LATEST STORIES

မေ ၀၅၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်မှာ Dark Shadowအဖွဲ့ဖမ်းဆီးခံရပြီးနောက်ကျန်တဲ့UGအဖွဲ့တစ်ဆယ်ကျော်ပူးပေါင်းပြီးမြေအောက်လှုပ်ရှားမှုတွေဆက်လုပ်မယ်လို့ကြေငြာလိုက်တယ်။အခုရက်ပိုင်းလဲရန်ကုန်မှာလှုပ်ရှားမှုတွေသိပ်မရှိပဲငြိမ်နေတယ်။ထိုအဖွဲ့ပေါင်းစုံပူးပေါင်းလိုက်ရင်တော့ရန်ကုန်ကိုစစ်ကောင်စီထိန်းချုပ်ဖို့ဆက်လက်ခက်ခဲနေဦးမယ်။ မန္တလေးမှာတော့စိတ်မကောင်းစွာပဲUGအဖွဲ့သုံးဖွဲ့ခန့်မြို့ကိုစွန့်ခွာသွားကြပြီ။မြို့ခံပြည်သူတွေပူးပေါင်းပါဝင်မှုအားနည်းတယ်လို့ပြောထားတယ်။တခြားနေစရာ၊ရှောင်စရာ၊ပြေးစရာစသဖြင့်အခက်အခဲတွေကတော့အများကြီးပဲ။မြို့အနေအထားအရလဲလုပ်ရကိုင်ရခက်ခဲတယ်။ဒီပုံတိုင်းဆိုရင်တော့မန္တလေးဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကျရောက်သွားလိမ့်မယ်။

Read more

မေ ၀၄၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြန်မာ့အရေးဟာအာဆီယံမှာဒီလထဲအနည်းငယ်လှုပ်ရှားမှုရှိလာလိမ့်မယ်။သဘက်ခါမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေစုဝေးပြီးမြန်မာကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့တိုင်ပင်ကြလိမ့်မယ်။အဲ့ဒီအတွက်မလေးရှားနိုင်ငံနဲ့ကုလအထူးကိုယ်စားလှယ်တို့ဟာNUGနဲ့တရားဝင်တွေ့ဆုံသွားတယ်။NUGနဲ့လူသိရှင်ကြားတွေ့ဆုံတာဒါပထမဆုံးအကြိမ်ပဲ။စစ်ကောင်စီဘက်ကတော့အပြင်းအထန်ကန့်ကွက်နေလေရဲ့။ ဒီကိစ္စဟာမပြောပလောက်ပေမယ့်တိုးတက်ဖြစ်ထွန်းမှုတစ်ခုပဲ။ ဒီလလယ်လောက်မှာလဲအမေရိကန်အာဆီယံထိပ်သီးအစည်းအဝေးရှိသေးတယ်။အဲ့ဒီမှာမြန်မာ့အရေးလဲကျိန်းသေပေါက်ပါမှာပဲ။သဘက်ခါအာဆီယံအစည်းအဝေးကအမေရိကန်ကိုအပြကောင်းအောင်လုပ်တဲ့အစည်းအဝေးလဲဖြစ်နိုင်တယ်။ပီးရင်လကုန်လောက်မှာအာဆီယံအထူးကိုယ်စားလှယ်လဲလာဦးမယ်။အဲ့ဒါတွေပီးရင်လောက်လောက်လားလားဘာတွေတိုးတက်လာမလဲဆိုတာစောင့်ကြည့်ရမယ်။  

Read more

မေ ၀၃၊ ၂၀၂၂။ (အင်္ဂါ)

မြို့ကြီးတွေကတော်လှန်ရေးUGတွေလဲဒီရက်ပိုင်းအထိနာနေတယ်။ရန်ကုန်မှာနန်းထိုက်အောင်စစ်ဆင်ရေးရဲ့တစိတ်တပိုင်းအဖွဲ့ဖြစ်တဲ့Dark Shadow အဖွဲ့တဖွဲ့လုံးနီးပါးအဖမ်းခံလိုက်ရတယ်။သူတို့ခိုလှုံနေတဲ့ရန်ကုန်တဖက်ကမ်းကရွာထဲအထိဝင်ဖမ်းသွားတာ၁၅ဦးခန့်ခွေးဆွဲခံလိုက်ရပြီးတစ်ဦးပစ်သတ်ခံရတယ်။အဖမ်းခံလိုက်ရတဲ့အဖွဲ့ဝင်တွေအားလုံးကိုစစ်သူပုန်တွေသတ်ပစ်လိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့တော့မရသေးပါဘူး။ မန္တလေးမှာလဲမြို့ပြပျောက်ကျားအဖွဲ့ဝင်တွေခိုလှုံဆေးကုနေတဲ့တည်းခိုခန်းတစ်ခုစီးနင်းခံရတယ်။အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးထိုကလေးတွေအားလုံးကျဆုံးသွားတယ်။ အဖမ်းခံရတဲ့သူတွေ၊ကျဆုံးသွားတဲ့သူတွေဟာတကယ်တော့တက်သစ်စလူငယ်လေးတွေပါ။တိုင်းပြည်ရဲ့အနာဂတ်လေးတွေပါ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူတို့လေးတွေဟာအေးအေးဆေးဆေးပညာသင်နေရမှာ။အခုတော့တိုင်းပြည်ရဲ့အနာဂတ်တွေအကုန်ပျက်စီးကုန်ပြီ။

Read more

မေ ၀၂၊ ၂၀၂၂။ (တနင်္လာ)

လက်နက်ကိုင်တော်လှန်ရေးကိုပထမဆုံးစခဲ့တဲ့စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေအလွန်ပြင်းထန်နေတယ်။စစ်ကောင်စီတပ်တွေဟာအရင်ကတည်းကကလေးမြို့တောင်ပိုင်းနတ်ချောင်းရွာဘက်ကိုစစ်ကြောင်းထိုးနေကြပါ။အခုကအရင်ထက်အခြေအနေတွေပိုမိုဆိုးရွားလာနေတယ်။သုံးရက်ဆက်တိုက်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်နေပြီးမြစ်သာမြစ်ကမ်းနဘေးကအိမ်ခြေကိုးရာခန့်ရှိတဲ့အရှေ့စည်းရွာကြီးကိုစစ်သူပုန်တွေမီးတင်ရှို့သွားတယ်။အရင်နတ်ချောင်းရွာတုန်းကလဲရွာလုံးကျွတ်မီးရှို့ခံလိုက်ရသေးတယ်။ ရွာထဲကစစ်ဘေးရှောင်ပြည်သူအချို့မြစ်ကိုကူးရင်းတံတားကျိုးကျလို့ဆယ်ယောက်ခန့်သေဆုံးသွားတယ်။စစ်သူပုန်တွေဘက်ကလဲအကျအဆုံးများတယ်။ဒါပေမယ့်ဒေသခံပြည်သူတွေရဲ့ဆုံးရှုံးမှုကအတော်များနေပြီ။  

Read more

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းကဏ္ဍတွင် တရုတ်၏ ခြိမ်းခြောက်မှု ပိုကြီးထွားလာနေ

By လမ်းသစ် တရုတ်အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများမှစ၍ ပြည်ပရောက် တိဗက်အစိုးရ၏ အွန်လိုင်းပလက်ဖောင်းများနှင့် website များအား တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်။ အဆိုပါ တိုက်ခိုက်မှုများကို တရုတ်အစိုးရ လက်အောက်ရှိ ဟက်ကာအုပ်စုများနှင့် နည်းပညာရှင်များက လုပ်ဆောင်နေကြခြင်း...

Read more

ခင်ဦးမှာ တစ်လအတွင်း နေအိမ် ၄၅ဝ နီးပါး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ပြီးနောက် မတ်လ တစ်လအတွင်းမှာတင် ရွာပေါင်း ခုနစ်ရွာလောက်က နေအိမ် ၄၅ဝ နီးပါးမီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၃၅ဝဝ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃...

Read more

မင်းအောင်လှိုင်ပြောတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘာလဲ ဘယ်လဲ

စကစရဲ့ဗျူဟာကို အကြမ်းဖျင်း ပြောရရင် C3 ပဲ။ Control, Contain and Crush ပေါ့။မြို့ကြီးပြကြီး‌တွေကို အင်အားသုံး ထိန်းမယ်။ controlတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးကမ်း လှမ်းမှုနဲ့ ခွေထားမယ်။ containအသစ်ပေါ်လာတဲ့လက်နက်ကိုင်အဖွဲ့တွေကို အပြင်းအထန် နှိမ်နင်းမယ်။ crush...

Read more

မေ ၀၁၊ ၂၀၂၂။ (တနင်္ဂနွေ)

ဒီနေ့အလုပ်သမားနေ့မှာFood Panda က rider လေးတွေဆန္ဒပြကြတယ်။ကုမ္မဏီကထိုက်သင့်တဲ့လမ်းကြောင်းကြေးတွေကိုမပေးပဲလျာ့ချထားတယ်။အရင်လတွေထဲကတောင်းဆိုနေတာအခုထိမရသေးဘူး။ဒီလိုနွေရာသီပူပြင်းတဲ့နေရောင်အောက်မှာအလုပ်လုပ်ရတဲ့သူတို့ဘဝတွေဟာလမ်းမှာစစ်ကောင်စီတပ်သားတွေရဲ့အန္တရာယ်ကိုလဲရှောင်ရှားရသေးတယ်။ အလားတူပဲစက်မှုဇုံတွေကစက်ရုံအလုပ်သမလေးတွေဟာအလုပ်ရှင်တွေရဲ့ခေါင်းပုံဖြတ်မှုကိုခါးစည်းခံနေရတယ်။ဒီကာလမှာဘယ်ကိုမှလဲတိုင်လို့မရတော့ဘူး။ထိန်းညှိအရေးယူပေးမယ့်အစိုးရကောင်းတရပ်မရှိတော့ဘူး။သူတို့လိုအခြေခံအလုပ်သမားတွေဟာဒုက္ခပေါင်းစုံကြားမှာရုန်းကန်နေရတယ်။  

Read more

ဧပြီ ၃၀၊ ၂၀၂၂။ (စနေ)

ပြီးခဲ့တဲရက်ကမန္တလေးကနေစစ်ကိုင်းမုံရွာဘက်ကိုစစ်ကား၁၅၀ကျော်တက်သွားတယ်။အဲ့လောက်တပ်အင်အားအများအပြားထပ်မံဖြည့်တင်းခြင်းဟာစစ်ကိုင်းတိုင်းတခွင်ကိုတတိယအကြိမ်ထိုးစစ်ဆင်ဖို့လို့သုံးသပ်ကြတယ်။တချို့ကားတွေကမုံရွာမြို့ထဲဝင်သွားပြီးအတော်များများကတော့အထက်ပိုင်းဒေသတွေဖြစ်တဲ့ရေဦး၊တန့်ဆည်၊ဒီပဲယင်း၊ရွှေဘိုမြို့တွေဘက်ကိုတက်သွားကြတယ်။ထိုယာဥ်တန်းဟာမုံရွာမဝင်ခင်ချောင်းဦးမှာကတည်းကမိုင်းတွဲတိုက်ခိုက်ခံလိုက်ရတယ်။အခုဆိုရင်ထိုအထက်ပိုင်းဒေသတွေမှာစစ်သူပုန်ယာဉ်တန်းကိုမြိုင်မြိုင်ဆိုင်ဆိုင်ခုခံတိုက်ခိုက်နေကြတယ်။စစ်သူပုန်တွေကတော့သူတို့အထိနာတိုင်းထုံးစံအတိုင်းတစ်ရွာဝင်တစ်ရွာထွက်မီးရှို့လူသတ်နေကြတယ်။စစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုမိုးမကျခင်တလအတွင်းမှာထိန်းနိုင်ဖို့အသည်းအသန်ကြိုးစားနေတယ်။မိုးကျလာရင်သူတို့အားထားရတဲ့လေကြောင်းပစ်ကူကအခုလောက်မလွယ်တော့ဘူးလေ။သူတို့ဘယ်လိုပဲကြိုးစားပါစေ၊စစ်ကိုင်း၊မကွေးအပါအဝင်ရရာလက်နက်ကိုင်တော်လှန်နေတဲ့ဒေသတွေကိုထိန်းချုပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်တော့ပါဘူးလေ။

Read more

ဧပြီ ၂၉၊ ၂၀၂၂။ (သောကြာ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်နဲ့မကွေးတိုင်း၊ရေစကြိုမြို့နယ်တွေကရဲစခန်းတွေတစ်နေ့ထဲတိုက်ခိုက်ခံလိုက်ရတယ်။ထိုမြို့နယ်နှစ်ခုဟာနယ်မြေအနေအထားအရသိပ်မဝေးလှဘူး။ဒေသခံPDF အဖွဲ့တွေပူးပေါင်းပြီးတိုက်ခိုက်တာဖြစ်တယ်။စခန်းတွေကိုရခါနီးမှာစစ်သူပုန်တွေဘက်ကစစ်ကူတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရပေမယ့်စခန်းထဲကစစ်သူပုန်တွေအထိခိုက်အကျဆုံးများတယ်။အခုဆိုရင်ထိုဒေသကရဲစခန်းတွေဟာဘန်ကာတွေ၊ဆက်သွယ်ရေးမြောင်းတွေနဲ့တကယ့်ရှေ့တန်းကစစ်စခန်းတွေလိုပြင်ဆင်ထားကြရတယ်။သူတို့ကိုယ်တိုင်ကျီးလန့်စာစားနေနေရပြီ။ နေပြည်တော်မှာလဲဘီယာဆိုင်ထိုင်နေတဲ့ဒုဗိုလ်မှုးကြီးနဲ့အပေါင်းအပါတွေဆိုင်ထဲထိဝင်ရောက်ပစ်ခတ်ခံရလို့ငရဲရောက်ကုန်ကြတယ်။နောက်ဆိုစစ်အုပ်စုကလူတွေနေပြည်တော်လိုနေရာမျိုးမှာတောင်အေးအေးလူလူနေရဲကြတော့မှာမဟုတ်ဘူး။

Read more
Page 130 of 203 1 129 130 131 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist