Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကိုင်းတိုင်းမှာ နှစ်ပတ်အတွင်း ၃၄ ဦး သေဆုံးပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ခံရ

October 26, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်း လူ ၃၄ ဦး သေဆုံးပြီး ကျေးရွာပေါင်း ၁၅ ရွာက နေအိမ် ၆၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။ အရပ်သား ရှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂၆ ဦးတို့ သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ထိုးစစ်ဆင်ချေမှုန်းတဲ့အခါ ထွက်မပြေးနိုင်တဲ့ အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းမိတဲ့အခါ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေကြောင့် အခုလို သေဆုံးမှု များလာတာလို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကတိုးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ရဲမှူး (ခေါ်) ဦးကျော်မြင့်ဦးနဲ့ အသက် ၂၇ အရွယ် ကိုဂျစ်တူး (ခေါ်) ကိုဇော်မင်းခိုင် တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံအမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

“တအား နှိပ်စက်ထားတာလေ။ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားကတည်းက နေပူထဲမှာပဲ ကြိုးတုပ်ထားတယ်။ ကြိုးတုပ်ထားပြီးတော့ တော်တော်များများကို နှိပ်စက်ထားတာ၊ တစ်ယောက်ဆိုလို့ရှိရင် ဓားနှောက်နဲ့ အထုခံထားရတဲ့ ဟာတွေရော၊ မျက်နှာဆိုလို့ရှိရင် ရစရာတောင် မရှိတော့ဘူး ထိုးကြိတ်ထားတာ၊ ရင်ဘတ်တွေရော တအား ရောင်နေတာ၊ သွားတွေကအစ အကုန်ကျွတ်ထွက်နေတာ အလောင်းမှာ တွေ့တဲ့အခါကျတော့။ သေနတ်ဒဏ်ရာက ကိုဂျစ်တူးက နှလုံးနေရာ တစ်ချက် တွေ့တယ်၊ ခေါင်းကလည်း ဓားနောက်နဲ့ ထုထားတဲ့အရာတစ်ခု တွေ့တယ်။ နောက်တစ်ယောက်ကျတော့ နှလုံးမှာ တစ်ချက်၊ အောက်မှာ တစ်ချက်နှစ်ချက်ရှင့် ”

ကတိုးကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် ဒေသခံ ၆၀ နီးပါးကို ဘုန်းကြီးကျောင်းထဲ ဖမ်းဆီးသွားပြီး ရိက္ခာသယ်ခိုင်းခဲ့သလို နောက်ထပ်ဒေသခံ ကိုးဦး ကိုလည်း ဖမ်းဆီးသွားတယ်လို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဒါန်းတိုင်ကျေးရွာ မှာစစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီးနောက် ဒေသခံတွေကို ကူညီကယ်ဆယ် ပေးနေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလအတွင်း စစ်ကိုင်းတိုင်းထဲမှာ အဆိုရွားဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်ခြေ ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ချောင်းဦးမြို့ နယ် ငါးလုံးတင်ကျေးရွာမှာ အရပ်သား လေးဦး အသတ်ခံခဲ့ရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ သတင်းတာဝန်ခံက RFA ကို ပြောပါတယ်။

“သေဆုံးသူရုပ်အလောင်းတွေက ငါးလုံးတင်ထဲမှာတွေ့တာ၊ တစ်ယောက်ကကျတော့ ဦးခေါင်းကို သေနတ်နဲ့ပစ်ပြီးတော့ ဓားကိုရင်ဘတ်ကပ်ထားတယ်။ သံပူ မီးပူတိုက်ပြီးတော့ ရင်ဘတ်ကပ်တဲ့ပုံစံမျိုး၊ နှိပ်စက်တဲ့ပုံစံတွေရှိတယ်။ တချို့က သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ မထွက်နိုင်ကြဘူးလေ။ အခြေနေတစ်ခုခုကြောင့် မထွက်နိုင်တာလည်းပါမယ်”

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေဟာ မီးလောင်ကျွမ်းနေတဲ့အတွက် ဘယ်သူတွေလဲဆိုတာ အခုချိန်ထိ အတိအကျမသိ ရသေးဘူးလို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က နှိပ်စက် သတ်ဖြတ်နေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ Burma Human Right Network က အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ ဥပမာ – PDF လူငယ်တွေကို သူတို့ဖမ်းလိုက်ပြီ။ အဲဒီဖမ်းမိသွားတဲ့ လူတွေက ဂျနီဗာကွန်ဗန်းရှင်း အရ သူတို့ကိုသုံ့ပန်း တစ်ယောက်အဖြစ် သေချာဂရုစိုက်ထားရမယ်။ ဒီလူတွေကိုညှဉ်းပန်းနှိပ်စက် ခွင့်မရှိဘူး။ သတ်ဖြတ်ခွင့်မရှိဘူး။ ကျနော်တို့ရထားတဲ့ စာရင်းတွေမှာလည်း အဲလိုမျိုး ဖမ်းဆီးခံရတဲ့လူငယ်တွေကိုတောင် သတ်ဖြတ် ခံရတာတွေရှိတယ်။ သတ်တဲ့ပုံစံလည်း တူတယ်။ ဖမ်းတဲ့ပုံစံလည်းတူတယ်။ နှိပ်စက်တဲ့ ပုံစံလည်း တူတယ်။ ဒါက သေသေချာချာ စနစ်တကျတဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒါကလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှု (Crime Against Humanity)သေချာပေါက် မြောက်တယ်။”

အမျိုးညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ လူသားတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအပြင် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေကိုပါ ကျူးလွန်နေတယ်လို့ RFA ကို ပြောပါတယ်။

“အရင်ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ပြစ်မှု (Crime and Humanity) လောက်ပဲပြောပါတယ်။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ ဖြစ်ပွားတဲ့ကိစ္စတွေက အထူးသဖြင့် စစ်ကိုင်းတိုင်းပေါ့နော် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုအထိ ကျနော်တို့ကောက်ချက်ချလို့ရတယ်။ စစ်အင်အားတွေကို ကြည်းတပ်က လှုပ်ရှားမှု မရနိုင်တဲ့အခါမှာ လေကြောင်းကနေ တိုက်ခိုက်မှုတွေ၊ လေကြောင်းက နေစစ်တပ်တွေ စေလွှတ်ပြီးတော့ ပစ်ခတ်တာက စစ်ပွဲပုံစံ ဖြစ်သွားပါပြီ”

ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ထိုက်ထိုက်တန်တန် အပြစ်ပေး အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အခုအောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက် အထိ စစ်ကိုင်းတိုင်းမှာ ကျေးရွာ ၁၅ ရွာက နေအိမ် ၆၀၄ လုံး မီးရှို့ခံခဲ့ရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်ရောက်ခဲ့တဲ့ ရွာတိုင်းနီးပါးမှာ မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ကျေးရွာအနီးနားကို စတင်ပစ်ခတ်ပြီးမှ ရွာထဲကို ဝင်လာလေ့ရှိကြောင်း ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ရွာတွေကို လာတဲ့အခါ သူတို့လုပ်နေကြ ထုံးစံတစ်ခုရှိတယ်။ မြေပြင်ကပဲလာလာ ဝေဟင်ကပဲလာလာ လက်နက်ကြီးတွေနဲ့ ရမ်းထုတယ်။ မြေပြင်ကလာရင်လည်း ရွာကိုမဝင်ခင် စပ်ကြားမှာရွာနဲ့ အနီးဝန်းကျင်ကို လိုက်ပြီးတော့ လက်နက်ကြီးတွေနဲ့ ထုတယ်ပေါ့ဗျာ၊ ထုပြီးပြီးဆိုမှ သူတို့မြေပြင်ကနေဝင်ပြီး စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးပြီးတော့ ကျေးရွာအတွင်းကို မွှေနှောက်ပြီး ရှာဖွေတယ်။ ရွှေတွေ့ရင် ရွှေယူတယ်။ ငွေတွေ့ရင်ငွေယူတယ်။ တန်ဖိုးရှိတာမှန်သမျှ သူတို့သယ်လို့ရတာမှန်သမျှ အကုန်လုံးသူတို့ယူတယ်။ ယူပြီးတဲ့နောက်ကျရင် သူတို့မီးရှို့ဖျက်ဆီးခဲ့တယ်။ အကြောင်းပြချက်ရှိသည်ဖြစ်စေ မရှိသည် ဖြစ် စေ၊ သူတို့က စစ်ကြောင်းထိုးတဲ့ ရွာတိုင်းကိုမီးရှို့ဖျက်ဆီးခဲ့တာပဲ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သူတို့တပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာမျိုး မလုပ်ဘူးလို့ အရင်က RFA က မေးမြန်းစဉ် ငြင်းဆိုခဲ့ဖူးပါတယ်။

အခုလို စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီတပ်ဖွဲ့က ပြင်းပြင်းထန်ထန် စစ်ဆင်ရေးတွေ လုပ်နေတာဟာ အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့်နှစ်အတွင်း တော်လှန်ရေး အဆုံးသတ်မယ်လို့ ကြေညာတဲ့အပေါ် စစ်ကောင်စီက စိုးရိမ်နေပုံရတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA က ပြောပါတယ်။

“NUG ကနေပြီးတော့ ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေးရဲ့ ဆုံးသတ်အောင်ပွဲနှစ်လို့ ကြေညာပြီးတော့ တိုင်းဒေသအသီးသီးမှာရှိနေတဲ့ အင်အားစုတွေကို စိတ်ဓာတ်ရေးရာ အရ ဒီပေါ်မှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ စစ်ကောင်စီက သူ့ရဲ့ လုံခြုံရေးအင်အားစုတွေကို လွှတ်ပြီးတော့ စစ်ကိုင်းတိုင်းကို ချေမှုန်းတာ။ စစ်ကိုင်းတိုင်းကို ဘာကြောင့်လုပ်တာလဲ ဆိုတော့ စစ်ကိုင်းတိုင်းကလည်း ဗမာပြည်ရဲ့ အလယ်ပိုင်းလွင်ပြင်မှာ ခုခံစစ် တော်လှန်စစ်ကို ပြင်းထန်စွာခုခံနေတဲ့ အတွက်ကြောင့် စစ်ကိုင်းတိုင်းကို ပိုပြီးတော့ နှိပ်ကွပ်ဖို့လိုတယ်လို့ ယူဆတဲ့ သဘောထားနဲ့ အကြမ်းဖက်တိုက်ခိုက်ရေး လှုပ်ရှားမှုတွေ တဆင့်တိုးလုပ်ဆောင်နေတယ်လို့ မြင်ပါတယ်”

စစ်ကိုင်းတိုင်းထဲက ရွာလုံးကျွတ်မီးရှို့ခံရတာ၊ ဒေသခံတွေ သတ်ဖြတ်ခံရတာတွေကို ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူရဦးမှာ ဖြစ်တယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။

အခုအချိန်အထိ စစ်ကိုင်းတိုင်းအတွင်း ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်ကြသေးသလို စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာတောတောင်နဲ့ ဆွေမျိုးသားချင်းတွေထံမှာ ဖြစ်သလို ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက် မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံးဖြစ်ပါတယ်။ အာဏာသိမ်း လ ၂၀ ကျော်အတွင်း စစ်ကိုင်းတိုင်း တစ်တိုင်းတည်းမှာ အရပ်သား သေဆုံးမှုက ၁၅၁၂ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

Source – RFA

 

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English