LATEST STORIES

နိုဝင်ဘာ ၁၀၊ ၂၀၂၂။ (ကြာသပတေး)

ရန်ကုန်ကYBS BUSကားတွေပေါ်မှာလုယက်အကြမ်းဖက်မှုတွေတနေ့တခြားပိုမိုဆိုးရွားလာနေပြီ။အရင်ကBUSကားတွေပေါ်မှာခါးပိုက်နှိုက်မှုတွေလောက်သာရှိခဲ့ရာမှအခုဆိုရင်အနုကြမ်းစီးမှုတွေပါဖြစ်ပေါ်လာတယ်။ခါးပိုက်နှိုက်တွေလဲအရင်ကထပ်သိသိသာသာပေါများလာတယ်။ကျူးလွန်သူတွေဟာတစ်ယောက်ထဲမဟုတ်ပဲအဖွဲ့လိုက်ကျူးလွန်ကြတယ်။ကိုယ့်ပစ္စည်းပါသွားရင်ဘယ်တော့မှပြန်မရဘူး။ရဲစခန်းလဲအားကိုးလို့မရဘူး။အချက်အလက်တွေအရလိုင်းကားတွေပေါ်မှာခါးပိုက်နှိုက်ခံရသူအနည်းဆုံးတစ်ရက်ကိုသုံးဦးအထက်ရှိနေတယ်။ကိုယ်တိုင်လဲခံရတာနှစ်ခါရှိပြီ။သတိရှိလို့သာဘာပစ္စည်းမှမဆုံးသွားတာပါ။ အခုနောက်ပိုင်းကျူးလွန်သူတွေဟာBUSကားတွေပေါ်မှာပေါ်ပေါ်ထင်ထင်ဓားမြတိုက်လာကြတယ်။နေ့ခင်းပိုင်းကားချောင်တဲ့အချိန်မျိုးကိုရွှေးပြီးကားပေါ်ကိုအုပ်စုလိုက်တက်လာကြပြီးဓားပြချိန်းခြောက်ကာခရီးသည်တွေဆီကလုယက်ကြတယ်။ဘယ်သူမှလဲမကူညီနိုင်ကြဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကစိတ်ကူးထဲတောင်မကြားဖူးဘူး။အခုဆိုရင်BUSကားစီးရတာကားကြပ်ရင်ခါးပိုက်နှိုက်ရန်ကြောက်ရပြီးကားချောင်ရင်ဓားမြတိုက်ခံရမှာကြောက်နေရတယ်။  

Read moreDetails

နိုဝင်ဘာ ၀၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

နာမည်ကြီးရသစာရေးဆရာအကြည်တော်ကွယ်လွန်သွားပြီ။ဒီကာလမှာစာရေးဆရာ၊ကဗျာဆရာတွေတဖြုတ်ဖြုတ်ကြွေလွင့်ကုန်ကြတယ်။မြန်မာ့စာပေလောကကလဲပျက်သလောက်ဖြစ်နေပြီ။နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက်ဖန်တီးမှုအသစ်တွေမလုပ်နိုင်ကြတော့ဘူး။စာအုပ်အသစ်တွေမထွက်တော့ဘူး။ထွက်လာတဲ့စာအုပ်တွေကလဲစက္ကူဈေးကြီးမြင့်မှုကြောင့်ဈေးသက်သက်သာသာနဲ့မရောင်းနိုင်ကြတော့ဘူး။ဒါကြောင့်လူတွေလဲဝယ်မဖတ်နိုင်တော့ဘူး။ရသစာပေဆိုရင်ပျောက်ကွယ်သလောက်တောင်ဖြစ်နေပြီ။ စာရေးဆရာတွေကြွေလွင့်နေသလိုသတင်းထောက်တွေလဲတချို့ကအဖမ်းခံရ၊တချို့ကပြေးနေကြရတယ်။စာပေလောကတစ်ခုထဲတင်မဟုတ်ပဲအနုပညာလောကကြီးတစ်ခုလုံးရပ်တန့်ပျက်စီးနေတယ်။ရုပ်ရှင်လောကမှာလဲရုပ်ရှင်အသစ်တွေထပ်မရိုက်ကြတော့ဘူး။မင်းသားမင်းသမီးဒါရိုက်တာတွေကထောင်ထဲမှာလေ။လွတ်မြောက်လာတဲ့သူတွေကလဲအနုပညာလှုပ်ရှားမှုတွေဆက်မလုပ်ကြဘူး။ရှိတဲ့သူနဲ့ဖြစ်သလိုရိုက်ပြီးရုပ်ရှင်ကားတွေထွက်လာတယ်ဆိုလည်းကြည့်မယ့်ပရိသတ်မရှိဘူး။အားလုံးပျက်စီးနေပြီ။  

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၂။ (အင်္ဂါ)

အင်ဒိုနီးရှားမှာပြုလုပ်မယ့်Global Town Hall 2022 အခမ်းအနားမှာNUGနိုင်ငံခြာရေးဝန်ကြီးဒေါ်ဇင်မာအောင်မိန့်ခွန်းပြောမယ့်အစီအစဉ်ကိုအခမ်းအနားစခါနီးမှဖျက်သိမ်းခြင်းခံလိုက်ရတယ်။ကုလသမဂ္ဂအရာရှိတစ်ယောက်ကကန့်ကွက်တဲ့အတွက်အခုဖြစ်သွားတာလို့သိရတယ်။ မြန်မာနိုင်ငံကစစ်ပွဲအတွင်းမှာ ကုလသမဂ္ဂအနေနဲ့ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်တယ်လို့ အထင်ခံရမှာကို ကြောက်ရွံစိုးရိမ်တဲ့အတွက် Global Town Hall 2022 အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုချန်လှပ်ထားဖို့တောင်းဆိုခဲ့တာဖြစ်တယ်။အခမ်းအနားစီစဉ်တွေအနေနဲ့ ဖိတ်ကြားထားနှင့်ပြီးသား မြန်မာနိုင်ငံရဲ့...

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၂။ (တနင်္လာ)

ဒီနေ့ကတော့တန်ဆောင်မုန်းလပြည့်နေ့ပါ။အရင်တုန်းကတော့မိုးလေကင်းလွတ်သီတင်းကျွတ်နဲ့တန်ဆောင်တိုင်လတွေဆိုတာသင်္ကြန်ပွဲတော်ပီးရင်မြန်မာနိုင်ငံမှာအစည်ကားဆုံးလတွေပါ။သီတင်းကျွတ်လမှာမီးထွန်းပွဲတွေနဲ့မီးပုံးပျံတွေလွတ်ကြတယ်။တန်ဆောင်မုန်းလမှာကထိန်ပွဲနဲ့နိဗ္ဗာန်ဈေးပွဲတော်တွေရှိတယ်။စစ်အာဏာသိမ်းပီးနောက်ဒီလိုအချိန်မှာဘာပွဲတော်မှမရှိတော့ဘူး။ကထိန်ပွဲလောက်ပဲရိုးရာမပျက်မည်ကာမတ္တလောက်သာလုပ်နိုင်ကြတော့တယ်။ပြည်သူတွေအချင်းချင်းအလှူကြီးပေးတဲ့ပုံစံနဲ့ပြုလုပ်ကြတဲ့နိဗ္ဗာန်ဈေးပွဲတော်ဆိုတာပျောက်ကွယ်သွားတာသုံးနှစ်လောက်ရှိနေပြီ။မြန်မာပြည်မှာအပျော်တွေပျေက်ဆုံးနေတာကြာြပီ။ ဒီနှစ်တွေမှာတော့တန်ဆောင်မုန်းလမှာလူတွေပုံစံတမျိုးနဲ့အပျော်တွေဖန်တီးလာကြတယ်။ဒီနေ့လိုညမျိုးမှာပံသကူပစ်ကြကောက်ကြတယ်။ပံသကူပစ်တယ်ဆိုတာလှူတဲ့သူကလှူမယ့်ပစ္စည်းကိုတနေရာမှာဖွတ်ထားရပြီးကောက်တဲ့သူကရှာဖွေကောက်ရတာပါ။အခုတော့ပုံစံတွေပြောင်းကုန်တယ်။လမ်းမတွေပေါ်မှာသွားလာနေတဲ့ကားတွေကပိုက်ဆံတွေပစ်ချသွားကြတယ်။ကောက်မယ့်သူတွေကလဲလမ်းမတွေရဲ့နဘေးမှာတပုံကြီးပဲ။ယာဉ်အန္တရာယ်ကိုဂရုမစိုက်ကြပဲဝရုန်းသုန်းကားနဲ့ပိုက်ဆံလိုက်ကောက်နေကြတယ်။ရိုးရာဓလေ့တွေလဲပျက်စီးကုန်ကြပြီ။

Read moreDetails

ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီကြိုးစားနေ

စစ်ကောင်စီဟာ ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်ချင်တာကြောင့် ကုမ္ပဏီ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် (MyCo) ကို ပိုပြီးစိစစ်လာတယ်လို့ ကုမ္ပဏီဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။ MyCo စနစ်ကို အများပြည်သူ အသုံးပြုရလွယ်စေပြီး နိုင်ငံတကာအဆင့်မီအောင် တည်ဆောက်ထားပေမယ့် ကုမ္ပဏီတွေနဲ့...

Read moreDetails

ပခုက္ကူထောင်၌ နိုင်ငံရေးအကျဉ်းသားများ တိုက်ပိတ်ရိုက်နှက် ရှော့တိုက်နှိပ်စက်ခံနေရ

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ကို ထောင်အာဏာပိုင်တွေက ၂ ရက်ကြာ တိုက်ပိတ်ထားကာ ရိုက်နှက်၊ လျှပ်စစ်နဲ့ ရှော့တိုက်နှိပ်စက်ခဲ့တယ်လို့  မုံရွာသပိတ်ဦးဆောင်ကော်မတီက ပြောတယ်။ အောက်တိုဘာလကုန်ပိုင်းက ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ကို စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာန...

Read moreDetails

နိုဝင်ဘာ ၀၆၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီဟာနိုင်ငံပုံမှန်ပြန်လည်လည်ပတ်နေသယောင်ပြသချင်နေတဲ့အတွက်တန်ဆောင်တိုင်ပွဲတော်တွေကိုစည်ကားအောင်နိုင်ငံတဝန်းမှာပြုလုပ်နေတယ်။သူတို့အဲ့ဒီလိုလုပ်လေလေပြည်သူကလက်မခံလေလေပဲ။ ပြင်ဦးလွင်မှာနှစ်နှစ်ကြာရပ်နားထားခဲ့ရတဲ့မီးပုံပျံပွဲကိုဒီနှစ်စစ်ကောင်စီကအခမ်းအနားနဲ့သေချာဖွင့်လှစ်ကျင်းပခဲ့တယ်။မီးပုံးပျံခြောက်ဆယ်ကျော်ကိုလဲလွှတ်တင်ဖို့စီစဉ်ထားတယ်။ဒါပေမယ့်ဖွင့်ပွဲနေ့ကတည်းကသူတို့လူကလွဲပြီးမြို့ခံတွေဘယ်သူမှမလာကြဘူး။စည်စည်ကားကားမရှိတဲ့အတွက်လောင်းကစားဝိုင်းနဲ့အရက်ဝိုင်းတွေကိုစစ်ကောင်စီကိုယ်တိုင်မီးပုံပျံပွဲမှာထည့်သွင်းစေတယ်။ထိုလောင်းကစားဝိုင်းတွေကိုဗိုလ်မှုးတစ်ဦးကကန်ထရိုက်ယူထားတယ်လို့လဲသိရတယ်။ပြင်ဦးလွင်မီးပုံးပျံပွဲဟာရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီးလောင်းကစားဝိုင်းတွေနဲ့ဘယ်လိုမှအပ်ဆက်မှုမရှိဘူး။စစ်ကောင်စီဟာပွဲတော်ရဲ့ပုံရိပ်ကိုရောလူတွေရဲ့အကျင့်စာရိတ္တကိုပါရည်ရွယ်ချက်ရှိဖျက်စီးဖို့ကြိုးစားနေတယ်။လူစည်ကားရင်ပီးရောမကောင်းတာမှန်သမျှလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတာပဲ။ ပဲခူးမြို့မှာလဲရွှေမောဓောဘုရားဘေးမှာတန်ဆောင်တိုင်ဘုရားပွဲပြုလုပ်နေတယ်။ဘယ်ပြည်သူမှမလာလို့သူလူတွေကိုပဲနေရာရွှေ့ခိုင်းပြီးစည်ကားသယောင်ဓာတ်ပုံရိုက်ဝါဒဖြန့်နေရတယ်။ပဲခူးမြို့မှာသပိတ်တွေအားကောင်းစဉ်ကာလတုန်းကစစ်တပ်ကအကြမ်းဖက်ဖြိုခွဲလို့တစ်ရက်ထဲအပစ်မဲ့ပြည်သူရှစ်ဆယ်ခန့်ကျဆုံးဖူးတယ်။မြို့ခံတွေကအားမတန်လို့မာန်လျှော့ထားရပေမယ့်စစ်ကောင်စီကိုအော့နှလုံးနာနေကြပြီ။            

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၂။ (စနေ)

စစ်ကောင်စီကပြန်လည်စည်ကားလာအောင်အသည်းအသန်ကြိုးစားနေတဲ့ကျိုက်ထီးရိုးဘုရားမှာအခုတန်ဆောင်တိုင်ကာလဘုရားဖူးအနည်းငယ်သာလာရောက်ကြတယ်လို့သိရတယ်။တောင်တက်ကားနဲ့အခမဲ့တည်းခိုခွင့်တွေပါစီစဉ်ပေးခဲ့ပေမယ့်ဘုရားဖူးသူရာဂဏန်းလောက်သာလာရောက်ကြတယ်။လာတဲ့သူတွေကလဲစစ်ကောင်စီနဲ့အတင်းအကျပ်စေခိုင်းမှုကြောင့်လာရတဲ့Non CDMဝန်ထမ်းတွေပါ။စတုဒီသာကျွေးမွေးဖို့စီစဉ်ထားတဲ့နေရာမှာအစားအသောက်တွေအများအပြားပိုလျှံနေတာကိုလဲတွေ့ရတယ်။ခါတိုင်းဒီလိုအချိန်တွေဆိုဘုရားဖူးတွေကြက်ပျံမကျနေရာလပ်မရှိအောင်စည်ကားတတ်တဲ့နေရာမျိုးဟာအခုလိုအခြေအနေဖြစ်သွားတဲ့အတွက်စစ်ကောင်စီရဲ့ကြိုးပမ်းမှုဟာအရာမရောက်ခဲ့ဘူး။ ရှမ်းပြည်နယ်ကလောမြို့လေးမှာလဲစစ်ကောင်စီကတန်ဆောင်တိုင်ပွဲပြုလုပ်ဖို့စီစဉ်ခဲ့ပေမယ့်မြို့ခံတွေကလက်မခံတာကြောင့်မဖြစ်မြောက်ခဲ့ဘူး။ခရီးသွားမြို့လေးတစ်ခုဖြစ်တဲ့ကလောမြို့ဟာသေးငယ်ပေမယ့်ဒေသခံတွေရဲ့စည်းလုံးမှုကိုစစ်ကောင်စီကဖျက်စီးလို့မရခဲ့ဘူး။ခေတ်ပြန်ကောင်းရင်တော့ကလောမြို့လေးကိုလေးစားတဲ့အနေနဲ့နောက်တစ်ခေါက်ထပ်သွားဖြစ်လိမ့်ဦးမယ်။

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၂။ (သောကြာ)

NUGကရန်ပုံငွေရှာတဲ့ပရောဂျက်တွေထဲကတစ်ခုဖြစ်တဲ့မန္တလေးမြို့အရှေ့ဘက်ရေတံခွန်တောင်မြေကွက်တွေပထမအသုတ်ရောင်းကုန်သွားလို့ဒုတိယအသုတ်အနေနဲ့အကွက်နှစ်ရာကျော်ထပ်မံရောင်းချနေတယ်။ဒီတခေါက်မှာတော့တစ်ဦးထဲဒေါ်လာ၂.၃သန်းကျော်ဝယ်ယူသွားမှုမျိုးတွေရှိလာတယ်။ပြည်တွင်းကခရိုနီတွေ၊လုပ်ငန်းရှင်ကြီးတွေတော်လှန်ရေးရံပုံငွေရှာဖွေမှုမှာပါဝင်လာပြီလား။ အရင်တုန်းကရံပုံငွေရှာဖို့ဆိုရင်မူးစုပဲစုရှာနေရတဲ့အနေအထားမှာသူတို့တွေသာပါဝင်လာမယ်ဆိုရင်ငွေအလုံးအရင်းနဲ့ရလာမှာဖြစ်တဲ့အတွက်အောင်ပွဲရဖို့ပိုမြန်လာလိမ့်မယ်။သူတို့တွေဒီထက်ပိုပြီးပါဝင်လာနိုင်ဖို့NUGအနေနဲ့ကလဲအလုပ်ကောင်းကောင်းလုပ်ပြနိုင်ဖို့လိုလိမ့်မယ်။အခုဆိုရင်ရံပုံငွေရရှိနှုန်းဟာအရင်ကထက်အများကြီးတိုးတက်လာပြီ။လုံလောက်မှုမရှိသေးဘူးဆိုပေမယ့်ဒီထက်ပိုပြီးငွေဝင်လာဖို့တော်လှန်ရေးမှာသိသာထင်ရှားတဲ့ရလဒ်တွေဖန်းတီးနိုင်ဖို့လိုလာပြီ။

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၂။ (ကြာသပတေး)

ပီးခဲ့တဲ့လကရန်ကုန်ရှိအငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ကိုလုပ်ကြံနိုင်ခဲ့တဲ့UGအဖွဲ့ကတချို့ကလေးတွေအဖမ်းခံလိုက်ရတယ်။စစ်ကောင်စီကဖမ်းမိတဲ့အကြောင်းကိုသတင်းထုတ်ပြန်သလို့အဆိုပါအဖွဲ့ကလုံခြုံရေးကျိုးပေါက်မှုကြောင့်လို့ဝန်ခံထားတယ်။အတော်နှမြောစရာကောင်းတဲ့ဖြစ်ရပ်ပဲ။ရန်ကုန်ရောမန္တလေးမှာပါUGအဖွဲ့တွေဆက်တိုက်အဖမ်းခံနေရလို့သိပ်မကျန်တော့ဘူး။လှုပ်ရှားမှုတွေလဲသိသိသာသာနည်းသွားပြီ။ အလားတူရန်ကုန်မှာအဓိကလှုပ်ရှားနေတဲ့စမ်းချောင်းသပိတ်အဖွဲ့ကလဲသပိတ်တွေဆက်လက်ဖော်ဆောင်လှုပ်ရှားဖို့ဘယ်လိုမှအဆင်မပြေတော့လို့လွတ်မြောက်နယ်မြေတစ်ခုကိုထွက်ခွာသွားပြီလို့ကြေငြာတယ်။ဒါဟာလဲအမှန်တရားတစ်ခုပဲ။သူတို့မြို့ပေါ်မှာဆက်နေရင်အနှေးနဲ့အမြန်အဖမ်းခံရဖို့ပဲရှိမယ်။မြို့ပေါ်သပိတ်ဆိုတာကလဲဒီအချိန်မှာထိရောက်မှုသိပ်မရှိတော့ဘူး။လုပ်ရတာနဲ့ပေးဆပ်ရတာမတန်တော့ဘူး။သူတို့လေးတွေလုံခြုံတဲ့တနေရာမှာပဲကိုယ်တတ်နိုင်တာကိုဆက်လုပ်နေတာပိုပြီးအဆင်ပြေလိမ့်မယ်။ရလဒ်ကတော့မြို့ကြီးတွေကိုစစ်ကောင်စီကအပိုင်အုပ်စီးမိပီလို့ပြောနိုင်ပီပေါ့။

Read moreDetails
Page 134 of 235 1 133 134 135 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist