မနေ့ကပြောခဲ့တဲ့စစ်ကောင်စီအတွက်နိုင်ငံတကာရဲ့ထိုးနှက်မှုကြီးဆိုတာကိုသုံးပိုင်းခွဲပြီးပြောရမယ်။
ပထမဆုံးကအာဆီယံအလှည့်ကျဥက္ကဌကအင်ဒိုနီးရှားဖြစ်လာတာပဲ။အင်ဒိုနီးရှားဟာအာဆီယံမှာအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တယ်။စစ်ကောင်စီကိုသဘောမကျတဲ့အာဆီယံနိုင်ငံတွေထဲမှာထိပ်ဆုံးကပါတယ်။စစ်အာဏာသိမ်းမှုကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့အင်ဒိုနီးရှားဟာသူအလှည့်ကျဥက္ကဌဖြစ်လာတဲ့အချိန်မှာအရင်ဘရူနိုင်းနဲ့ကမ္ဘောဒီးယားတို့လို့မဟုတ်ပဲမြန်မာ့အရေးကိုထိထိရောက်ရောက်ကိုင်တွယ်တော့မယ်လို့ယူဆရတယ်။ပြီးခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာလဲစစ်ကောင်စီကိုအချိန်သတ်မှတ်ပေးဖို့၊ဝန်ကြီးအဆင့်တခြားဘယ်အစည်းအဝေးကိုမှပေးမတက်ဖို့ပြောလာတယ်။ဒါကြောင့်၂၀၂၃ထဲမှာစစ်ကောင်စီဟာအာဆီယံကိုအရင်လိုအရူးလုပ်လို့မရတော့ဘူး။ဒါဟာစစ်ခေါင်းဆောင်တွေအတွက်ထိုးနှက်ချက်တစ်ခုပဲ။
ဒုတိယတစ်ခုကတော့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ပဲ။မြန်မာ့သမိုင်းမှာဘယ်တုန်းကမှမရှိခဲ့တဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာအခုစစ်ခေါင်းဆောင်တွေလက်ထက်ကျမှဖြစ်ပေါ်လာခဲ့တယ်။ဒါဟာသူတို့ဘယ်လောက်မိုက်မဲနေကြောင်းပြသလိုက်တာပဲ။အခုလောလောဆယ်တော့ထိုဆုံးဖြတ်ချက်မှာအရေးယူမှုတွေမပါသေးပေမယ့်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ကိုင်တွယ်ဖို့လမ်းစတစ်ခုစတင်ဖြစ်ပေါ်လာတယ်လို့ပြောလို့ရတယ်။စစ်ခေါင်းဆောင်တွေဆက်လက်မိုက်မဲနေမယ်ဆိုရင်တော့မြန်မြန်ဇာတ်သိမ်းသွားနိုင်တယ်။
နောက်ဆုံးတစ်ခုကတော့ US NDAA ပါ။ဒီနှစ် US NDAAမှာBurma Acts ဥပဒေတစ်ခုလုံးကိုထည့်သွင်းထားပြီးဒီမိုကရေစီဘက်တော်သားတွေအတွက်လက်နက်ကလွဲလို့ကျန်တာအားလုံးနီးပါးထောက်ပံပေးဖို့ပါဝင်လာတယ်။အပေါ်ကထိုးနှက်ချက်နှစ်ခုဟာချက်ချင်းလက်ငင်းစစ်ကောင်စီအပေါ်သက်ရောက်မှုမရှိသေးပေမယ့်ဒီတစ်ခုကတော့ရက်ပေါင်းခြောက်ဆယ်အတွင်းစတင်အသက်ဝင်မှာဖြစ်တယ်။ပြီးတော့အကူအညီတွေဟာမြေပြင်ကိုတိုက်ရိုက်ရောက်ရှိလာမှာဖြစ်ပြီးတော်လှန်ရေးအတွက်အကျိုးသက်ရောက်မှုကကြီးမားတယ်။ဒါကြောင့်ဒီတစ်ခုကိုတော့စစ်ကောင်စီကအကြောက်ဆုံးပဲ။ဒါပေမယ့်စစ်ကောင်စီအနေနဲ့ဘာမှတန်ပြန်လို့မရနိုင်ဘူး။
ဒီထိုးနှက်ချက်ကြီးတွေဟာနိုင်ငံရေးအရစစ်ကောင်စီကိုအရှိုက်ထိုးလိုက်တာပဲ။ဒီအချိန်မှာပြန်လည်ကုစားဖို့ဆိုတာသူတို့အတွက်ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ဒီမိုကရေစီဘက်တော်သားတွေအတွက်တော့အားဆေးတွေရလိုက်သလိုပဲ။ဒါကြောင့်တော်လှန်ရေးဟာအခုမှစတာလို့ပြောလို့ရတယ်။