LATEST STORIES

တိုင်းပြည်ရဲ့လားရာ

ဖက်စစ်တပ်မှ 2023 August မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ dateပေးထားတယ်။ယခုချိန်ကနေ လာမယ့် August လအတွင်းဟာ တလရမှာ စစ်ရှိန်အမြင့်ဆုံးကာလဖြစ်လာနိုင်သလို ဒီကာလအတွင်းမှာ နိုင်ငံရေးအရလည်း တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ ဘာတွေဖြစ်လာနိုင်သလဲ မိမိအမြင်ကို နည်းနည်းလောက် ဆဝါးကြည့်ရရင် စဉ်းစားချက်(1) EROsတွေ...

Read moreDetails

နိုဝင်ဘာ ၂၉၊ ၂၀၂၂။ (အင်္ဂါ)

အေအေနဲ့စစ်ကောင်စီအပစ်ရပ်ပီးနောက်ပိုင်းကျန်တဲ့EAOတွေလဲခြောက်လအပစ်ရပ်မယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာတယ်။ဖြစ်နိုင်ခြေနည်းပေမယ့်ဒါဟာလဲတော်လှန်ရေးအတွက်သတိထားရမယ့်အချက်တစ်ခုပဲ။အခုလောလောဆယ်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားKNUကလွဲလို့တိုက်ပွဲတွေငြိမ်သက်နေတယ်။အဲ့ဒီလိုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်NUGအနေနဲ့ဘာတွေပြင်ဆင်ထားမလဲ။ကြည့်ရတာတော့ဘာမှပြင်ဆင်ထားပုံမပေါ်ဘူး။ အရှိကိုအရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်ဖက်ဆစ်စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပေမယ့်အခုချိန်ထိအင်အားတောင့်တင်းနေတုန်းပဲ။တော်လှန်ရေးအဖွဲ့တွေကိုတိုက်စစ်မဖွင့်နိုင်တော့ပေမယ့်ခံစစ်ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တယ်။စစ်တပ်ကိုလက်ရှိပုံစံနဲ့အပြုတ်တိုက်ဖို့ဆိုတာထင်သလောက်မလွယ်သေးဘူး။ရခိုင်ကအေအေကိစ္စမှာသိသာတယ်။ အေအေဟာစစ်တပ်အင်အားနည်းနေတယ်လို့ထင်ရတဲ့အချိန်ရခိုင်မှာစစ်မျက်နှာဖွင့်တိုက်စစ်ဆင်ခဲ့တယ်။ဒါပေမယ့်ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။နယ်စပ်တွေမှာစစ်တပ်ရဲ့စခန်းငယ်လေးတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်မောင်တောနဲ့ပလက်ဝလိုမြို့တွေကိုခြိမ်းခြောက်နိုင်တဲ့အနေအထားကိုမရောက်ခဲ့ဘူး။ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့ဗျူဟာကုန်းစခန်းတွေကိုတောင်မသိမ်းပိုက်နိုင်ခဲ့ဘူး။နှစ်လခန့်မီးကုန်ယမ်းကုန်တိုက်ခိုက်ပြီးတဲ့နောက်မှာအေအေအနေနဲ့လက်နက်အင်အားအရင်းအမြစ်ကုန်ခန်းသွားတာကြောင့်အပစ်ရပ်လိုက်တာလို့ယူဆချင်စရာပဲ။စစ်တပ်ကမဆိုင်တဲ့အရပ်ဖက်ကိုပစ်မှတ်ထားတိုက်ခိုက်ပိတ်ဆို့တာတွေလဲပါမှာပေါ့။တကယ်ကရခိုင်ကအရပ်သားတွေရဲ့စစ်ဘေးဒုက္ခဟာစစ်ကိုင်းနဲ့ယှဉ်ရင်မပြောပလောက်သေးဘူး။ဒီတခေါက်တိုက်ပွဲတွေခြားထဲမှာရခိုင်ကရွာတွေမီးတိုက်မခံရသေးဘူး။ဒါကြောင့်အေအေအနေနဲ့အပစ်ရပ်လိုက်တာဟာစစ်တပ်ကိုရင်ဆိုင်ဖို့အချိန်ခါမသင့်သေးဘူးလို့ယူဆထားလို့ဖြစ်နိုင်တယ်။  

Read moreDetails

နိုဝင်ဘာ ၂၈၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီနဲ့အပစ်ရပ်ကြောင်းအေအေဖက်ကလဲတရားဝင်ကြေငြာသွားပြီ။အရင်တခေါက်ကအတိုင်းဂျပန်နိပွန်ဖောင်ဒေးရှင်းကဆာဆာကာဝါကပဲကြားဝင်ပွဲစားလုပ်ပေးသွားတာပါ။အပစ်ရပ်တယ်ဆိုပေမယ့်လဲနှစ်ဖက်လုံးကတပ်တွေရောက်တဲ့နေရာမှာရပ်ထားပြီးစစ်ဆက်မတိုက်တော့တဲ့သဘောပဲ။နှစ်ဖက်ခိုင်မာတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘူး။အေ‌အေဖက်ကတော့ရခိုင်ပြည်သူတွေကိုငဲ့ပြီးအပစ်ရပ်လိုက်တာလို့ပြောသွားတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ရခိုင်တပြည်နယ်လုံးကိုပိတ်ဆို့ထားပြီးဖြတ်လေးဖြတ်လုပ်ထားတယ်။အကျိုးဆက်အနေနဲ့ရခိုင်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်လာပြီးဆေးဝါးတွေဆိုဝယ်လို့တောင်မရတော့တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်အေအေအနေနဲ့ရခိုင်ပြည်သူတွေသက်သာအောင်အခုလိုဆုံးဖြတ်လိုက်တာလို့သိရတယ်။အခုလောလောဆယ်တော့စစ်တပ်ကရေလမ်းကြောင်းတချို့ဖွင့်ပေးလိုက်ပြီးကုန်းလမ်းတွေကိုတော့ပိတ်ဆို့ထားဆဲပဲ။ အေအေကစစ်တပ်နဲ့အပစ်ရပ်တာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်နေတယ်။အချို့ကအေအေကိုဆဲကြတယ်။တော်လှန်ရေးကိုသစ္စာဖောက်သွားပြီလို့ပြောြကတယ်။တချို့ကတော့အေအေကသူ့လမ်းသူလျှောက်နေတဲ့အတွက်သူအဆင်ပြေသလိုမီးစင်ကြည့်ကမှာပဲလို့ပြောြကတယ်။တကယ်တော့အေအေဟာNUGနဲ့ဘာမှပူးပေါင်းထားတာမဟုတ်ဘူး။ဘာသဘောတူညီချက်မှလဲမယူထားဘူး။သူ့ကံကြမ္မာသူလွတ်လပ်စွာဖန်တီးနိုင်တဲ့အတွက်သူ့ကိုဘာမှသွားပြောလို့မရဘူး။ဘာပဲဖြစ်ဖြစ်အေအေအနေနဲ့ရခိုင်မှာအပစ်ရပ်လိုက်တော့တော်လှန်ရေးအတွက်အားလျော့သွားတာပေါ့။

Read moreDetails

နိုဝင်ဘာ ၂၇၊ ၂၀၂၂။ (တနင်္ဂနွေ)

လေးနှစ်တကြိမ်ကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။အရင်နှစ်တွေကဆိုကမ္ဘာဖလားလှိုင်းလုံးကြီးကမြန်မာပြည်ကိုဝင့်ဆောင့်နေကျပဲ။လူတိုင်းဒီအကြောင်းပဲပြောကြပြီးလက်ဖက်ရည်ဆိုင်တွေမှာဘောလုံးပွဲကြည့်တဲ့သူတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ဒီနှစ်တော့လူတွေဟာစားဝတ်နေရေးအတွက်ရုန်းကန်နေရလို့ပြိုင်ပွဲရှိမှန်းတောင်သတိမထားမိကြတော့ဘူး။ဘောလုံးပွဲရှိတဲ့အချိန်တွေကညမထွက်ရအမိန့်နဲ့အချိန်ကိုက်နေလို့အရင်လိုလက်ဖက်ရည်ဆိုင်တွေမှာလွတ်လွတ်လပ်လပ်ကြည့်လို့အဆင်မပြေတော့ဘူး။အိမ်မှာပဲကြည့်ဖို့ကလဲမီးတွေကပျက်နေသေးတယ်။ဒါကမြို့ပေါ်ကအခြေအနေတွေဖြစ်ပြီးရွာတွေဖက်ဆိုရင်စစ်ဘေးရှောင်နေရလို့ဘောလုံးပွဲဆိုတာဘာမှန်းတောင်မသိကြတော့ဘူး။လာမယ့်လဆိုရင်မြန်မာ့လက်ရွှေးစင်အသင်းကန်ရမယ့်အာဆီယံပြိုင်ပွဲတွေရှိသေးတယ်။ဒီအချိန်မှာတော့ပြည်သူတွေလဲစစ်ကောင်စီလက်အောက်ခံလက်ရွှေးစင်ဘောလုံးအသင်းကိုသပိတ်မှောက်ထားကြတယ်။အားပေးဖို့နေနေသာသာပွဲရှိမှန်းတောင်မသိကြတော့ဘူး။  

Read moreDetails

စစ်ကောင်စီက ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့် ပိတ်ပင်

စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် ပေါက်တောနှင့် ကျောက်တော်မြို့နယ်တို့အား နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)မှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလလယ်ကတည်းက မြို့နယ်ခြောက်ခုကို ပိတ်ထားခြင်းဖြစ်ကာ ယခုလတွင် နောက်ထပ်နှစ်မြို့အား...

Read moreDetails

USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသော ခုခံတော်လှန်ရေးသမားများသည် ဆင်ခြင်တုံတရား မဲ့သူများဖြစ်ကြောင်း မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌက စစ်ကိုင်းတိုင်း၊ မုံရွာတွင် တနင်္လာနေ့က ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ ဦးခင်ရီက “မျက်ရည်ကိုသုတ်၊...

Read moreDetails

နိုဝင်ဘာ ၂၆၊ ၂၀၂၂။ (စနေ)

အေအေနဲ့အပစ်ရပ်လိုက်ကြောင်းစစ်ကောင်စီကဘီဘီစီကိုပြောသွားတယ်။အေအေဘက်တော့ဘာမှတုန့်ပြန်မှုမရှိသေးဘူး။ပလက်ဝနဲ့မောင်တောမြောက်ပိုင်းမှာတော့တိုက်ပွဲတွေဒီရက်ပိုင်းမရှိတော့ဘူးလို့ကြားတယ်။စစ်တပ်ဖက်ကရွာတွေကိုလဲလက်နက်ကြီးတွေနဲ့မပစ်တော့ဘူးတဲ့။တကယ်သာအေအေနဲ့စစ်ကောင်စီအပစ်ရပ်လိုက်ရင်တော်လှန်ရေးအတွက်ကြီးမားတဲ့နစ်နာမှုပဲ။အေအေဟာNUGနဲ့ပူးပေါင်းမှုမရှိပေမယ့်ရခိုင်မှာစစ်မျက်နှာတစ်ခုဖော်ဆောင်ပေးထားပြီးစစ်တပ်ကိုခေါင်းခဲစေတယ်။အခုရခိုင်မှာစစ်ပွဲတွေရပ်သွားရင်စစ်ကောင်စီဟာပြည်မနဲ့တခြားနယ်တွေကိုပိုဖိလာလိမ့်မယ်။ဘာလို့အပစ်ရပ်တာလဲ၊စစ်တပ်နဲ့အေအေအကြားဘာသဘောတူညီချက်တွေရသွားတာလဲဆိုတာကတော့နောက်ရက်တွေမှာသိရမှာပေါ့။  

Read moreDetails

နိုဝင်ဘာ ၂၅၊ ၂၀၂၂။ (သောကြာ)

ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အင်း တိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် ( တမခ ၁၁) လက်အောက်ခံတပ်ရင်းတချို့ ထပ်မံဝင် ရောက်လာတယ်။ ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ ၅...

Read moreDetails

နိုဝင်ဘာ ၂၄၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်သင်္ဃန်းကျွန်းမြို့နယ်မှာအငြိမ်းစားဗိုလ်မှုးကြီးတစ်ဦးပစ်သတ်ခံလိုက်ရပြန်ပြီ။ဒါမျိုးပြီးခဲ့တဲ့လတွေကတစ်ခုဖြစ်ဖူးသေးတယ်။အငြိမ်းစားစစ်တပ်အရာရှိတွေဟာငြိမ်ငြိမ်မနေပဲစစ်တပ်ကိုသတင်းပေးအားပေးကူညီနေတာကြောင့်တော်လှန်ရေးအဖွဲ့တွေကရှင်းလင်းရတာလို့ပြောထားတယ်။ မနေ့ကလဲရန်ကုန်မြို့ပြင်အမှတ်လမ်းမပေါ်ကစစ်တပ်စစ်ဆေးရေးဂိတ်ကိုအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့စစ်သားလေးယောက်သေဆုံးခဲ့တယ်။ထိုဂိတ်တွေဟာလမ်းမကြီးပေါ်မှာသွားလာနေတဲ့ပြည်သူတွေကိုနည်းလမ်းပေါင်းစုံနဲ့ငွေညစ်နေတဲ့ဂိတ်တွေပဲ။ဘာပဲဖြစ်ဖြစ်ရန်ကုန်ကUG တွေအခက်အခဲတွေကြားက ရသလောက်လှုပ်ရှားနေတာသိရတော့ကျေနပ်မိတယ်။  

Read moreDetails

နိုဝင်ဘာ ၂၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြန်မာအကျဉ်းထောင်တစ်ခုမှာ နှစ်နှစ်နီးပါး အကျဉ်းချခံရပြီးနောက် ပြီးခဲ့တဲ့အပတ်က လွတ်မြောက်လာ ခဲ့တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က စစ်ကြောရေးနဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းခဲ့ရပုံ တွေကို အင်တာဗျူးတစ်ခုမှာ The Australian သတင်းစာသို့ ပြောပြခဲ့တယ်။ သူဟာဖမ်းဆီးခံရပြီးနောက် ၆...

Read moreDetails
Page 131 of 235 1 130 131 132 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist