LATEST STORIES

ကန့်ဘလူမြို့နယ်မှ ကလေးသူငယ် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်များအတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းနှင့် ဝမ်းလျောခြင်းများ လည်းရှိကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ် က မဇ္စျိမကိုပြောသည်။ လက်ရှိတွင် ကလေးသူငယ်စစ်ဘေးရှောင်များမှာ မိသားစုနှင့်အတူ တောတောင်များအတွင်း ရှောင်တိမ်း နေကြရပြီး...

Read moreDetails

မြန်မာစစ်တပ် ကမ်းကုန်အောင်ကျူးလွန်နေပြီ

ကလေးငယ် ၇ ယောက်အပါအဝင် လူပေါင်း ၁၃ ယောက်သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းဖြစ်စဉ်အပြီး တစ်လ အကြာမှာပဲ နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုကို စစ်ကောင်စီတပ်တွေ ထပ်မံကျူးလွန်ခဲ့ပြန်ပါတယ်။ အောက် တိုဘာ ၂၃ ရက် ညပိုင်းက ဖားကန့်မြို့နယ်၊ အနန့်ပါမှာ ကျင်းပတဲ့...

Read moreDetails

နိုဝင်ဘာ ၀၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရခိုင်မှာအောက်တိုဘာလထဲတိုက်ပွဲတွေငြိမ်နေပါတယ်မှတ်နေတာအေအေဒီနေ့သတင်းထုတ်ပြန်လိုက်တယ်။ပီးခဲ့လဒုတိယနှစ်ပတ်အတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံးတယ်တဲ့။ခွင့်ပြန်တဲ့နယ်ခြားစောင့်ရဲငါးဆယ်ကျော်လဲထွက်ပြေးနေတယ်တဲ့။ရခိုင်ပြည်နယ်မှာလဲသွေးမအေးသေးဘူးပေါ့။ ထူးခြားမှုအနေနဲ့တိုက်ခိုက်မှုတွေတစ်ခါမှမဖြစ်ဖူးတဲ့ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပုဂံမြို့နားကငါ့သရောက်မှာရဲစခန်းကိုPDFတွေကဆိုင်ကယ်တွေနဲ့အလစ်ဝင်ပစ်သွားလို့စခန်းမှုးအပါအဝင်တစ်ဆယ်ကျော်သေဆုံးသွားတယ်။လက်နက်တွေလဲပါသွားတယ်။စစ်ကောင်စီတပ်တွေကိုဘယ်နေရာမှအနားပေးလို့မရဘူး။လစ်ရင်လစ်သလိုသင်ခန်းစာပေးနိုင်လေကောင်းလေပဲ။  

Read moreDetails

နိုဝင်ဘာ ၀၁၊ ၂၀၂၂။ (အင်္ဂါ)

ဘာလိုလိုနဲ့တမိုးကုန်ဆုံးလို့ပွင့်လင်းရာသီကိုပြန်ရောက်လာပြန်ပြီ။မနှစ်ကဒီလိုအချိန်ပွင့်လင်းရာသီရောက်တာနဲ့စစ်ကောင်စီဟာစစ်ကိုင်းတိုင်းကိုအနော်ရထာစစ်ဆင်ရေးဆိုပြီးထိုးစစ်ကြီးတစ်ခုစခဲ့တယ်။တော်လှန်ရေးတပ်ဖွဲ့တွေကြံကြံခံရင်ဆိုင်ခဲ့ရတယ်။ကရင်ပြည်နယ်လေးကေကော်ကိုလဲထိုးစစ်စဖို့ပြင်ဆင်နေတဲ့ကာလပေါ့။ ဒီနှစ်မှာပွင့်လင်းရာသီမှာတော့စစ်ကောင်စီတပ်တွေငြိမ်နေတယ်။ဘယ်ဒေသကိုမှစစ်ဆင်ရေးကြီးတွေလုပ်မယ်ဆိုတဲ့အသံမျိုးမကြားမိသေးဘူး။သူတိုအင်အားနည်းနေလို့ခံစစ်ပြင်နေတာလား၊တခုခုကိုကြိတ်ကြံနေတာလားတော့မပြောတတ်ဘူး။အလားတူပဲတော်လှန်ရေးအဖွဲ့တွေဘက်ကလဲလှုပ်ရှားမှုတွေနည်းပါးသွားသလိုပဲ။NUGကတစ်နှစ်အတွင်းအပြတ်တိုက်မယ်ပြောလို့ပြင်ဆင်နေကြတာလား၊တော်လှန်ရေးအရှိန်ကျသွားတာလားတော့မပြောတတ်ဘူး။နှစ်ဖက်စလုံးမှာဘယ်လိုတွေဖြစ်လာမလဲဆိုတာလာမယ့်လတွေမှာအဖြေပေါ်လာလိမ့်မယ်ထင်တယ်။

Read moreDetails

အောက်တိုဘာ ၃၁၊ ၂၀၂၂။ (တနင်္လာ)

ကျိုက်ထီးရိုးဘုရားမှာလာမယ့်တန်ဆောင်မုန်းလပြည့်နေလူစည်ကားဖို့စစ်ကောင်စီကြိုးပမ်းနေတယ်။ဟိုတလောကကျိုက်ထီးရိုးဘုရားတောင်ခြေကင်ပွန်းစခန်းမှာပစ်ခတ်မှုတွေဖြစ်ပြီးဘုရားဖူးတချို့သေဆုံးပီးကတည်းကဘုရားဟာခြောက်ကပ်သွားတယ်။ဘုရားဖူးတွေမလာကြတော့ဘူး။ဒါကိုစစ်ကောင်စီကအရင်အတိုင်းပုံမှန်လည်ပတ်စေချင်တယ်။ဘုရားတွေအများစုဟာအခါကြီးရက်ကြီးတွေဆိုပိုမိုစည်ကားလေ့ရှိတယ်။ဒါပေမယ့်ဒီပုံအတိုင်းဆိုလာမည့်တန်ဆောင်မုန်းလပြည့်နေ့မှာလဲကျိုက်ထီးရိုးကိုဘုရားဖူးတွေလာကြမှာမဟုတ်ဘူး။ဒါကြောင့်စစ်ကောင်စီဟာထိုနေ့တွေမှာတောက်တက်ကားစီးခွင့်၊ဘုရားပေါ်မှာတည်းခိုခွင့်အခမဲ့နဲ့စတုဒီသာတွေပါကျွေးမယ်ဆိုပြီးဆွဲဆောင်နေတယ်။ဘုရားဖူးတွေစည်ကားနေသယောင်ထင်ယောင်ထင်မှားဖြစ်အောင်Non CDM ဝန်ထမ်းတွေကိုလဲဘုရားဖူးသွားဖို့အတင်းအကျပ်စေခိုင်းနေတယ်။ သူတို့ဘယ်လိုပဲဆွဲဆောင်နေပါစေအရင်ကငြိမ်းချမ်းခဲ့တဲ့ကျိုက်ထီးရိုးဘုရားဝန်းကျင်ဟာအခုအရင်လိုမဟုတ်တော့ဘူး။မငြိမ်မသက်မှုတွေရှိလာနေပြီ။ထိုဒေသမျိုးကိုအသက်နဲ့ရင်းပြီးဘယ်သူမှဘုရားဖူးသွားကြလိမ့်မယ်မထင်ဘူး။အခုလိုစစ်ကောင်စီကအတင်းအကျပ်လုပ်နေတော့ပိုဆိုးတာပေါ့။ ပြည်တွင်းမှာပုံမှန်လည်ပတ်နေသယောင်စစ်ကောင်စီကပြုလုပ်နေသမျှအားလုံးမအောင်မြင်ခဲ့ဘူး။အခုတကြိမ်လဲသူတို့မျှော်မှန်းသလိုဖြစ်လာမှာမဟုတ်ဘူး။

Read moreDetails

အောက်တိုဘာ ၃၀၊ ၂၀၂၂။ (တနင်္ဂနွေ)

ကချင်ပြည်နယ်မိုးမောက်မှာစစ်ကောင်စီတပ်တွေနဲ့KIAတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်။မိုးမောက်မြို့အရှေ့ဖက်ကလုံဂျာတောင်ကြောမှာရှိတဲ့KIAတပ်စခန်းတွေကိုစစ်တပ်ကသိမ်းပိုက်ဖို့ကြိုးစားနေတာပါ။ထိုKIAစခန်းတွေဟာြမစ်ကြီးနား-ဗန်းမော်လမ်းကိုကောင်းစွာြခိမ်းခြောက်နိုင်တယ်။ထိုလမ်းတလျောက်ရှိစစ်တပ်စခန်းတွေလဲလုံခြုံမှုမရှိလို့အင်အားငါးရာကျော်သုံးပြီးအသည်းအသန်တိုက်ခိုက်နေတယ်။တပတ်ကျော်ကြာနေပြီဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဖက်ကတစ်ရာကျော်သေဆုံးသွားပြီလို့သိရတယ်။ တနိုင်ငံလုံးကထောင်တွေမှာပိတ်ထားတဲ့ထောင်ဝင်စာတွေကိုစစ်ကောင်စီကပြန်လည်ခွင့်ပြုလိုက်ပြီ။ဒါပေမယ့်အစစ်အဆေးတွေကတော့အများကြီးပိုပြီးတင်းကျပ်လာတယ်။အခုလိုထောင်ဝင်စာတွေကိုတင်းကျပ်ချင်လို့အင်းစိန်ထောင်ဗုံးခွဲမှုကိုစစ်ကောင်စီကစီစဉ်တာလဲဖြစ်နိုင်တာပဲ။

Read moreDetails

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

စစ်ကောင်စီတပ်များသည် နောက်ထပ် စစ်ရာဇဝတ်မှုတခုကို ကျူးလွန်လိုက်ပြီး နိုင်ငံမြောက်ပိုင်းသို့ ဂျက်တိုက်လေယာဉ် ၃ စီးကို စေလွှတ်တိုက်ခိုက်သောကြောင့် ထိခိုက်သေဆုံးမှုများပြားပြီး နိုင်ငံတဝှမ်း ဝမ်းနည်းပူဆွေးကြရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ထူထောင်သည့် ၆၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဂီတပွဲကျင်းပနေသည့်...

Read moreDetails

နွေဦးတော်လှန်ရေးနှင့် သတင်းမီဒီယာအခြေအနေ

ဗမာပြည်စာနယ်ဇင်းသမိုင်းရဲ့ နိဒါန်းလို့ဆိုရမယ့် အင်္ဂလိပ်နယ်ချဲ့ခေတ်က သတင်းသမားတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ သူတို့ခေတ်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ နယ်ချဲ့ဆန်ကျင်ရေး စာနယ်ဇင်းတာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ကြတယ်ဆိုတာ အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကာလနောက်ပိုင်း ဆက်တိုက်ဆိုသလို ကြုံတွေ့လာရတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးစတဲ့...

Read moreDetails

အောက်တိုဘာ ၂၉၊ ၂၀၂၂။ (စနေ)

ဒီရက်ထဲမှာအကျဉ်းကျခံနေရတဲ့အနုပညာရှင်တွေဖြစ်တဲ့အဆိုတော်ပိုပို၊မဝင်းမင်းသန်းနဲ့ဒါရိုက်တာမိုက်တီးတို့ပြန်လွတ်လာကြတယ်။ဒါကြောင့်လက်ရှိထောင်ထဲမှာကျန်နေတဲ့အနုပညာရှင်တွေသိပ်မရှိတော့ဘူး။ပြန်လွတ်လာတဲ့သူအတော်များများကလဲအနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်ကြတော့ဘူး။နာမည်ကြီးမော်ဒယ်ပိုင်တံခွန်တောင်အလုပ်ပေါ်ပေါ်ထင်ထင်ပြန်လုပ်နေတဲ့အတွက်ဝေဖန်ခံနေရတယ်။အနုပညာရှင်တွေအနေနဲ့ဒီအချိန်မှာစစ်ကောင်စီနဲ့ဝေးဝေးနေပြီးဘာမှမလှုပ်ရှားတာပိုကောင်းလိမ့်မယ်။မဟုတ်ရင်ပြည်သူတွေရဲ့ငြိုငြင်မှုကိုခံရနိုင်တယ်။ ဒီနေ့ည၈နာရီမှာကချင်အနန့်ပါဖြစ်ရပ်ဝမ်းနည်းခြင်းအထိမ်းအမှတ်မီးပိတ်သပိတ်ပြုလုပ်ကြတယ်။မြို့ကြီးတွေမှာနေရာတိုင်းမလုပ်နိုင်ပေမယ့်သူ့နေရာနဲ့သူတော့ကွက်ကြားပါဝင်ကြပါတယ်။အခုနောက်ပိုင်းထိုပုံစံသပိတ်တွေကိုစိတ်ဝင်စားသိရှိမှုတဖြည်းဖြည်းနည်းသွားပြီ။စစ်ကောင်စီကခြိမ်းခြောက်ရမ်းကားနေတာလဲပါမှာပေါ့။လူစိတ်ဝင်စားမှုနည်းလာတဲ့အလျောက်နောက်ပိုင်းထိုပုံစံသပိတ်တွေလဲပျောက်ကွယ်သွားလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၂၈၊ ၂၀၂၂။ (သောကြာ)

ကချင်ပြည်နယ်၊မိုးမောက်နဲ့ဗန်းမောက်မြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်။ဖားကန်အနန့်ပါဖြစ်ရပ်မတိုင်ခင်ကတည်းကစစ်ကောင်စီကထိုမြို့နယ်တွေထဲကKIAတပ်စခန်းတွေကိုစစ်ကြောင်းထိုးနေတာပါ။တိုက်ပွဲတွေပြင်းထန်နေတာတစ်ပတ်လောက်ရှိနေပြီးအခုထိရည်မှန်းချက်အတိုင်းမရသေးလို့စစ်တပ်ဟာမိုးမောက်မြို့လူနေရပ်ကွက်တွေထဲကိုလက်နက်ကြီးတွေနဲ့ပါပစ်ခတ်သောင်းကျန်းနေတယ်။မြို့ထဲကပြည်သူတစ်ဦးသေဆုံးပြီးတချို့တွေဒဏ်ရာရကြတယ်။စစ်တပ်ဖက်ကနေ့စဥ်ထိခိုက်ကျဆုံးမှုတွေရှိနေလို့အင်အားထပ်ဖြည့်နေတယ်။တနိုင်ငံလုံးနေရာအနှံအပြားစစ်မျက်နှာပေါင်းစုံနဲ့ရင်ဆိုင်နေရချိန်မှာKIAလိုEAOမျိုးကိုတိုက်စစ်ဖွင့်နိုင်တဲ့စစ်တပ်ကိုအံသြမိတယ်။အခုနောက်ပိုင်းစစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအင်အားအလုံးအရင်းနဲ့ထိုးစစ်မဆင်နိုင်တာအတော်ကြာနေပြီ။KIAဖက်ကလဲအနန့်ပါဖြစ်ရပ်ကြီးပူပူနွေးနွေးဖြစ်ထားတဲ့အတွက်စိတ်ဓာတ်အင်အားကောင်းကောင်းနဲ့တုန့်ပြန်မှာသေချာတယ်။ဒီတော့စစ်သူပုန်တွေအကျအဆုံးများလိမ့်မယ်။

Read moreDetails
Page 135 of 235 1 134 135 136 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist