LATEST STORIES

အောက်တိုဘာ ၂၁၊ ၂၀၂၂။ (သောကြာ)

တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတဲ့ကရင်ပြည်နယ်မှာဒီနေ့မနက်ပိုင်းမှာပဲအာရှလမ်းမကြီးပေါ်ရှိကော့ကရိတ်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေကြတယ်။ပြီးခဲ့တဲ့လကလဲကော့ကရိတ်ကစစ်ကောင်စီအခြေစိုက်ရုံးတွေတိုက်ခိုက်ခံရသေးတယ်။ဒီတကြိမ်ကတော့ပိုပြီးပြင်းထန်တယ်။မြို့ထဲကရုံးတွေအကုန်တပြိုင်နက်တိုက်ခိုက်ခံရတာဖြစ်တယ်။ရဲစခန်းကိုဝင်ရောက်စီးနင်းလိုက်ပြီးအချုပ်ထောင်ကိုဖွင့်ပေးလိုက်လို့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်သွားကြတယ်။စစ်ကောင်စီဖက်ကလဲလက်နက်ကြီးတွေလေယာဉ်တွေနဲ့ပစ်ခတ်နေလို့ပြည်သူတွေထိခိုက်သေဆုံးမှုတွေရှိလာတယ်။ကောကရိတ်အခြေစိုက်စစ်တပ်ခမရ၉၇အထိမသိမ်းပိုက်နိုင်ပေမယ့်စစ်ကောင်စီကိုကောင်းကောင်းခြိမ်းခြောက်လိုက်နိုင်တယ်။ကော့ကရိတ်နဲ့ကပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးမြို့မြဝတီမှာလဲချက်ချင်းခြောက်ကပ်သွားပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတယ်။အာရှလမ်းမကြီးကတော့တိုက်ပွဲတွေကြောင့်အခုထိပိတ်ထားဆဲပဲ။ ဒီတိုက်ပွဲဟာစစ်ကောင်စီကိုအားစမ်းတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာအခုလိုမြို့သိမ်းတိုက်ပွဲပုံစံမျိုးမကြာမီဖြစ်လာတော့မယ်။ဒါပေမယ့်ဒေသတစ်ခုမှာတစ်မြို့ထဲကွက်ပီးသိမ်းဖို့ကြိုးစားရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဒေသတိုင်းမှာအချိန်ကိုက်အကောင်အထည်ဖော်နိုင်မှအောင်မြင်နိုင်မယ်။

Read moreDetails

အောက်တိုဘာ ၂၀၊ ၂၀၂၂။ (ကြာသပတေး)

မနေ့ကအင်းစိန်ထောင်ကပေါက်ကွဲမှုကြောင့်တနိုင်ငံလုံးကထောင်တွေမှာထောင်ဝင်စာတွေ့ခွင့်ကိုစစ်ကောင်စီကပိတ်ပင်လိုက်တယ်။သေဆုံးသွားတဲ့သူတွေထဲမှာအကျဥ်းကျနေတဲ့ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ရဲ့မိခင်လဲပါသွားတယ်။STAဆိုတဲ့မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုကတော့သူတို့လုပ်တာလို့ကြေငြာချက်ထုတ်ပြန်တယ်။ဒါပေမယ့်နီးစပ်သူတွေရဲ့အဆိုအရထိုအဖွဲ့ဟာဖမ်းဆီးခံရပြီးပျက်စီးသွားတာကြာပြီ။ထိုပေါက်ကွဲမှုကိုစစ်ကောင်စီကတော်လှန်ရေးအဖွဲ့တွေအပေါ်အပစ်ဖို့ပေမယ့်သိရတဲ့အချက်အလက်တွေအရသူတို့ကိုယ်တိုင်ထိုးကျွေးပြီးလုပ်တာလဲဖြစ်နိုင်တယ်။စစ်ကောင်စီကတော့ဘယ်တော့မှဝန်ခံမှာမဟုတ်ပဲလိမ်ညာနေဦးမှာပဲ။သူတို့အမှန်အတိုင်းပြောရင်တောင်ခုချိန်မှာဘယ်သူမှမယုံတော့ဘူးလေ။

Read moreDetails

အောက်တိုဘာ ၁၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြန်မာပြည်မှာအကြီးဆုံးထောင်ဖြစ်တဲ့အင်းစိန်ထောင်မှာပေါက်ကွဲမှုဖြစ်ပွားတယ်။ထောင်အဝရှိထောင်ဝင်စာပို့တဲ့နေရာမှာပါဆယ်ဗုံးပုံစံပေါက်ကွဲတာဖြစ်တယ်။ပေါက်ကွဲမှုကြောင့်ထောင်ဝန်ထမ်းတွေနဲ့ထောင်ဝင်စာလာတွေ့တဲ့ပြည်သူတွေသေဆုံးကုန်တယ်။ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်တပ်ကရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်လမ်းသွားလမ်းလာပြည်သူတွေလဲဒဏ်ရာရကြတယ်။ဒီလုပ်ရပ်ကိုဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့မသိရသေးဘူး။လူတွေကတော့ထင်ကြေးအမျိုးမျိုးပေးနေကြတယ်။စစ်တပ်ကလုပ်တာဖြစ်နိုင်သလိုမြို့ပြပျောက်ကြားတွေလက်ချက်လဲဖြစ်နိုင်တယ်။ ကရင်ပြည်နယ်မှာလဲတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံနဲ့အဓိကုန်သွယ်မှုပြုလုပ်နေတဲ့အာရှလမ်းမကြီးကိုဒီနေ့ပိတ်လိုက်ပြန်တယ်။ခရီးသွားတွေ၊ကုန်တင်ကားတွေရှေ့တိုးမရနောက်ဆုတ်မရပဲရောက်တဲ့နေရာမှာရပ်ထားရတယ်။ဒီကာလကြီးမှာခရီးသွားရတာဘယ်နေရာမှစိတ်မချရတော့တဲ့ပုံစံဖြစ်လာပြီ။

Read moreDetails

အောက်တိုဘာ ၁၈၊ ၂၀၂၂။ (အင်္ဂါ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘားအံရောက်ရှိနေစဉ်မှာပဲကရင်ပြည်နယ်အောက်ပိုင်းကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းနောက်တစ်ခုKNUရဲ့တိုက်ခိုက်ခြင်းကိုခံရလို့သေဆုံးမှုများပြီးအရာရှိအဆင့်တွေကိုပါအရှင်ဖမ်းမိလိုက်တယ်။ထိုစစ်ကြောင်းဟာအရင်လကတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မြဝတီဝေါလေဘက်ကိုထောက်ပို့လုပ်ရင်းအပြန်မှာတိုက်ခိုက်ခံရတာပဲ။လက်နက်တွေလဲအလက်၂၀လောက်သိမ်းဆည်းရမိလိုက်တယ်။ အခုဆိုရင်ကရင်ပြည်နယ်ထဲမှာမြို့တော်ဘားအံနားအနီးတဝိုက်ကလွဲပြီးတိုက်ပွဲတွေပြန့်နှံနေပြီ။KNU ဟာကရင်ပြည်နယ်သာမကပဲမွန်ပြည်နယ်ထဲမှာလဲမော်လမြိုင်နားတဝိုက်ကလွဲပြီးစစ်ရေးလှုပ်ရှားမှုတွေခပ်စိပ်စိပ်ပြုလုပ်နေတယ်။မနေ့ကတင်မွန်ပြည်နယ်ထဲမှာမင်းအောင်လှိုင်ရဲ့လုံခြုံရေးစစ်ကြောင်းတိုက်ခိုက်ခံလိုက်ရတာသက်သေပဲ။ထို့အပြင်တနသာရီတိုင်းထဲမှာလဲKNUနဲ့ PDF တွေပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်။မြန်မာပြည်ရဲ့အရှေ့တောင်ဖက်ပိုင်းဟာစစ်ကောင်စီအတွက်တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်းလာပြီ။

Read moreDetails

စစ်ကိုင်းတိုင်းမှာ နှစ်ပတ်အတွင်း ၃၄ ဦး သေဆုံးပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ခံရ

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း လူ ၃၄ ဦး သေဆုံးပြီး ကျေးရွာပေါင်း ၁၅ ရွာက နေအိမ်...

Read moreDetails

အာဏာရှင်တို့၏ လက်စွဲတော် လက်မရွံ့ ဦးခင်ရီ

အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ ဦးခင်ရီက စစ်ကောင်စီ ထောက်တိုင်ပါတီတွင် ဥက္ကဋ္ဌရာထူး ရလျှင်ရချင်း ဘီလူးဆိုင်းတီး၍ ထွက်လာသည်။ ကြံ့ခိုင်ရေးပါတီဟု လူသိများသည့် စစ်တပ်ကျောထောက်နောက်ခံ...

Read moreDetails

အောက်တိုဘာ ၁၇၊ ၂၀၂၂။ (တနင်္လာ)

မော်လမြိုင်ရောက်နေတဲ့မင်းအောင်လှိုင်ကိုလုံခြုံရေးယူပေးတဲ့စစ်ကြောင်းရန်ကုန်အပြန်လမ်းမှာတိုက်ခိုက်ခံလိုက်ရတယ်။KNUကအလစ်ချုံခိုတိုက်ခိုက်တာဖြစ်ပြီးစစ်တပ်ဖက်ကအရာရှိတွေအပါအဝင်အများအပြားသေဆုံးကုန်တယ်။မင်းအောင်လှိုင်ကတော့မော်လမြိုင်ကနေဘားအံကိုရဟတ်ယာဉ်နဲ့ပြန်သွားပြီ။အခုလိုမျိုးစစ်ကောင်စီရဲ့VVIPတွေကိုလုံခြုံရေးယူပေးနေတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတာဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဗျူဟာတစ်ဆင့်တက်လာတာလို့ပြောရမယ်။အရင်ကထိုလမ်းကြောင်းတွေဟာစစ်ကောင်စီအတွက်အေးအေးလူလူအနှောက်အယှက်လုံးဝမရှိပဲသွားလာလို့ရတဲ့နေရာတွေပဲ။အခုတော့ထိုနေရာတွေပါမလုံခြုံတော့ဘူး။ဒီဖြစ်ရပ်ဟာစစ်ကောင်စီထိပ်ပိုင်းကသူတွေကိုလဲခြောက်ခြားစေလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၁၆၊ ၂၀၂၂။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွန်ပြည်နယ်၊မော်လမြိုင်မြို့ကိုရောက်နေတယ်။ပထမတော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုသူ့အတွက်အထူးစီစဉ်တည်ဆောက်ထားတဲ့ရထားနဲ့သွားမလို့ပါ။ဒါပေမယ့်ထိုရထားတွဲသတင်းကိုခေတ်သစ်မီဒီယာကဓာတ်ပုံတွေနဲ့တကွဖော်ထုတ်လိုက်လို့သတင်းပေါက်ကြားသွားပြီးအရှက်ပြေမော်လမြိုင်ကိုရောက်ရှိနေတာဖြစ်တယ်။အခုနောက်ပိုင်းမှာစစ်တပ်ရဲ့လျို့ဝှက်သတင်းတချို့လူမှုကွန်ယက်တွေပေါ်ပေါက်ကြားနေလို့စစ်ကောင်စီအကြီးအကဲတွေခေါင်းကိုက်နေကြတယ်။မော်လမြိုင်မှာမင်းအောင်လှိုင်ဟာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲလုပ်ပြီးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ဆိပ်ကမ်းတွေတည်ဆောက်ပေးမယ်စသဖြင့်မဖြစ်နိုင်တာတွေကိုအရည်မရအဖတ်မရပြောသွားသေးတယ်။မင်းအောင်လှိုင်ဆိုတာသွားခဲ့သမျှခရီးတိုင်းအဲ့ဒီလိုပေါက်ပန်းလေးဆယ်တွေပြောနေကြပဲ။ဒီလိုရူးကြောင်ကြောင်လူတစ်ယောက်ခိုင်းသမျှလုပ်ပေးနေတဲ့စစ်ကောင်စီထဲလူတွေအားလုံးခေါင်းမရှိကြဘူးထင်တယ်။

Read moreDetails

အောက်တိုဘာ ၁၅၊ ၂၀၂၂။ (စနေ)

ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်လိုက်တယ်။ဒါကြောင့်သူမရဲ့ထောင်ဒဏ်စုစုပေါင်းဟာဟာအမှုတွေအားလုံးမပြီးပြတ်ခင်မှာပဲ၂၆နှစ်အထိရှိလာပြီ။သူမရဲ့လုံခြုံရေးခေါင်းဆောင်ကိုလဲထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားသေးတယ်။ စစ်ကောင်စီဟာဘယ်လောက်ထိယုတ်မာရိုင်းစိုင်းသလဲဆိုရင်ထောင်ဒဏ်ရက်စေ့လို့လွတ်မြောက်တော့မယ့်မန္တလေးမြို့တော်ဝန်ဦးရဲလွင်ကိုအမှုဆင်ပြီးထောင်ထပ်ချဖို့ပြင်ဆင်နေတယ်။သမ္မတကြီးဦးဝင်းမြင့်ရဲ့အမှုတွေအကြောင်းကိုတော့မသိရသေးဘူး။သူ့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတောင်မသိရဘူး။သတိထားမိသလောက်သမ္မတကြီးဦးဝင်းမြင့်ရဲ့သတင်းတွေပျောက်ကွယ်နေတာတော်တော်ကြာပြီ။

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၂။ (သောကြာ)

ပြည်သူတွေကူရာကယ်ရာမဲ့စစ်သူပုန်တွေစိတ်ရှိတိုင်းအနိုင်ကျင့်နေတဲ့ဖြစ်ရပ်တစ်ခုဧရာဝတီတိုင်းမှာဖြစ်ပွားခဲ့တယ်။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အရက်မူးနေတဲ့ ရဲ ၂ ဦးက ကုန်ကားကို ဝင်တိုက်ပြီး သေဆုံးခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကုန်ကားထဲက ပစ္စည်းတွေပြန်ရဖို့အတွက် ရဲစခန်းကို သိန်း ၆၀ ပေးခဲ့ရပါတယ်။ “ ကုန်တင်လာတဲ့ ကားက...

Read moreDetails
Page 137 of 235 1 136 137 138 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist