ့်ရွှေးကောက်ပွဲကိုလက်မခံဘူးလို့ကြိုတင်ကြေငြာထားတယ်။စစ်ကောင်စီကတော့ထိုရွှေးကောက်ပွဲကိုထွက်ပေါက်တစ်ခုအဖြစ်သဘောထားနေတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။