LATEST STORIES

ဒီဇင်ဘာ ၁၉၊ ၂၀၂၂။ (တနင်္လာ)

ကရင်ပြည်နယ်ကောကရိတ်နဲ့မြဝတီမြို့ကြားအာရှလမ်းမကြီးအနီးမှာစစ်ကောင်စီနဲ့KNUတပ်တွေတိုက်ပွဲပြင်းထန်နေတယ်။ဒီလဆန်းပိုင်းကကော့ကရိတ်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရင်းဌာနချုပ်ကိုပူးပေါင်းအဖွဲ့တွေသွားရောက်တိုက်ခိုက်လို့စစ်ကောင်စီတပ်တွေအထိနာအပြီးမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာတယ်။ထိုတပ်ရင်းကိုပူးပေါင်းအဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်စခန်းထဲကစစ်သားမိန်းမအမျိုးသမီးတွေပါသေဆုံးမှုတွေရှိခဲ့တယ်။စစ်ကောင်စီတပ်တွေဟာအင်အားမလုံလောက်မှုကြောင့်နောက်တန်းစခန်းတွေမှာစစ်သားမိန်းမတွေကိုပါလက်နက်ကိုင်ဆောင်ခိုင်းပြီးကင်းစောင့်ခိုင်းနေတယ်။သူတို့ရဲ့နောက်တန်းတပ်ရင်းစခန်းတွေပါတိုက်ခိုက်ခံလာရတာကြောင့်စစ်ကောင်စီတပ်တွေဟာအင်အားအမြောက်အမြားတိုးပြီးထိုဒေသကိုနယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတယ်။ဒါပေမယ့်လဲထိုနယ်မြေဟာKNUနယ်မြေဖြစ်တဲ့အတွက်ထင်သလောက်တိုးမပေါက်ခဲ့ဘူး။တိုက်ပွဲတွေကြောင့်အာရှလမ်းမကြီးကိုပြန်လည်ပိတ်ထားရတယ်။လမ်းမပေါ်ကတံတားတစ်စင်းလဲအချိုးခံထားရတယ်။ကုန်ကားတွေနဲ့ခရီးသည်တင်ကားတွေလဲသွားလာလို့မရတော့ပဲပိတ်မိနေကြတယ်။ဒီပုံအတိုင်းဆိုထိုဒေသမှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်ပွားလာတာနဲ့အမျှထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးဟာလဲမကြာခဏရပ်တန့်နေမဲ့သဘောရှိတယ်။

Read moreDetails

ဒီဇင်ဘာ ၁၈၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကစစ်တပ်ရဲ့လေတပ်စခန်းကိုရှော့တိုက်ဒုံးငါးလုံးနဲ့အပစ်ခံရတယ်။လေယာဉ်တွေထိခိုက်ပျက်စီးမှုမရှိပေမယ့်စခန်းထဲကလူတချို့ထိခိုက်မှုရှိတာတော့သေချာတယ်။လူနာတင်ကားတွေအများကြီးတိုက်ခိုက်ခံရတဲ့လေတပ်ထဲဝင်သွားတယ်လေ။ရန်ကုန်ကစစ်တပ်လေတပ်စခန်းဆိုတာတော်ရုံတိုက်ခိုက်ဖို့မလွယ်ဘူး။ထိုအနေအထားမျိုးမှာတော်လှန်ရေးအဖွဲ့တွေဘက်ကရတဲ့နည်းနဲ့တိုက်ခိုက်ခဲ့တယ်။စစ်ကောင်စီရဲ့လေကြောင်းရန်ကိုလေပေါ်မှာမကာကွယ်နိုင်ရင်လေပေါ်မတက်ခင်ဖျက်စီးရမယ့်ဗျူဟာကိုအကျိုးရှိအောင်အသုံးချနိုင်ရမယ်။ ကရင်ပြည်နယ်မှာလဲစစ်ကူသွားဖို့စေခိုင်းခံရတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံးအမိန့်ဖီဆန်လို့တပ်ရင်းမှုးနဲ့တကွတပ်ရင်းခေါင်းဆောင်အရာရှိတွေဖမ်းဆီးလိုက်တယ်လို့သိရတယ်။KNUတပ်မဟာ၅မှာရှိတဲ့အဝိုင်းခံနေရတဲ့စစ်ကောင်စီရဲ့မဲဝိုင်းစစ်စခန်းကိုစစ်ကူပို့လွှတ်ဖို့စေခိုင်းရမှာထိုတပ်ရင်းကမသွားချင်လို့အမိန့်ဖီဆန်ခဲ့တာပါ။စစ်ကူသွားလဲသေမယ့်အတူတူထောင်ကျခံလိုက်တာမှကောင်းဦးမယ်လို့တွေးကုန်ကြပြီနဲ့တူတယ်။KNUတပ်မဟာ၅နယ်မြေမှာတော့စစ်ကောင်စီတပ်တွေအတော်တပ်ပျက်နေပြီလို့ကြားတယ်။

Read moreDetails

သမိုင်းကို ကိုယ်တိုင်ရေးနိုင်ဖို့

မြစ်ကြီးနားမှာ စောက်ပုက ဘာပြောသတုန်းဆိုတော့ သူအာဏာသိမ်းခါစ ဘယ်နိုင်ငံကမှ မကူညီလို့ အရမ်းဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ပြောပြတယ်၊ “အဲဒါတွေပြောပြရင် ခင်ဗျားတို့ မျက်ရည်ပါကျသွားမယ်” ဆိုပဲ။ ကိုယ်ကတော့ မျက်ရည်တင်မကဘူး သုတ်ရည်တွေပါထွက်ပြီး အလိုအလျောက် သူ့ပါးစပ်ထဲတန်းထည့်လိုက်မိမှာပဲ။ သို့သော်လည်းဒါဟာ ရယ်မောစရာတော့ မဟုတ်ဘူး။...

Read moreDetails

ဒီဇင်ဘာ ၁၇၊ ၂၀၂၂။ (စနေ)

ပြီးခဲ့တဲ့ရက်ပိုင်းကရှမ်းပြည်နယ်ထဲမှာTLNAနဲ့စစ်သူပုန်တွေဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွက်စစ်ကောင်စီကသတင်းထုတ်ပြန်တယ်။ထိုတိုက်ပွဲဟာTLNAကိုမရည်ရွယ်ကြောင်း၊ထိုဒေသကPDFတွေကိုတိုက်ခိုက်တာဖြစ်ကြောင်း၊TLNAနဲ့နားလည်မှုလွဲတာဖြစ်ကြောင်းတွေပါလာတယ်။တိုက်ပွဲအတွင်းသိမ်းပိုက်ရရှိတဲ့လက်နက်တွေဆိုပြီးသတင်းဓာတ်ပုံတွေတောင်ထုတ်ပြန်လိုက်သေးတယ်။သူတို့အဲ့ဒီလိုအလိမ်အညာတွေထုတ်ပြန်နေချိန်မှာထိုတိုက်ပွဲတွေမှာသေဆုံးသွားတဲ့စစ်သူပုန်အလောင်းတွေပုံထားတဲ့ဗီဒီယိုဖိုင်ကနေရာအနှံပြန့်နှံနေပြီ။အတော်ရယ်စရာကောင်းတဲ့စစ်ကောင်စီပဲ။သူတို့ပြောတဲ့လည်မှုလွှဲတယ်ဆိုတာတပတ်နီးပါးလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူတွေအသည်းအသန်သုံးခဲ့ရတာကိုပြောတာလားမသိဘူး။ပြီးတော့ထိုဒေသဟာTLNAထိန်းချုပ်နယ်မြေဖြစ်ပြီးဘာPDFမှမရှိဘူး။သူတို့တပ်တွေခွေးသေဝက်သေသေပြီးခွေးပြေးဝက်ပြေးပြေးခဲ့ရတာတွေကိုဖုံးဖိချင်လို့အဓိပ္ပါယ်မရှိတဲ့သတင်းထုတ်ပြန်ချက်အလိမ်အညာတွေထုတ်ပြန်နေတာပါ။ကြားရသူအားလုံးကတော့ဟာသပျက်လုံးတစ်ခုအနေနဲ့သာမှတ်ယူကြတယ်။တကယ်ကစစ်ကောင်စီဟာဒီလိုအရှက်မရှိတဲ့သတင်းတွေထုတ်ပြန်နေရတာကသူ့တပ်ထဲကတဖက်ပိတ်တွေအတွက်သာဖြစ်တယ်။စစ်တပ်ထဲကတပ်သားတွေမြေပြင်ကတိုက်ပွဲသတင်းတွေကိုအမှန်အတိုင်းသိရှိသွားရင်မြန်မြန်တပ်ပျက်မှာပဲ။

Read moreDetails

ဒီဇင်ဘာ ၁၆၊ ၂၀၂၂။ (သောကြာ)

UNကမြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးနေရာမှာဦးကျော်မိုးထွန်းကိုပဲဆက်လက်ထားရှိဖို့အတည်ပြုလိုက်တယ်။စစ်ကောင်စီအဆိုပြုထားတဲ့သူကတော့မနှစ်ကအတိုင်းပယ်ချခံရတယ်။ထိုဆုံးဖြတ်ချက်ချမှတ်ဖို့ရုရှားကနှောက်ယှက်မှာစိုးတာကြောင့်နှောင့်နှေးခဲ့ရတာပါ။ဒီလိုဆိုရင်UNမှာပြည်သူ့ဘက်တော်သားအဖြစ်ဦးကျော်မိုးထွန်းဟာ၂၀၂၃တစ်နှစ်လုံးဆက်လက်ရှိနေလိမ့်မယ်။ဒီလထဲမှာပဲကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ဆွေးနွေးပွဲတစ်ခုလဲရှိသေးတယ်။ကမ္ဘောဒီးယားကတာဝန်ယူထားတဲ့မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်ရဲ့နောက်ဆုံးအကြိမ်အဖြစ်မြန်မာပြည်ကိုလာရောက်ဖို့စီစဉ်ထားတဲ့ခရီးစဉ်လဲပျက်ပျယ်သွားပြီ။ထိုခရီးဖြစ်လာလဲဘာမှထူးခြားမှာမှမဟုတ်တာပဲ။စစ်ကောင်စီအတွက်ကတော့နိုင်ငံတကာဖိအားတွေဆက်တိုက်ရင်ဆိုင်ရလာနိုင်ဖို့ပဲရှိမယ်။

Read moreDetails

ဒီဇင်ဘာ ၁၅၊ ၂၀၂၂။ (ကြာသပတေး)

KIAဗိုလ်ချုပ်ကြီးဂွမ်မော်ကကချင်ပြည်သူတွေတော်လှန်ရေးနဲ့တစ်သားထဲရှိကြောင်းထပ်လောင်းပြောကြားလိုက်တယ်။NUGနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်နေပြီးဒီနွေဦးတော်လှန်ရေးအောင်မြင်မယ်လို့လဲအတည်ပြုသွားတယ်။ကချင်ခေါင်းဆောင်တွေတာဝန်ရှိသူတွေဟာမီဒီယာတွေရှေ့မှာပေါ်ပေါ်ထင်ထင်ပြောဆိုမှုတွေပြုလုပ်တာမျိုးရှားပါတယ်။ဗိုလ်ချုပ်ဂွမ်မော်ရဲ့စကားတွေကြားရတာအားတက်စေတယ်။ တောင်ပိုင်းမှာလဲစစ်တပ်ရဲ့လက်နက်တွေသယ်လာတဲ့ရထားတစ်စင်းမော်လမြိုင်မြို့နားမှာဖောက်ခွဲခံလိုက်ရတယ်။ကုန်တင်ရထားဖြစ်တဲ့အတွက်ခရီးသည်တွေတော့ပါမလာပါဘူး။စစ်တပ်ကလက်နက်ရိက္ခာပို့ဖို့အတွက်ရထားလမ်းတွေကိုအသုံးပြုနေလို့ဖောက်ခွဲရတာလို့KNUဘက်ကသတင်းထုတ်ပြန်တယ်။

Read moreDetails

စစ်ပွဲပဋိပက္ခကြားက အမေတွေ

“သွေးတွေကဆင်းနေတာ၊ လှည်းကဆောင့်တဲ့ အခါကျတော့ မိန်းမကိုယ်က နာတာ။ ဖြစ်သလို စောင်ကို ထူထူ ခင်းထိုင်ပြီးလိုက်ရတာ” လို့ မအေးက ရွာဘက်ကို စစ်ကြောင်းတွေ ဝင်လာလို့ နွားလှည်းနဲ့ ထွက်ပြေးရတဲ့ ဖြစ်ရပ်ကို ပြန်ပြောပြနေတာပါ။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်...

Read moreDetails

ဒီဇင်ဘာ ၁၄၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ဒီရက်ပိုင်းအတွင်းမှာ တောင်ပိုင်းတနင်္သာရီတိုင်း စစ်ရေးလည်းအတော်လေးလှုပ်လှုပ်ရှားရှား ရှိလာနေတာကို တွေ့နေရတယ်။ဒီနောက်ပိုင်း မြင်နေရတာဆိုရင်တနင်္သာရီတိုင်းတွင်း PDF LDF ပူးပေါင်းပြီး မဟာမိတ်စစ်ရေးတွေလုပ်လာနိုင်တာတွေ အားရတယ်။   ရှေ့ရက်တွေကဆို ထားဝယ်ခရိုင်PDF LDF ၇ ဖွဲ့ ပူးပေါင်းပြီးလောင်းလုံးမြို့နယ် မောင်းမကန် ရဲစခန်းအပါ...

Read moreDetails

ဒီဇင်ဘာ ၁၃၊ ၂၀၂၂။ (အင်္ဂါ)

ရှမ်းပြည်နယ်မြောက်ပိုင်းကTLNAစခန်းကိုလေကြောင်းကဝင်စီးတဲ့စစ်ကောင်စီတပ်တွေတပ်လုံးပြုတ်သေဆုံးကုန်တယ်လို့နောက်ဆုံးသိရတယ်။ထိုဒေသမှာငါးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ပထမရက်တွေမှာစစ်ကောင်စီတပ်တွေဟာTLNAစခန်းကိုလေကြောင်းချီတပ်တွေနဲ့အလွယ်တကူဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်လို့ထင်ခဲ့တယ်။ဒါကြောင်းရဟတ်ယာဉ်တွေနဲ့အင်အားတစ်ရာလောက်နဲ့ကနဦးဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ဒါပေမယ့်မြေပြင်ရောက်ရောက်ချင်းမှာပဲTLNAတပ်တွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကိုမရှုမလှခံလိုက်ရတယ်။စစ်ကောင်စီတပ်တွေအခြေအနေမကောင်းတာကြောင်းလေကြောင်းကနေနောက်တစ်သုတ်စစ်ကူအင်အားငါးဆယ်ခန့်ထပ်ဖြည့်ပေးသေးတယ်။ထိုအင်အားတွေအကုန်လုံးTLNAတပ်တွေအလယ်မှာပိတ်မိနေတာကြောင့်လက်နက်ကြီးရောလေကြောင်းပစ်ကူတွေပါအဆမတန်ပေးခဲ့တယ်။တိုက်လေယာဉ်နဲ့လာရောက်တိုက်ခိုက်မှုဆိုရင်အကြိမ်လေးဆယ်ခန့်တောင်ရှိခဲ့တယ်။ဒါပေမယ့်ငါးရက်တာတိုက်ပွဲတွေအပီးမှာထိုစစ်ကောင်စီတပ်တွေအကုန်လုံးမဖောက်ထွက်နိုင်ပဲထိုနေရာမှာတင်အတုံးအရုန်းသေဆုံးကုန်ကြတယ်။ စစ်ကောင်စီဟာစစ်ကိုင်းမှာအောင်မြင်ခဲ့တဲ့လေကြောင်းချီအလစ်အငိုက်စစ်ဆင်ရေးမျိုးကိုEAOအဖွဲ့တွေကိုတိုက်ခိုက်ရမှာလဲအဆင်ပြေလိမ့်မယ်လို့ယူဆခဲ့ပုံပဲ။တကယ်တမ်းမှာတော့အတွေ့အကြုံနဲ့လက်နက်အင်အားအပြည့်အစုံရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့တော့မရှုမလှလည်စင်းခံလိုက်ရတာပဲ။ဒီဖြစ်ရပ်ကိုနမူနာယူပြီးအညာဒေသမှာလဲစစ်ကောင်စီရဲ့လေကြောင်းကဝင်ရောက်စီးနင်းမှုမျိုးကိုတတ်နိုင်သလောက်ပြင်ဆင်ထားသင့်တယ်။အညာဒေသမှာလက်နက်အင်အားမတောင့်တင်းသေးပေမယ့်လဲစုဖွဲ့မှုကောင်းကောင်းနဲ့ပြန်လည်ရင်ဆိုင်နိုင်ရင်စစ်သူပုန်တွေထင်တိုင်းကြဲနိုင်တော့မှာမဟုတ်ဘူး။

Read moreDetails

ဒီဇင်ဘာ ၁၂၊ ၂၀၂၂။ (တနင်္လာ)

အကြမ်းဖက်စစ်တပ်ဟာတိုင်းရင်းသားနယ်မြေတွေရေးမလှပေမယ့်စစ်ကိုင်းတိုင်းထဲမှာတော့ရွာစဉ်လှည့်ပြီးမီးရှို့ဖျက်စီးနေဆဲပါပဲ။စစ်ကိုင်းတိုင်းထဲကရေဦး၊ခင်ဦး၊ဒီပဲယင်း၊ဝက်လက်၊ထီးချိုင့်စတဲ့မြို့နယ်တွေထဲကရွာတွေတစ်ခုမှမကျန်အောင်ဖျက်စီးနေတယ်။စာရင်းတွေအရပြီးခဲ့တဲ့လထဲမှာတစ်နေ့ကိုအနည်းဆုံးအိမ်ခြေတစ်ရာခန့်မီးရှို့ဖျက်စီးခံခဲ့ရတယ်။နိုဝင်ဘာလဟာစစ်ကိုင်းထဲမှာဒုတိယအများဆုံးဖျက်စီးခံရတဲ့လဖြစ်လာတယ်။ပွင့်လင်းရာသီရောက်လာပြီဆိုတော့စစ်သူပုန်တွေဟာစိတ်တိုင်းကျအကြမ်းဖက်လာနိုင်တယ်။ဒေသခံကာကွယ်ရေးတပ်တွေကနိုင်သလောက်ခုခံကာကွယ်နေပေမယ့်လက်နက်အင်အားမပြည့်စုံမှုကြောင့်ထိရောက်မှုမရှိသလောက်ပဲ။ကြာရင်စစ်ကိုင်းတိုင်းထဲမှာရွာတွေကျန်တော့မယ်မထင်ဘူး။

Read moreDetails
Page 128 of 235 1 127 128 129 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist