LATEST STORIES

ခရမ်းမှာ ရပ်ကွက်နဲ့ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်ပိတ်မယ်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက ရပ်ကွက်၊ကျေးရွာ ပါမကျန် အားလုံး လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး ဆိုင်ကယ်စီးခွင့်ပိတ်မှာဖြစ်တယ်လို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။ ရပ်ရွာတွေအထိပါ ဆိုင်ကယ်စီးခွင့်ပိတ်မယ့်အစီစဥ်က ကျေးရွာနေထိုင်သူတွေအတွက် အမှန်တကယ် အဆင်မပြေကြောင်း၊သွားလာရေး အလွန်ခက်ခဲတာတွေဖြစ်လာနိုင်တဲ့အပြင် ကျန်းမာရေးကိစ္စတွေအတွက်သွားလာရာမှာပါ အခက်ကြုံတာကြောင့် ဒုက္ခရောက်နိုင်တယ်လို့...

Read moreDetails

တပ်စခန်းထပ်မံပစ်ခတ်လာပါက လွတ်ရှမ်းရွာအား မီးရှို့ပြာကျပစ်မည်ဟု စစ်ကောင်စီ တပ် ခြိမ်းခြောက်

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) လွတ်ရှမ်းကျေးရွာတွင် ခြေကုပ်တပ်စွဲနေရာယူထားသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့စခန်းအား KNU အနေဖြင့် နောက်တစ်ကြိမ်ထပ်မံလာရောက်ပစ်ခတ်မှု လုပ်ဆောင်ပါက ကျေးရွာကို ပြာကျသည့်အထိ မီးရှို့ပစ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇...

Read moreDetails

နိုဝင်ဘာ ၂၂၊ ၂၀၂၂။ (အင်္ဂါ)

ကရင်ပြည်နယ်ကော်ဘရာစစ်ကြောင်းကရိက္ခာပို့တဲ့ယာဉ်တန်းကိုစစ်တပ်ကခြုံခိုတိုက်ခိုက်လို့ကော်ဘရာစစ်သည်သုံးဦးကျဆုံးသွားတယ်။ကျဆုံးသွားတဲ့သူတွေထဲမှာနာမည်ကြီးသူတွေပါသွားတော့ယူကျုံးမရဖြစ်ကြတာပေါ့။စစ်ရဲ့သဘောတရားကတော့ဒီလိုပါပဲ။ကိုယ့်ဖက်ကပဲအသာရနေတာမှမဟုတ်တာ။ဒီလထဲမှာတော့အခြားEAOအဖွဲ့တွေထပ်စာရင်ကရင်ပြည်နယ်ထဲမှာစစ်တပ်နဲ့KNUတို့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေပိုမိုများပြားနေတယ်။KNUတပ်မဟာ၅ကတော့ဟိုးအရင်တုန်းကသူတို့ဆုံးရှုံးလက်လွတ်ခဲ့ရတဲ့စခန်းတွေအကုန်ပြန်သိမ်းမယ်လို့ကြွေးကြော်ထားတယ်။တခြားEAOတွေကတော့လက်ရှိမှာငြိမ်ချက်သွားကောင်းနေတယ်။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၂။ (တနင်္လာ)

အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာစစ်ကောင်စီကကာကွယ်ရေးဝန်ကြီးကိုမဖိတ်တော့ဘူး။အာဏာသိမ်းပြီးနောက်ပိုင်းထိုအစည်းအဝေးတွေမှာအာဆီယံကစစ်ကောင်စီကိုဆက်လက်ဖိတ်ကြားနေခဲ့ပေမယ့်ဒီတခေါက်စစ်‌ကောင်စီကိုအဖက်မလုပ်တော့တာထူးခြားမှုတစ်ခုပဲ။ဒါမျိုးကဖြစ်သင့်နေတာကြာပြီ။နောက်ပိုင်းမှာအာဆီယံကစစ်ကောင်စီကိုထိပ်သီးအစည်းအဝေးတွေတင်မကပဲဒေသတွင်းမှာလုံးဝပစ်ပယ်ထားဖို့ဆွေးနွေးထားတယ်။လူရာဝင်ချင်လွန်းလို့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးခဲ့တဲ့စစ်ကောင်စီအဖို့တော့ကြိုးစားသမျှအရာမထင်ခဲ့ဘူးပေါ့။ မင်္ဂလာဒုံကဖျက်စီးခံရတော့မယ့်ရပ်ကွက်ထဲမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကတော့ကိုယ့်ကိုကိုယ့်သတ်သေသွားကြပြီ။နေရင်းထိုင်ရင်းကိုယ့်အိမ်ဖျက်စီးခံရတော့မယ့်အခြေအနေမှာဘယ်လောက်တောင်မျှော်လင့်ချက်မဲ့နေမလဲ။စစ်ကောင်စီကတော့ပြည်သူတွေရဲ့ဘဝပေါင်းများစွာကိုနည်းမျိုးစုံနဲ့ဖျက်စီးနေတယ်။

Read moreDetails

နိုဝင်ဘာ ၂၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ပျဉ်းမပင်စက်မှုဇုန်အနီးကလူနေရပ်ကွက်တွေကိုစစ်တပ်ကတပ်ပိုင်မြေအဖြစ်သတ်မှတ်ပြီးအတင်းပြောင်းရွှေ့ခိုင်းနေတယ်။ရွှေ့ပြောင်းခိုင်းတဲ့နေရာဟာအိမ်ခြေတစ်ထောင်ကျော်ရှိပြီးအိမ်ကြီးအိမ်ကောင်းတွေလဲပါဝင်နေတယ်။ထိုနေရာဟာကျူးကျော်လဲမဟုတ်ပဲအနှစ်နှစ်ဆယ်ကျော်နေထိုင်သူတွေရှိနေတာပါ။နိုဝင်ဘာ၁၈ရက်ကိုနောက်ဆုံးထားဖျက်သိမ်းခိုင်းထားပြီးအခုနိုဝင်ဘာ၂၂အထိအချိန်တိုးပေးထားတယ်။တချို့အိမ်တွေဖျက်နေကြပြီးတချို့အိမ်တွေကတော့စောင့်ကြည့်နေကြတယ်။စစ်တပ်ကပီးခဲ့တဲ့အပတ်ကလဲရန်ကုန်မရမ်းကုန်းကရပ်ကွက်တစ်ခုမှာအိမ်ခြေသုံးရာလောက်ဖျက်ဆီးသွားသေးတယ်။မန္တလေးမြို့မှာဆိုအခြေအနေတွေပိုဆိုးတယ်။မြို့ပြင်ရောမြို့ထဲမှာပါမထင်ရင်မထင်သလိုပြည်သူပိုင်အိမ်ေတွကိုဘူဒိုဇာတွေနဲ့ထိုးပြီးဖျက်စီးနေတယ်။သူတို့သိမ်းချင်တဲ့မြေနေရာတွေကိုကျူးကျော်လို့သတ်မှတ်ပြီးပြောင်းရွှေ့ဖို့တောင်အချိန်မပေးပဲဖျက်စီးတော့တာပဲ။ဂရမ်ရှိတဲ့အိမ်တွေလဲဖျက်စီးခံနေရတာကြောင့်ဒီကာလကြီးမှာပြည်သူတွေဟာဘယ်နေရာမှာပဲနေနေအာမခံချက်မရှိတော့တဲ့ပုံစံမျိုးဖြစ်နေပြီ။

Read moreDetails

နိုဝင်ဘာ ၁၉၊ ၂၀၂၂။ (စနေ)

ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့မသောက်မိသောမိုးခါးရေဇတ်ကားကိုနိုင်ငံတကာမြို့ကြီးတွေမှာပြသလျက်ရှိတယ်။ဒါရိုက်တာကိုပေါက်ဟာလွတ်မြောက်နယ်မြေတစ်ခုမှာခိုလှုံလျက်ရှိပြီးနွေဦးတော်လှန်ရေးအတွက်တတ်နိုင်သမျှအကျိုးပြုနေသူတစ်ဦးပါ။အခုလဲထိုဇာတ်ကားကိုI phone13ဖြင့်သာရိုက်ကူးခဲ့ပြီးနိုင်ငံတကာမှာအောင်ပွဲခံလျက်ရှိတယ်။ဩစတေးလျ၊အမေရိကန်၊အင်္ဂလန်တို့မှာပြသနေပြီးထိုနိုင်ငံတွေကြမန်မာအများစုလာရောက်အားပေးတာ‌ကြောင့်ရုပ်ရှင်တပွဲကိုဒေါ်လာသောင်းနဲ့ချီပြီးဝင်ငွေရနေတယ်။ထိုဝင်ငွေကNUGဆီအဓိကစီးဆင်းသွားတယ်။ဒါလဲတော်လှန်ရေးအတွက်ရန်ပုံငွေရှာဖွေနည်းတမျိုးပဲ။တော်လှန်မှာအဓိကလိုနေတာငွေပဲဖြစ်တဲ့အတွက်နည်းလမ်းပေါင်းစုံနဲ့ရှာဖွေေနကြတယ်။

Read moreDetails

စစ်ကောင်စီလက်အောက်က ဆိုးရွားလာနေသာ ချင်းပြည်နယ်က ကျန်းမာရေးစောင့်ရှောက်မှု

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ထက်ဝက်ခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည်မှာ ၃ နှစ်ကျော် ရှိလာနေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုမရှိသော ဒေသများတွင် အရပ်ဆေးဆရာ (ရမ်းကု)၊ တောဆေးများနှင့်ကုကြသည်။စကစ၏ ကျန်းမာရေးစောင့်ရှောက်မှုက ပလက်ဝမြို့ပေါ်နှင့် အနီးဝန်းကျင်ကိုပဲ လွှမ်းခြုံနိုင်သည်။ ပလက်ဝမြို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကလည်း ဒေသ...

Read moreDetails

ကန့်ဘလူမြို့နယ်မှာ လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ် အကြားမှာရှိတဲ့ ကျေးရွာတချို့မှာ အခုလ ၁၂ ရက်ကနေ ဒီကနေ့အထိ ၅ ရက်အတွင်း လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။...

Read moreDetails

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသွားခဲ့သည်။ အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးက အများ အာရုံပြုသော အကြောင်းအရာလည်း ဖြစ်သည်။ ၄၁...

Read moreDetails

နိုဝင်ဘာ ၁၈၊ ၂၀၂၂။ (သောကြာ)

မနေ့ကပြန်လွှတ်ပေးလိုက်တဲ့သူတွေအတွက်ဝမ်းသာရပါတယ်။တော်တော်များများလဲကိုယ့်အိမ်ကိုပြန်ရောက်နေကြပြီ။ဒေါက်တာရှောင်တာနယ်ဆိုသူ့နိုင်ငံကိုနေ့မကူးပဲပြန်ရောက်နေပြီ။မြန်မာပြည်သူတွေကိုမမုန်းပါဘူးလို့လဲပြောသွားသေးတယ်။သူဟာမြန်မာပြည်ကိုအတော်သံယောဇဉ်ကြီးတဲ့သူတစ်ယောက်ပဲ။   စစ်ကောင်စီဟာဒီတခေါက်နာမည်ကြီးတွေကိုလွှတ်ပေးလိုက်ခြင်းဖြင့်လတ်တလောရင်ဆိုင်နေရတဲ့ပြည်တွင်းပြည်ပဖိအားတွေကိုလျှော့ချဖို့ကြိုးစားလျက်ရှိတယ်။လောလောလတ်လတ်အာဆီယံထိပ်သီးအစည်းအဝေးမှာနိုင်ငံခေါင်းဆောင်တွေကစစ်ကောင်စီကိုပိုမိုဖိအားပေးဖို့ပြောဆိုလာကြတယ်လေ။တဆက်ထဲမှာပဲအရှေ့အာရှထိပ်သီးအစည်းအဝေးကိုလဲပြုလုပ်ဖို့ရှိတယ်။လာမယ့်လမှာအာဆီယံကိုယ်စားလှယ်ကလဲနောက်တစ်ခေါက်လာဦးမယ်။ဒါကြောင့်အခါကြီးရက်ကြီးမဟုတ်ပဲနာမည်ကြီးသူတွေဟန်ပြလွှတ်ပေးတယ်လို့ယူဆရတယ်။သူတို့ဘယ်လိုပဲကြိုးစားပါစေဒေါ်အောင်ဆန်းစုကြည်တို့လိုနိုင်ငံခေါင်းဆောင်တွေကိုမလွှတ်ပေးသ၍ပြည်တွင်းပြည်ပဖိအားတွေလျော့သွားမှာမဟုတ်ဘူး။စစ်အုပ်စုဟာအစဉ်အဆက်သူတို့ဖိအားများလာရင်ဒါမျိုးလုပ်တတ်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်တယ်။နိုင်ငံတကာကလဲဒေါ်အောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့ကိုသာအစဉ်တစိုက်တောင်းဆိုလျက်ရှိတယ်။

Read moreDetails
Page 132 of 235 1 131 132 133 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist