တိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတဲ့ကရင်ပြည်နယ်မှာဒီနေ့မနက်ပိုင်းမှာပဲအာရှလမ်းမကြီးပေါ်ရှိကော့ကရိတ်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေကြတယ်။ပြီးခဲ့တဲ့လကလဲကော့ကရိတ်ကစစ်ကောင်စီအခြေစိုက်ရုံးတွေတိုက်ခိုက်ခံရသေးတယ်။ဒီတကြိမ်ကတော့ပိုပြီးပြင်းထန်တယ်။မြို့ထဲကရုံးတွေအကုန်တပြိုင်နက်တိုက်ခိုက်ခံရတာဖြစ်တယ်။ရဲစခန်းကိုဝင်ရောက်စီးနင်းလိုက်ပြီးအချုပ်ထောင်ကိုဖွင့်ပေးလိုက်လို့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်သွားကြတယ်။စစ်ကောင်စီဖက်ကလဲလက်နက်ကြီးတွေလေယာဉ်တွေနဲ့ပစ်ခတ်နေလို့ပြည်သူတွေထိခိုက်သေဆုံးမှုတွေရှိလာတယ်။ကောကရိတ်အခြေစိုက်စစ်တပ်ခမရ၉၇အထိမသိမ်းပိုက်နိုင်ပေမယ့်စစ်ကောင်စီကိုကောင်းကောင်းခြိမ်းခြောက်လိုက်နိုင်တယ်။ကော့ကရိတ်နဲ့ကပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးမြို့မြဝတီမှာလဲချက်ချင်းခြောက်ကပ်သွားပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတယ်။အာရှလမ်းမကြီးကတော့တိုက်ပွဲတွေကြောင့်အခုထိပိတ်ထားဆဲပဲ။
ဒီတိုက်ပွဲဟာစစ်ကောင်စီကိုအားစမ်းတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာအခုလိုမြို့သိမ်းတိုက်ပွဲပုံစံမျိုးမကြာမီဖြစ်လာတော့မယ်။ဒါပေမယ့်ဒေသတစ်ခုမှာတစ်မြို့ထဲကွက်ပီးသိမ်းဖို့ကြိုးစားရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဒေသတိုင်းမှာအချိန်ကိုက်အကောင်အထည်ဖော်နိုင်မှအောင်မြင်နိုင်မယ်။