LATEST STORIES

ဒီဇင်ဘာ ၁၁၊ ၂၀၂၂။ (တနင်္ဂနွေ)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုNLDပါတီဝင်နှစ်ဦးနဲ့စစ်ကောင်စီကပေးတွေ့ပါတယ်။ထိုNLDပါတီဝင်နှစ်ဦးဟာရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်းနဲ့ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်တို့ဖြစ်ပြီးစစ်ကောင်စီဖက်ကိုဘက်ပြောင်းသွားသူတွေပါ။သူတို့နှစ်ဦးဟာစစ်ကောင်စီရဲ့စေခိုင်းချက်အရလာမယ့်အတုအယောင်ရွှေးကောက်ပွဲမှာNLDပါတီဝင်ရောက်ယှဉ်ပြိုင်ဖို့အမေစုကိုခွင့်တောင်းခဲ့ပါတယ်။အမေစုကတော့ပြတ်ပြတ်သားသားပဲခွင့်မပြုတဲ့အကြောင်းနဲ့နောက်တစ်ခါလာမတွေ့ဖို့ပါပြောလိုက်တယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ဒီတခေါက်စစ်ကောင်စီဘယ်လိုအပျော့ဆွဲညှိုနှိုင်းမှုမျိုးကိုမှလက်ခံတော့မယ်မထင်ဘူး။သူမဟာတော်လှန်ရေးအတွက်သူမရဲ့မှတ်ချက်ကိုဒေါက်တာရှောင်တာနယ်ကတဆင့်သတင်းစကားပါးခဲ့သေးတယ်။ဒီမိုကရေစီမှာပါဝင်နေတဲ့လူငယ်တွေအားလုံးအတွက်ဂုဏ်ယူနေတယ်လို့ပြောခဲ့တယ်။သူမရဲ့မှတ်ချက်ကိုအခုဆိုရင်တကမ္ဘာလုံးသိရှိသွားခဲ့ပါပြီ။

Read moreDetails

ကောလင်းမှရွာငါးရွာကို စစ်တပ်ဝင်စီး၊ ဒေသခံအချို့ လူမဆန်စွာသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှ ရွာငါးရွာကို စစ်တပ်က ယခုရက်ပိုင်းအတွင်း သုံးရက်ဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ရာ အိမ်အလုံး ၂၀၀ ကျော် မီးရှို့ခံရသည့်အပြင် ဒေသခံအချို့လည်း လူမဆန်စွာ သတ်ဖြတ်ခံရသည်။ ဝင်ရောက်စီးနင်းခဲ့သည့်တပ်မှာ မကြာမီရက်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ...

Read moreDetails

ဒီဇင်ဘာ ၁၀၊ ၂၀၂၂။ (စနေ)

ပြီးခဲ့တဲ့လထဲမှာEAOတွေငြိမ်ချက်သားကောင်းနေတယ်လို့ပြောမိလို့လားမသိဘူးဒီလမှာတော့လဆန်းပိုင်းကတည်းကတိုင်းရင်းသားနယ်မြေတွေမှာခုခံစစ်ရောနယ်မြေသိမ်းစစ်ရောတိုက်ပွဲတွေအပြင်းအထန်ကိုဖြစ်ပွားနေတယ်။ပထမကယား(KNDF)နဲ့ကရင်(KNU)မှာ၊ပြီးတော့ကချင်(KIA)၊တဆက်ထဲမှာပဲရှမ်းမြောက်မှာMNDAA နဲ့TLNAစတဲ့EAOတွေနဲ့စစ်ကောင်စီတပ်တို့အပြင်းအထန်ကိုတိုက်ခိုက်နေကြတယ်။ကယားနဲ့ကရင်မှာတော့နယ်မြေသိမ်းပွဲတွေပေါ့။ကျန်တဲ့ဒေသတွေမှာတော့စစ်တပ်ကစစ်ကြောင်းထိုးလာလို့ခုခံစစ်ဆင်နွဲနေကြတာပါ။TLNAနဲ့နမ့်ဆန့်မြို့နားကတိုက်ပွဲဆိုဒီနေ့အပါအဝင်သုံးရက်ဆက်တိုက်ဖြစ်နေပြီ။TLNAတပ်ဖွဲ့တွေရှိနေတဲ့ရွာကိုလေကြောင်းကရဟတ်ယာဉ်နဲ့ဝင်စီးတဲ့စစ်ကောင်စီတပ်တွေဟာဝိုင်းဝန်းပိတ်ဆို့ခံနေရလို့တိုက်စစ်ကနေခံစစ်ဖြစ်သွားပြီးဖောက်ထွက်ဖို့ကြိုးစားနေရတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအမြောက်အများသုံးနေပေမယ့်အခြေအနေကတော့သိပ်မဟန်လှဘူး။စစ်တပ်ရဲ့ရဟတ်ယာဉ်တစ်စီးတောင်အပစ်ခံပြီးပျက်မကျပေမယ့်သုံးမရအောင်ပျက်စီးသွားတယ်။ကျန်တဲ့ဒေသတွေမှာလဲစစ်ကောင်စီတပ်တွေအရေးမသာပဲအကျအဆုံးများစွာရှိနေတယ်။

Read moreDetails

ဒီဇင်ဘာ ၀၉၊ ၂၀၂၂။ (သောကြာ)

US NDAA အကြောင်းပြောရရင်ဒီနှစ်မှာတော့အမေရိကန်အစိုးရဟာမြန်မာ့အရေးကိုပိုမိုအာရုံစိုက်လာတယ်။ဒါဟာလဲစစ်ကောင်စီဟာရုရှားနဲ့အလွန်နီးကပ်သွားတာတွေလဲပါမှာပေါ့။ဒီလိုသာတကယ်ဖြစ်လာရင်စစ်ကောင်စီဟာကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ဒီနှစ်မှာတော့ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကိုလက်နက်ကလွဲလို့ငွေကြေးနည်းပညာအကူအညီတွေပေါ်ပေါ်ထင်ထင်ပေးသွားမယ့်သဘောရှိတယ်။ဒါပေမယ့်အဓိကလိုနေတာကလက်နက်ပဲလေ။ဘာပဲဖြစ်ဖြစ်တိုးတက်မှုရှိလာတယ်လို့ပြောရမှာပဲ။ရသလောက်တော့ယူရမှာပဲ။ စိတ်ထဲမရှင်းတာတစ်ခုတော့ရှိတယ်။မနှစ်ကလဲ US NDAAမှာNUGနဲ့ EAOတွေကိုဒေါ်လာသန်း၁၃၀ကျော်ထောက်ပံ့မယ်လို့ကြေငြာသွားတယ်။ပီးတော့ဘာမှထပ်မသိရတော့ဘူး။အဲ့ဒီငွေတွေကိုတကယ်ရောရလိုက်ရဲ့လား၊ရရင်လဲဘယ်နေရာတွေမှာအသုံးပြုလိုက်လဲဘယ်သူမှတရားဝင်ထုတ်ပြန်ကြေငြာတာမတွေ့ရဘူး။‌ဒေါ်လာသန်း၁၃၀ကျော်ဆိုတာတော်လှန်ရေးအတွက်နည်းတဲ့ပမာဏတော့မဟုတ်ဘူး။လူအတော်များများဒီအချက်ကိုသတိမထားမိကြဘူး။ဒီတခေါက်လဲအဲ့လိုပဲပေးသာပေး၍မရအစပျောက်ဖြစ်သွားမှာကိုတော့စိုးရိမ်မိတယ်။

Read moreDetails

ဒီဇင်ဘာ ၀၈၊ ၂၀၂၂။ (ကြာသပတေး)

စစ်တပ်ကိုပိုမိုအရေးယူဒဏ်ခတ်ရန်နဲ့မြန်မာ့ဒီမိုကရေစီအရေးကိုပံ့ပိုးကူညီရန်အချက်တွေပါဝင်တဲ့US NDAAဥပဒေကြမ်းကိုအမေရိကန်အောက်လွတ်တော်ကအတည်ပြုလိုက်တယ်။ထိုဥပဒေထဲမှာBurma Actဥပဒေတစ်ခုလုံးကိုပါထည့်သွင်းထားတယ်လို့သိရတယ်။အောက်လွတ်တော်ကအတည်ပြုပြီးရင်အထက်လွတ်တော်ကိုဖြတ်ပြီးနောက်ဆုံးသမ္မတဘိုင်ဒန်လက်မှတ်ထိုးပြီးရင်တော့အတည်ဖြစ်လာမယ်။ ထိုဥပဒေထဲမှာမြန်မာ့အရေးအတွက်အဓိကအချက်တွေအနေနဲ့စစ်ကောင်စီရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကိုပိတ်ဆို့ဖို့ဖြစ်လာလိမ့်မယ်။တခြားသက်ဆိုင်တဲ့ပိတ်ဆို့မှုတွေလဲပါလာလိမ့်မယ်။ဒီမိုကရေစီဖက်တော်သားတွေအတွက်တော့တစ်နှစ်ကိုဒေါ်လာသန်းငါးဆယ်နဲ့ငါးနှစ်စာရန်ပုံငွေတွေချမှတ်ပေးလိမ့်မယ်။လူသားချင်းစာနာမှုအကူအညီဒေါ်လာသန်း၂၂၀ပေးသွားဖို့လဲပါဝင်တယ်။အရေးအကြီးဆုံးအချက်အနေနဲ့ကEAOPDFတွေကိုလက်နက်မဟုတ်တဲ့နည်းပညာအကူအညီတွေပေးသွားမယ်။မနှစ်ကNDAAဥပဒေထပ်စာရင်တိုးတက်မှုရှိလာတယ်လို့ပြောလို့ရတယ်။ထိုဥပဒေဟာဒီလမကုန်ခင်အတည်ဖြစ်မယ်လို့ယူဆရတယ်။

Read moreDetails

ဒီဇင်ဘာ ၀၇၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲတဂျိမ်းဂျိမ်းနဲ့ဆော်နေကြပြီ။ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့TLNAထိန်းချုပ်ရာနယ်မြေထဲကရွာတစ်ရွာကိုစစ်တပ်ကလေကြောင်းကနေအလစ်အငိုက်ဝင်စီးတယ်။ထိုရွာမှာTLNAထိပ်တန်းခေါင်းဆောင်တွေရှိနေတယ်လို့ယူဆပြီးရဟတ်ယာဥ်ငါးစီးနဲ့အင်အားနှစ်ရာခန့်သုံးပြီးဝင်ရောက်တိုက်ခိုက်တာပါ။ဒါပေမယ့်ထိုနယ်မြေဟာTLNAနယ်မြေဖြစ်တဲ့အတွက်စစ်တပ်ရဲ့လျှပ်တပြက်ထိုးစစ်ဟာအရာမရောက်ပဲပြန်အဝိုင်းခံလိုက်ရတယ်။စစ်သူပုန်တွေအတွက်ကတော့ကံဆိုးတာပဲ။မနေ့ကတည်းကအခုချိန်ထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်သူပုန်တွေပိတ်မိနေတယ်။မြောက်ပိုင်းအဖွဲ့တွေထဲမှာTLNAဟာစစ်တပ်နဲ့တိုက်ပွဲကြီးတွေဖြစ်လေ့မရှိဘူး။အခုတကြိမ်မှာတော့စစ်တပ်ကရန်စလာတာကြောင့်အခြေအနေတွေအတော်ပြင်းထန်မယ့်သဘောရှိတယ်။ တရုတ်နယ်စပ်မြို့လေးဖြစ်တဲ့ချင်းရွှေဟော်ဘက်မှာလဲစစ်တပ်နဲ့မြောက်ပိုင်းကနောက်EAOတဖွဲ့ဖြစ်တဲ့MNDAAတို့နှစ်ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားနေတယ်။လောက်ကိုင်မြို့ပေါ်မှာတောင်ပြည်သူတွေရုတ်ရုတ်သဲသဲဖစ်နေကြပြီ။မြို့သိမ်းတိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းကြောင့်မြို့ပေါ်အလုပ်သမားတွေအစုလိုက်အပြုံလိုက်မြို့ကိုစွန့်ခွာနေကြတယ်။တကယ်ဖြစ်လာရင်တော့ပွဲကြီးပွဲကောင်းပဲ။

Read moreDetails

ဒီဇင်ဘာ ၀၆၊ ၂၀၂၂။ (အင်္ဂါ)

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ဖက်မှာစစ်ကောင်စီတပ်တွေနဲ့KIA၊PDFတွေအကြားတိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်ကောင်စီတပ်သားသုံးယောက်ကိုKIAကဖမ်းဆီးလိုက်တာကြောင့်စစ်တပ်ကအင်အား၂၀၀ခန့်နဲ့စစ်ကြောင်းထိုးလာတာဖြစ်တယ်။ကချင်ပြည်နယ်မှာတော့ဖားကန့်ဒေသဟာတိုက်ပွဲတွေနဲ့အတော်နေသားကျနေပြီ။လောလောဆယ်မှာဖားကန့်မြို့တဝိုက်ကိုKIA၊PDFတွေကထိန်းချုပ်ထားပြီးစစ်တပ်ကတော့မြေပြင်မှာစိုးမိုးမှုသိပ်မရှိတော့ပဲလေကြောင်းကဗုံးကြဲတာနဲ့လက်နက်ကြီးနဲ့ရမ်းပစ်တာသာလုပ်တော့တယ်။စစ်ကြောင်းထိုးရင်းလဲရမ်းသမ်းပြီးထိုးနေရတယ်။ ထို့အတူကရင်ပြည်နယ်မှာလဲKNUတပ်မဟာ၁နဲ့တပ်မဟာ၃နယ်မြေတွေမှာစစ်တပ်ကထိုးစစ်တွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။နာမည်ကြီးတပ်မဟာ၅ကတော့မနေ့ကပဲစစ်ကောင်စီတပ်စခန်းသုံးခုကိုတပြိုင်နက်တိုက်ခိုက်နေတယ်။ထိုအထဲမှစခန်းတစ်ခုကိုသိမ်းပိုက်ရရှိပြီးကျန်စခန်းတွေကိုသိမ်းနိုင်ဖို့ဆက်လက်ကြိုးစားနေတယ်။နေ့စဥ်နဲ့အမျှတိုက်ပွဲဖြစ်ပွားနေတဲ့ကရင်ပြည်နယ်မှာတော့KNUကတဖြည်းဖြည်းစစ်ရှိန်မြှင့်လာပြီလို့ယူဆရတယ်။

Read moreDetails

သေဒဏ်ပြစ်ဒဏ်မှ လျော့ပေးရန် ဒဂုံတက္ကသိုလ်ကျောင်းသား မိဘများ တောင်းဆို

သေဒဏ်ကျခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများကို ပြစ်ဒဏ်မှ လျော့ပေါ့ပေးရန် အယူခံတင်လွှာနှင့် အသနားခံစာများ တရားရုံးအဆင့်ဆင့်သို့ ၃ ကြိမ် တင်ပြတောင်းဆိုထားသည်ဟု ပြစ်ဒဏ်ကျခံထားရသည့် ကျောင်းသား ၇ဦး၏ မိသားစုဝင်တချို့ကပြောသည်။ အသက်၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်း...

Read moreDetails

ရိုဟင်ဂျာလူငယ် ၁၃ ၏ ရုပ်အလောင်းများကို စစ်အုပ်စုက မီးရှို့အလောင်းဖျောက်ဟုဆို

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စု၊ တပင်ရွှေထီးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က စွန့်ပစ်ခံထားရသည့် ရိုဟင်ဂျာ ၁၃ ဦး၏ရုပ်အလောင်းများကို စစ်အုပ်စုက မီးရှို့အလောင်းဖျောက်သည်ဟုရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅...

Read moreDetails

ဒီဇင်ဘာ ၀၅၊ ၂၀၂၂။ (တနင်္လာ)

စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာအမျိုးသမီးတစ်ဦးလမ်းပေါ်မှာနှိပ်စက်ခံရပြီးပစ်သတ်လိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်။ဗီဒီယိုဖိုင်တွေလဲပျံ့နှံလာတယ်။ထူးခြားတာကစစ်တပ်ကလုပ်တာမဟုတ်ပဲတော်လှန်ရေးအဖွဲ့တစ်ခုကကျူးလွန်လိုက်တာပါ။ထိုအမျိုးသမီးဟာNon CDMဆရာမတစ်ဦးဖြစ်ပြီးစစ်တပ်သတင်းပေးလို့သတ်မှတ်ကာသတ်ဖြတ်လိုက်တာတဲ့။တကယ်ကထိုအမှုလောက်နဲ့လူတစ်ယောက်ကိုသတ်စရာအကြောင်းမရှိပါဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကလဲနယ်တွေမှာဖြစ်ပွားဖူးတယ်။ဒါပေမယ့်ဒီလောက်အသံထွက်မလာခဲ့ဘူး။စစ်ကောင်စီအတွက်ကတော့တော်လှန်ရေးအဖွဲ့တွေကိုထိုးချစရာအကွက်တွေ့သွားတာပေါ့။ NUGကတော့ထိုဖြစ်စဉ်ကိုသူတို့လက်အောက်ခံအဖွဲ့တစ်ခုကလုပ်တယ်ဆိုတာဝန်ခံသွားတယ်။စုံစမ်းစစ်ဆေးအပစ်ပေးမှုတွေပြုလုပ်သွားမယ်လို့ဆိုတယ်။တစ်ခုအမှတ်ယူစရာကောင်းတာကNUGဟာလူသိများလာတဲ့ဒီလိုကိစ္စမျိုးအပေါ်မှာစစ်ကောင်စီလိုခေါင်းမရှောင်ဘူး။လွှဲမချဘူး။တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့အလုပ်လုပ်သွားတယ်။ဒါပေမယ့်မြေပြင်မှာကိုယ့်အဖွဲ့တွေဒီလိုမျိုးထပ်ပြီးမကျူးလွန်အောင်တင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်တယ်။

Read moreDetails
Page 129 of 235 1 128 129 130 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist