LATEST STORIES

နိုဝင်ဘာ ၁၇၊ ၂၀၂၂။ (ကြာသပတေး)

ဒီနေ့အမျိုးသားနေ့မှာစစ်ကောင်စီကအကျဉ်းသားငါးထောင်ကျော်လွှတ်ပေးလိုက်တယ်။ထိုအထဲမှာမှနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပါဝင်လာတယ်။ဒီတခေါက်လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာနိုင်ငံသားတွေရောနိုင်ငံခြားသားတွေပါနာမည်ကြီးသူတွေပါဝင်လာတယ်။နိုင်ငံခြားသားတွေထဲမှာစီးပွားရေးအကြံပေးဩစတေးလျနိုင်ငံသားပါမောက္ခ်ဒေါက်တာရှောင်တာနယ်၊လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့အင်္ဂလန်သံအမတ်ဟောင်း၊ပြည်တွင်းကတော့၈၈ခေါင်းဆောင်ဟောင်းဦးမြအေး၊မောင်သာချိုတို့အပြင်NLD CECတချို့ပါလွတ်မြောက်လာကြတယ်။လွှတ်ပေးလိုက်တဲ့ငါးထောင်ဆိုတဲ့အရေအတွက်မှာနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပဲဆိုတော့အတော်နည်းလွန်းတယ်။ကျန်တဲ့သူတွေကခိုဆိုးလုယက်ဆေးသမားတွေသာြဖစ်တယ်။ပြန်လွတ်လာတဲ့နာမည်ကြီးနိုင်ငံရေးသမားတွေဆိုတာကလဲတကယ်ကဘာပစ်မှုမှကျူးလွန်ထားသူတွေမဟုတ်ကြဘူး။ကိုမြအေးဆိုရင်အာဏာသိမ်းတဲ့နေ့ကတည်းကဖမ်းဆီးသွားတာဖြစ်တယ်။ကျန်တဲ့သူတွေကလဲလွတ်ရက်စေ့ခါနီးသူတွေကိုခံဝန်ထိုးခိုင်းပြီလွှတ်ပေးလိုက်တာဖြစ်တယ်။တကယ်ကစစ်ကောင်စီပြည်တွင်းနဲ့ပြည်ပကိုမလိမ့်တပတ်လုပ်လိုက်တာပဲ။

Read moreDetails

နိုဝင်ဘာ ၁၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရန်ကုန်ကYBSလိုင်းကားပေါ်မှာခိုးဆိုးလုယက်သူတွေကိုတန်ပြန်ဖမ်းဆီးဖို့လူငယ်တွေစုပေါင်းပြီးအဖွဲ့တစ်ခုဖွဲ့လိုက်ပြီ။ရဲတွေကအားကိုးလို့မရတော့တဲ့အတွက်ကိုယ်ထူကိုယ်ထလုပ်ကြရတာပါ။ရန်ပုံငွေပိုင်းကိုလဲအဖွဲ့ဝင်တွေကပဲအချိုးကျထည့်ဝင်ကြတယ်။ခါးပိုက်နှိုက်တွေနာမည်ကြီးနေတဲ့လိုင်းကားတွေပေါ်မှာတန်ပြန်လှုပ်ရှားမှုတွေစတင်လုပ်ဆောင်နေကြပြီ။အခုလောလောဆယ်တော့အဖွဲ့ဝင်အနည်းငယ်သာရှိသေးတဲ့အတွက်တမြို့လုံးကိုမဖြန့်ကျက်နိုင်သေးဘူး။လုယက်သူတွေဖမ်းဆီးရမိရင်ရဲလက်အပ်မယ်လို့တော့ပြောထားတယ်။တကယ်ကရဲ့လက်ကိုမအပ်သင့်ဘူး။ရဲစခန်းကိုခေါ်သွားလဲနောက်နေ့ပြန်လွှတ်ပေးလိုက်တာပဲလေ။လူမိုက်တွေကိုဖမ်းမိရင်မှတ်လောက်သားလောက်အောင်ပညာပေးရိုက်နှက်ဆုံးမသင့်တယ်။တရားဥပဒေမရှိတော့တဲ့ကာလမှာဥပဒေအတိုင်းတသွေမတိမ်းလိုက်နာနေလို့အဆင်မပြေဘူး။ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းကြရမှာပဲ။  

Read moreDetails

နိုဝင်ဘာ ၁၅၊ ၂၀၂၂။ (အင်္ဂါ)

မြစ်ကြီးနားမြို့ကKTVတစ်ခုမှာKIAအရာရှိတချို့ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်။ဒီလိုစစ်ရေးတင်းမာနေတဲ့အချိန်မှာKIAကအရာရှိတွေအနေနဲ့လဲအမှုမဲ့အမှတ်မဲ့မနေပဲလုံခြုံရေးသတိအမြဲရှိသင့်တယ်။စစ်ကောင်စီကတော့အနန့်ပါဗုံးကြဲမှုဖြစ်စဥ်နောက်ပိုင်းKIAကိုဆက်တိုက်ဖိနှိပ်မှုတွေလုပ်ဆောင်လျက်ရှိတယ်။KIAဖက်ကတော့ခုချိန်ထိကြီးမားတဲ့တုန့်ပြန်မှုတွေပြုလုပ်ခြင်းတော့မရှိသေးဘူး။ဒါပေမယ့်တစ်ခုခုလက်တုန့်ပြန်လာမှာတော့သေချာသလောက်ပဲ။ကချင်ပြည်နယ်တစ်ခုလုံးမှာစစ်ပြင်ဆင်မှုတွေ၊စစ်ရေးတင်းမာမှုတွေနဲ့စစ်ရိပ်စစ်ငွေ့ကတော့သန်းနေပြီ။ဒေသခံတွေလဲထိုအငွေ့အသက်ကိုခံစားမိပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေကြပြီ။အဓိကကတော့စစ်တပ်ရဲ့အဆင်ခြင်မဲ့လေကြောင်းရန်နဲ့လက်နက်ကြီးရန်တွေအတွက်ကိုပြင်ဆင်ထားကြရမယ်။  

Read moreDetails

ဆောနယ်တွင် စစ်ကောင်စီက အိမ်ခြေ ၁၅၀ ကျော် မီးရှို့ဖျက်ဆီး

တောင်ကုန်း တောင်တန်းပေါများရာ မကွေးတိုင်း ယောဒေသအတွင်း ရွာစဉ်လှည့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီအဖွဲ့ လက်ချက်ဖြင့် ယမန်နေ့တွင် ဆောမြို့နယ် လက်ပန်းရွာနှင့် ပဆုပ်ရွာမှ ဒေသခံများ နေအိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံးသည်။ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်မှ အင်အား...

Read moreDetails

ရိုဟင်ဂျာများပိုင်သည့် မြေဧက ၇၀၀ ကျော်ကို စစ်ကောင်စီက ‘တပ်ပိုင်’ အဖြစ် အမည်ဖောက် သိမ်းယူ

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးကာ အနာဂတ်မရေမရာဖြစ်နေသည့် ရိုဟင်ဂျာများအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ၎င်းတို့ပိုင် မြေယာများ ‘တပ်ပိုင်မြေ’ အဖြစ် သိမ်းယူခံလိုက်ရခြင်းပင်ဖြစ်သည်။ ရိုဟင်ဂျာများပိုင် မြေဧက ၇၀၀ ကျော်ကို အပြီးအပိုင်သိမ်းယူရန် အာဏာသိမ်းစစ်တပ်က...

Read moreDetails

နိုဝင်ဘာ ၁၄၊ ၂၀၂၂။ (တနင်္လာ)

စစ်ကောင်စီဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲအတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအသုံးချဖို့ကြံစည်နေတယ်။၂၀၂၃မှာဖေဖော်ဝါရီမှာစစ်ကောင်စီသက်တမ်းကုန်မှာဖြစ်ပြီးရွေးကောက်ပွဲလုပ်မလားအာဏာသိမ်းမလားဆိုတာတခုခုကြေညာရတော့မယ်။ဒီအတွက်နိုင်ငံရေးဖိအားနဲ့သံတမန်ရေးဖိအားတွေကိုလျှော့ချဖို့ဆိုစစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်ကစားရမှာသေချာတယ်။ဒါကြောင့်စစ်ကောင်စီဖက်ကိုယိမ်းသွားတဲ့NLDအမတ်တွေ၊ဗဟိုအလုပ်အမှုဆောင်တွေကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစေပြီးညှိနှိုင်းတာမျိုးစကားပြောဆိုပြီးသဘောထားမှတ်ချက်ရဖို့ကိုလုပ်ဆောင်လိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ကလဲဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမကျင်းပနိုင်ချိန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးခြင်းစီရဲ့ပြောစကားတွေလက်ခံနားထောင်လိုခြင်းမရှိဘူးလို့ကြိုကာထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံတကာဖိအားကိုလျော့ချဖို့အတွက်တချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်လာလိမ့်မယ်။

Read moreDetails

နိုဝင်ဘာ ၁၃၊ ၂၀၂၂။ (တနင်္ဂနွေ)

မကွေးလေတပ်စခန်းကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရလို့စစ်ကောင်စီရဲ့တိုက်လေယာဉ်တချို့ပျက်စီးသွားတယ်လို့သိရတယ်။တိုက်လေယာဉ်တွေပျက်စီးတဲ့သတင်းကတော့မသေချာသေးပေမယ့်လေတပ်စခန်းကိုတော့ရှော့တိုက်ဒုံးနဲ့တကယ်အပစ်ခံရတာပါ။ပုံမှန်လုပ်နေကြနေ့စဉ်လေယာဉ်အတက်အဆင်းတွေမလုပ်နိုင်တော့ဘူးလို့ဒေသခံတွေကပြောတယ်။ထိုမစ်ရှစ်ကိုKNUကဦးဆောင်ခဲ့တာတဲ့။မကွေးလိုမြန်မာပြည်အလယ်ပိုင်းဒေသအထိKNUလက်တံတွေရောက်နေပြီလားစဉ်းစားစရာပဲ။လေပေါ်မှာပျံနေတဲ့စစ်တပ်ရဲ့လေယာဉ်တွေကိုထိခိုက်အောင်မလုပ်နိုင်သေးရင်မြေပြင်လေတပ်စခန်းတွေကိုအဝေးကနေတိုက်ခိုက်တဲ့နည်းဗျူဟာကနောက်ပိုင်းမှာအလုပ်ဖြစ်နိုင်တယ်။မကွေးလေတပ်စခန်းဆိုတာအရင်ကလဲမကြာခဏအတိုက်ခိုက်ခံရဖူးတယ်။ မြောင်မြို့နယ်ဘက်ကတိုက်ပွဲတွေမှာလဲလေတပ်ကမှားယွင်းပစ်ခတ်လို့မြေပြင်မှာPDFအယောင်ဆောင်ထားတဲ့စစ်ကောင်စီတပ်သားငါးဆယ်ကျော်သေဆုံးသွားတယ်လို့သိရတယ်။စစ်ကောင်စီရဲ့လေတပ်ဂြိုလ်ဆိုးစဝင်နေပြီထင်တယ်။

Read moreDetails

နိုဝင်ဘာ ၁၂၊ ၂၀၂၂။ (စနေ)

ကျင်းပပြုလုပ်လျက်ရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာ့အရေးအတွက်ဆုံးဖြတ်ချက်အသစ်တွေကိုတွေ့လာရတယ်။ဆုံးဖြတ်ချက်အသစ်ဆိုပေမယ့်ဘုံသဘောတူညီချက်ငါးရပ်ကိုသာဆက်လက်ကိုင်စွဲထားတာပါ။ဒီတခေါက်မှာတော့အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကိုအချိန်သတ်မှတ်ဖော်ဆောင်ဖို့နဲ့NUG အပါအဝင်သက်ဆိုင်သူတွေနဲ့တွေ့ဖို့ပွောလာကွပွီ။အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့်အင်ဒိုနီးရှားကတော့မြန်မာကိုအာဆီယံကခဏထုတ်ပစ်ဖို့အထိပြောလာတယ်။ထိုနှစ်ချက်ကိုသေချာအကောင်အထည်ဖော်နိုင်ရင်တော့စစ်ကောင်စီအနေနဲ့ဒီထပ်ပိုပြီးအသက်ရှုကြပ်လာမှာသေချာသလောက်ပဲ။ ကိုယ့်အမြင်ကတော့အချိန်သတ်မှတ်မယ်ဆိုပေမယ့်အဆိုပါအချိန်သတ်မှတ်ဖို့ကိုတောင်တစ်နှစ်လောက်ကြာအောင်ဆွေးနွေးကြဦးမှာ။NUGနဲ့တွေ့ဖို့ပါလာပေမယ့်ဘယ်အချိန်တွေ့မလဲတိတိကျကမရှိသေးဘူး။အာဆီယံကတော့တတ်နိုင်သလောက်အချိန်ဆွဲပေးနေတယ်။တိုးတက်မှုတွေကနှေးကွေးလွန်းတယ်။

Read moreDetails

နိုဝင်ဘာ ၁၁၊ ၂၀၂၂။ (သောကြာ)

တနင်္သာရီတိုင်း ပုလောမှာရှေ့ရက်က တပတ်အတွင်းမှာစစ်ကောင်စီတပ်သား ၄၀သေဆုံးသွားတယ်။ ဒါတောင်မှထားဝယ်ခရိုင်ထဲက တိုက်ပွဲတွေမပါသေးဘူး။ တနင်္သာရီတိုင်းထဲမှာနေ့တိုင်းနီးပါး တိုက်ပွဲရှိလာပြီ။တနင်္သာရီတိုင်းထဲမှာ KNLA KTLA PDF LDF တွေကအရင်ထက် လက်တွဲမိလာပုံပဲ။တိုက်ပွဲထဲ ပိုပြီး ပါဝင်လာတယ်။ ဒါပြင် ဒီကနေ့ မနက်မှာလည်း မွန်ပြည်နယ်...

Read moreDetails

အာဏာသိမ်းကာလ ဖြစ်ရပ်ဆိုးများနှင့် စိတ်ကျန်းမာရေး

စစ်တပ် မတရား အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ၌ Facebook သုံးသူ မည်သူမဆို စိတ်ကျန်းမာရေး ထိခိုက်စေနိုင်သော ပို့စ်များ၊ သတင်းများကို ပိုမို ထိတွေ့ မြင်တွေ့ လာကြရသည်။ အာဏာသိမ်း စစ်တပ်က ဆန္ဒပြကြွေးကြော်သူများကို အကြမ်းဖက်...

Read moreDetails
Page 133 of 235 1 132 133 134 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist