Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဆောနယ်တွင် စစ်ကောင်စီက အိမ်ခြေ ၁၅၀ ကျော် မီးရှို့ဖျက်ဆီး

တောင်တန်းဒေသ ချင်းပြည်နယ်နှင့် ထိစပ်နေသည့် ယောဒေသအတွင်း စစ်ကောင်စီက တပ်မ သုံးခုမှ တပ်များကို ထုတ်နုတ်ကာ စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသခံများက ပြောသည်။

November 19, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

တောင်ကုန်း တောင်တန်းပေါများရာ မကွေးတိုင်း ယောဒေသအတွင်း ရွာစဉ်လှည့် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီအဖွဲ့ လက်ချက်ဖြင့် ယမန်နေ့တွင် ဆောမြို့နယ် လက်ပန်းရွာနှင့် ပဆုပ်ရွာမှ ဒေသခံများ နေအိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံးသည်။

ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်မှ အင်အား ၉၀ ပါ စစ်ကြောင်းသည် အရှေ့တောင်ဘက် ၁၀ မိုင်ကျော်ရှိ ဆောမြို့နယ် လက်ပန်းရွာကို ယမန်နေ့(နိုဝင်ဘာ ၁၅) နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် စတင်မီးရှို့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

မွန်းလွဲပိုင်းတွင် ကပ်လျက်ရှိ ပဆုပ်ရွာကို စစ်ကောင်စီက ထပ်မံမီးရှို့ကြောင်း၊ အိမ်ခြေ ၂၄၀ နီးပါးရှိ လက်ပန်းရွာနှင့် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိ ပဆုပ်ရွာတို့မှ နေအိမ် ထက်ဝက်နီးပါး ပျက်စီးသွားကြောင်း ဒေသခံတို့က ပြောသည်။

“မီးရှို့ပြီးတော့ သူတို့ထွက်သွားတဲ့အချိန်မှာ မီးငြှိမ်းသတ်ဖို့ ရွာထဲကို ဝင်တဲ့အချိန်မှာ ရေအိုး၊ ရေကန်တွေပါ ဖောက်ထားခဲ့တာ။ မီးငြှိမ်းလို့မရအောင်။ အဲဒီတော့ မီးက ဘယ်လိုမှ ငြှိမ်းသတ်လို့မရဘဲနဲ့ တခြားမလောင်သေးတဲ့ အိမ်တွေကို မကူးအောင်ပဲ လုပ်နိုင်တာပေါ့” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရွာနှစ်ရွာကို မီးဝင်ရှို့သည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ပေါင်း၍ နှစ်နာရီ နီးပါးကြာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့ဘက်က ထိခိုက်မှု မရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့အခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ကျောက်ထု PDF တာဝန်ရှိသူက ပြောသည်။

ပဆုပ်ရွာမှ ယမန်နေ့ ညပိုင်းက ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းနှင့် ယနေ့ (နိုဝင်ဘာ ၁၆) နံနက် ၉ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါ၊ ထီလင်း၊ ကျောက်ထု၊ ဆော မြို့နယ်တို့ပါဝင်သည့် ယောဒေသသည် တောင်တန်းဒေသ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တော်လှန်ရေးအဖွဲ့များ အားကောင်းရာနယ်မြေဖြစ်သည်။

ချင်းပြည်နယ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် ကျောက်ထုမြို့ကို တစ်ထောက်နားရာအဖြစ် စစ်ကောင်စီတပ်က အသုံးပြုလေ့ရှိပြီး ကျောက်ထု-PDF နှင့် ဒေသခံ တော်လှန်ရေးအဖွဲ့ များက ကျောက်ထုမြို့နယ်အတွင်း မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။

စစ်ကောင်စီကလည်း ရှမ်းပြည်နယ် ကလောမြို့အခြေစိုက် တပ်မ (၅၅)၊ ရန်ကုန်တိုင်း၊ အင်းတိုင်အခြေစိုက် တပ်မ (၁၁)၊ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) တို့မှ တပ်များကို ထုတ်နုတ်ကာ ကျောက်ထုတွင် စစ်ရေးလှုပ်ရှားနေသည်မှာ လနှင့်ချီ ကြာနေပြီဟု ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိအချိန်တွင် ကျောက်ထုဒေသတွင်း စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများမှာ တောတောင်နှင့် နီးစပ်ရာ ကျေးရွာများတွင် ကြိုတင်စစ်ရှောင်နေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ ပြည်သူပိုင် အိုးအိမ် ၂၀,၀၀၀ ကျော် ပျက်စီးခဲ့ကာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံး ပျက်စီးသည်ဟု အရပ်ဘက် အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar က ဩဂုတ်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ငြင်းလေ့ရှိသည်။ သို့သော် ၂၀၁၇၊ ၁၈ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူ ကျူးလွန်မှုများဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စစ်ကောင်စီ အမှုရင်ဆိုင်နေရသည်။

Source – Myanmar Now

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English