LATEST STORIES

အောက်တိုဘာ ၂၇၊ ၂၀၂၂။ (ကြာသပတေး)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမြန်မာအရေးအရေးပေါ်အစည်းအဝေးလုပ်ကြတယ်။လာမယ့်လမှာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာစစ်ကောင်စီကိုဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကိုအကြိုဆွေးနွေးကြတာပါ။ကြေငြာချက်တစ်စုံတရာတော့မထုတ်ပြန်သေးဘူး။စင်ကာပူဝန်ကြီးကတော့အာဆီယံအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ချဖို့အချိန်ကျလာပြီလို့ပြောသွားတယ်။လာမယ့်နှစ်မှာအင်ဒိုနီးရှားကအလှည့်ကျဥက္ကဌဖြစ်လာမှာပါ။ဘာပဲဖြစ်ဖြစ်အာဆီယံအနေနဲ့စစ်ကောင်စီအပေါ်အမြင့်ဆုံးအရေးယူနိုင်တာတစ်ခုကအာဆီယံကမြန်မာကိုထုတ်ပစ်လိုက်တာပဲ။အာဆီယံကမြန်မာကိုထုတ်ပစ်လိုက်လဲစစ်ကောင်စီကအရေးလုပ်နေမှာမဟုတ်ဘူး။သူ့အတွက်ဘာမှထိခိုက်နစ်နာမှုရှိမှာမဟုတ်ဘူး။မြန်မာ့အရေးကိုအာဆီယံလက်ထဲထည့်ထားသမျှတော့စစ်ကောင်စီစိတ်ကြိုက်ဖြစ်နေမှာပဲ။

Read moreDetails

အောက်တိုဘာ ၂၆၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်းပုလဲမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံးလေကြောင်းကနေစီးနင်းတိုက်ခိုက်ခံလိုက်ရတယ်။ရဟတ်ယာဉ်တွေနဲ့စစ်သားတွေချပြီးပစ်ခတ်စီးနင်းသွားတာဖြစ်တယ်။ကြိုတင်သတင်းရတဲ့အတွက်PDFတွေဖက်ကထိခိုက်မှုတော့မရှိခဲ့ဘူး။ရုံးနဲ့ရုံးတွင်းပစ္စည်းတွေကိုတော့လက်လွှတ်လိုက်ရတယ်။ရုံးအတွင်းမှာဖမ်းထားတဲ့စစ်ကောင်စီသတင်းပေးတွေနဲ့ပစ်မှုကျူးလွန်ထားသူတွေကိုတော့စစ်တပ်ကခေါ်ဆောင်သွားတယ်။တချို့တွေကိုလဲနေရာမှာတင်သတ်ဖြတ်သွားတယ်။အနီးနားတဝိုက်ကိုစစ်သူပုန်တွေကဆက်လက်စစ်ကြောင်းထိုးရာမှာPDFတွေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားတယ်။ထိုစစ်ကြောင်းဟာရဟတ်ယာဉ်တွေနဲ့ပဲပြန်လည်ဆုတ်ခွာသွားတယ်။ မြောင်မြို့နယ်မှာလဲအလားတူလေကြောင်းကစီးနင်းခံရလို့PDFစခန်းတစ်ခုလက်လွှတ်လိုက်ရတယ်။လူတွေတော့ဘာမှထိခိုက်မှုမရှိပေမယ့်စခန်းသိမ်းခံရတာကြောင်းလက်နက်ခဲယမ်းပစ္စည်းရိက္ခာတွေဆုံးရှုံးကုန်တယ်။စစ်ကိုင်းနဲ့မကွေးမှာစစ်သူပုန်တွေမြေပြင်ကစစ်ကြောင်းမထိုးနိုင်တော့တာကြောင့်လေကြောင်းကနေပဲအလစ်ဝင်ရောက်တိုက်ခိုက်တဲ့ဗျူဟာကိုပြောင်းလဲကျင့်သုံးလာနေပြီ။ဒါကိုတန်ပြန်နိုင်ဖို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့နည်းလမ်းရှာဖို့လိုနေပြီ။

Read moreDetails

မြန်မာနိုင်ငံတွင် အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁.၄ သန်းနီးပါး ရှိလာ

မြန်မာနိုင်ငံတဝှမ်း အောက်တိုဘာလ ၁၇ ရက်အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းများ အရ အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာသည်ဟု United Nations OCHA Myanmar က ယနေ့ ထုတ်ပြန်သည်။...

Read moreDetails

အမေရိကန်က ဘာလို့မကူညီသေးတာလဲ

USအစိုးရကမြန်မာ့အရေးမှာစစ်ရေးအကူအညီမပေးတာကအဓိက ၃ ချက်ကို မြင်မိပါတယ်။မြန်မာ့အရေးကနိုင်ငံတကာအမြင်မှာ ရှုပ်ထွေးနေပြီးပြည်တွင်းထဲ အင်အားစုတွေမှာပြန့်ကျဲနေဆဲဖြစ်တယ်လို့မြင်ကြတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများစွာ ရှိနေသလိုစစ်အာဏာရှင်တော်လှန်ရေးထဲNUG အစိုးရနဲ့ အင်အားစုတွေအခုထိ သီးခြားပုံစံ ဖြစ်နေပြီးတော့ဗဟိုစုစည်းမှုအောက် မရှိနေခြင်းတချက်ပါလိမ့်မယ်လို့ မြင်မိတယ်။   နောက်တချက်ကတော့ အီရတ်၊အာဖဂန်နစ္စတန်တို့မှာ စစ်ရေးနဲ့ဝင်ရောက်စွက်ဖက်မှုတွေအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ရခဲ့ပြီးနောက်ထပ်စစ်ရေးအရ ဝင်စွက်ဖို့ဘိုင်ဒန်အစိုးရအတွက်...

Read moreDetails

အောက်တိုဘာ ၂၅၊ ၂၀၂၂။ (အင်္ဂါ)

အနန့်ပါကျေးရွာဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်တစ်ရာနီးပါးဖြစ်လာပြီ။ဒဏ်ရာရသူတွေကိုဖားကန့်ဘက်ကဆေးရုံတွေကိုပို့ဆောင်နိုင်ဖို့စစ်ကောင်စီကလက်မခံပဲလမ်းတွေပိတ်ဆို့ထားတာကြောင့်လူနာတွေသွေးထွက်လွန်ပြီးသေဆုံးသူအရေအတွက်တိုးလာခြင်းဖြစ်တယ်။အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်ပြီးဒဏ်ရာရသူတွေကိုဆေးရုံတင်ခွင့်မပေးတာဟာတော်တော်ယုတ်မာရိုင်းစိုင်းတဲ့စစ်ကောင်စီရဲ့အပြုအမူပဲ။ KIAဖက်ကဒီဖြစ်ရပ်အပေါ်တန်ဖိုးကြီးတဲ့ရင်းနှီးမှုဟာတော်လှန်ရေးအတွက်အားဖြစ်စေမယ်လို့ပြောလိုက်တယ်။KIAဗိုလ်ချုပ်ဂွမ်မော်ကဆိုရှယ်မီဒီယာမှတဆင့်မင်းအောင်လှိုင်အပေါ်အိတ်ဖွင့်ပေးစာပို့တယ်။ဒီဖြစ်ရပ်မတိုင်ခင်အထိKIAဟာစစ်ကောင်စီကိုတိုက်စစ်မဖွင့်သေးပဲခုခံစစ်သာဆင်နွှဲနေတာပါ။အခုစစ်ကောင်စီရဲ့အဆင်အခြင်မဲ့လုပ်ရပ်ကြောင့်ကချင်ပြည်နယ်မှာတိုက်ပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့ခန့်မှန်းနေကြတယ်။ စစ်ကောင်စီဟာနွေဦးတော်လှန်ရေးမှာEAOအဖွဲ့တွေကိုမပါပါအောင်ဆွဲခေါ်နေသလိုပဲ။ပထမဆုံးKNUနယ်မြေထဲကလေးကေကော်ဒေသကိုစစ်ကြောင်းထိုးပြီးKNUကိုဆွဲခေါ်ခဲ့တယ်။ပြီးတော့အေအေစစ်စခန်းတစ်ခုကိုဗုံးကြဲတိုက်ခိုက်ပြီးငြိမ်သက်နေတဲ့ရခိုင်မှာအေအေနဲ့စစ်မျက်နှာအသစ်ဖွင့်ခဲ့တယ်။အခုလဲKIAကိုစစ်ကြေငြာလိုက်ပြီ။စစ်ကောင်စီဟာအိပ်နေတဲ့ကျားကိုသွားနိုးလိုက်တာပဲ။    

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၂။ (တနင်္လာ)

ဒီနွေဦးတော်လှန်ရေးကာလမှာအဆိုးရွားဆုံး၊ယုတ်မာအရိုင်းစိုင်းဆုံးလုပ်ရပ်တစ်ခုကိုစစ်ကောင်စီကကချင်ပြည်နယ်မှာကျူးလွန်ခဲ့တယ်။ကချင်ပြည်နယ်၊ဖားကန့်မြို့နားကအနန့်ပါကျေးရွာလေးမှာKIA/KIOနှစ်ပတ်လည်နေ့အကြိုအခမ်းအနားဖျော်ဖြေပွဲတစ်ခုမနေ့ညကပြုလုပ်ခဲ့တယ်။KIOကအရာရှိတွေ၊ကချင်အနုပညာရှင်တွေ၊ပြည်သူတွေအမြောက်အမြားရှိနေတဲ့ပွဲတစ်ခုကိုညကိုးနာရီလောက်မှာစစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲသွားတယ်။ပွဲခင်းထဲမှာရှိနေတဲ့ပြည်သူ၅၀ခန့်ပွဲချင်းပြီးသေဆုံးပြီး၁၀၀ခန့်ဒဏ်ရာအပြင်းအထန်ရကုန်တယ်။သေဆုံးသူတွေထဲမှာKIO/KIAအရာရှိတွေနဲ့ကချင်နာမည်ကြီးအနုပညာရှင်တွေပါသွားတယ်လို့ကနဦးသိရတယ်။တိုက်ပွဲမဖြစ်ပဲ၊စစ်ပွဲဧရိယာတစ်ခုမဟုတ်ပဲအရပ်သားတွေအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာပါ။ ဒါဟာစစ်ကောင်စီကအစုလိုက်အပြုံလိုက်လူသတ်မှု၊စစ်ရာဇဝတ်မှုကြီးကိုကျူးလွန်လိုက်တာပဲ။ပြီးတော့ကချင်တိုင်းရင်းသားတစ်ရပ်လုံးနဲ့KIOကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်တာပဲ။ဒီကိစ္စဟာလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး။နှစ်ဖက်လုံးမှာအကျိုးသက်ရောက်မှုတွေပြင်းထန်လာလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၂။ (တနင်္ဂနွေ)

FATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်တက်သွားခဲ့တဲ့ဒေါ်လာဈေးတွေဟာဒီနေ့မှာပဲယခင်နှုန်းထားတွေကိုပြန်ရောက်လာခဲ့ပါြပီ။တကယ်ဆိုရင်ထိုသတင်းနဲ့ဒေါ်လာဈေးတက်တာနဲ့ဘာမှမဆိုင်ဘူး။မြန်မာပြည်မှာကတစ်ခုခုဆိုဈေးဆွဲတင်ဖို့ပဲဝိသမလောဘသားစီးပွားရေးသမားတွေကချောင်းနေကြတယ်။သတင်းထွက်လာချိန်မှာပိတ်ရက်တွေဖြစ်နေတာကလဲအနည်းငယ်ခံသာသွားတယ်။ ဒါပေမယ့်ထိုအမည်မဲစာရင်းကြောင့်အခုကတည်းကကောင်းမနေတဲ့မြန်မာပြည်ရဲ့စီးပွားရေးကိုရေရှည်မှာအကြီးအကျယ်ထိခိုက်စေလိမ့်မယ်။ငွေကြေးလွဲပြောင်းမှုတွေကိုအဆင့်ဆင့်စစ်ဆေးတော့မှာဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေအလုပ်တွေအများကြီးပိုရှုပ်သွားမယ်။ဒါကြောင့်ပြည်ပရင်းနှီးမြုပ်နှံမှုတွေလုံးဝလာမှာမဟုတ်တော့ဘူး။ပြည်တွင်းမှာကျန်နေသေးတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလဲထွက်ကုန်တော့မှာပဲ။မြန်မာကျပ်ငွေတန်ဖိုးဟာချက်ချင်းထိုးမကျသေးပေမယ့်ဒေါ်လာလိုအပ်ချက်ပိုများလာတာကြောင့်တဖြည်းဖြည်းချင်းကျလာလိမ့်မယ်။အခုလက်ရှိကျဆင်းနေတဲ့မြန်မာစီးပွားရေးကိုအဆင်းမှာဘီးတက်ပေးသလိုဖြစ်လာလိမ့်မယ်။FATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်စစ်ကောင်စီတစ်ခုထဲမဟုတ်ဘဲပြည်သူတစ်ရပ်လုံးကိုပါထိခိုက်စေလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၂။ (စနေ)

ကမ္ဘာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကမြန်မာနိုင်ငံကိုအမည်မဲစာရင်းထဲထည့်သွင်းလိုက်တယ်။ထိုစာရင်းမှာအီရန်နဲ့မြောက်ကိုရီးယားလိုနိုင်ငံတွေဟာရှိခဲ့တာပါ။အခုမြန်မာဟာတတိယမြောက်နိုင်ငံအဖြစ်စာရင်းဝင်သွားတယ်။အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံကိုနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကသတိပေးထားခဲ့ပြီးစစ်ကောင်စီကမလိုက်နာခဲ့လို့ထိုစာရင်းထဲဝင်သွားခဲ့တယ်။ အကျိုးသက်ရောက်မှုကတော့ကြီးမားတယ်။နိုင်ငံတကာကပိတ်ဆို့မှုတွေမလာခင်မှာပဲပြည်တွင်းမှာနေ့ချင်းညချင်းဒေါ်လာဈေးတွေတက်ကုန်တယ်။ဈေးဝယ်စင်တာတွေမှာအလုအယက်ဝယ်ယူနေကြတယ်။စက်သုံးဆီဆိုင်တွေမှာကားတွေပြန်တန်းစီနေကြပြီ။ဘာမှန်းမသိပေမယ့်ပြည်သူတွေလန့်ဖြန့်ကုန်ကြပြီ။

Read moreDetails

လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးကြရတဲ့ KIO နှစ်ပတ်လည် အထိမ်းအမှတ်ည

ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ၆၂ မြောက် အထိမ်းအမှတ် ကျင်းပချိန် ရာချီရှိတဲ့လူတွေဟာ သီချင်းတွေနဲ့ပျော်ရွှင်နေချိန်မှာပဲ စစ်ကောင်စီရဲ့ စစ်လေယာဉ်တွေကနေ ပစ်ခတ်လိုက်တဲ့ ဗုံးတွေက လူစုလူဝေးထဲကို ကျ‌ရောက်ခဲ့ပါတယ်။ ပွဲကျင်းပနေတဲ့ နေရာက ဖားကန့်မြို့နယ် အနန့်ပါအရပ်ဖြစ်ပြီး လေကြောင်းနဲ့ ပစ်ခတ်ခံရတဲ့အချိန်ကတော့ အောက်တိုဘာ...

Read moreDetails

စားဝတ်နေရေးအတွက် တွေးပူနေရတဲ့ ချင်းပြည်သူတွေရဲ့သောက

ဆန်က ဖြတ် (၄) ဖြတ်မှာပါတဲ့ပုံစံဖြစ်တဲ့အခါမှာ ဆန်က ရောင်းလို့မရဘူး၊ ခွင့်ပြုချက်မရှိရင် သယ်လို့လည်းမရဘူး၊ ခွင့်ပြုချက်ရဖို့လည်း တော်တော်လေးတောင်းရတယ်” ဒီစကားကို ချင်းပြည်နယ်၊ မင်းတပ်မြို့ မြို့မိ/မြို့ဖအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီရဲ့ ဖြတ် (၄) ဖြတ်ပုံစံ လုပ်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောပြတာပါ။...

Read moreDetails
Page 136 of 235 1 135 136 137 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist