စစ်ကိုင်းတိုင်းတမူးမြို့နယ်မှာအမျိုးသမီးတစ်ဦးလမ်းပေါ်မှာနှိပ်စက်ခံရပြီးပစ်သတ်လိုက်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တယ်။ဗီဒီယိုဖိုင်တွေလဲပျံ့နှံလာတယ်။ထူးခြားတာကစစ်တပ်ကလုပ်တာမဟုတ်ပဲတော်လှန်ရေးအဖွဲ့တစ်ခုကကျူးလွန်လိုက်တာပါ။ထိုအမျိုးသမီးဟာNon CDMဆရာမတစ်ဦးဖြစ်ပြီးစစ်တပ်သတင်းပေးလို့သတ်မှတ်ကာသတ်ဖြတ်လိုက်တာတဲ့။တကယ်ကထိုအမှုလောက်နဲ့လူတစ်ယောက်ကိုသတ်စရာအကြောင်းမရှိပါဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကလဲနယ်တွေမှာဖြစ်ပွားဖူးတယ်။ဒါပေမယ့်ဒီလောက်အသံထွက်မလာခဲ့ဘူး။စစ်ကောင်စီအတွက်ကတော့တော်လှန်ရေးအဖွဲ့တွေကိုထိုးချစရာအကွက်တွေ့သွားတာပေါ့။
NUGကတော့ထိုဖြစ်စဉ်ကိုသူတို့လက်အောက်ခံအဖွဲ့တစ်ခုကလုပ်တယ်ဆိုတာဝန်ခံသွားတယ်။စုံစမ်းစစ်ဆေးအပစ်ပေးမှုတွေပြုလုပ်သွားမယ်လို့ဆိုတယ်။တစ်ခုအမှတ်ယူစရာကောင်းတာကNUGဟာလူသိများလာတဲ့ဒီလိုကိစ္စမျိုးအပေါ်မှာစစ်ကောင်စီလိုခေါင်းမရှောင်ဘူး။လွှဲမချဘူး။တာဝန်ယူမှု၊တာဝန်ခံမှုတွေနဲ့အလုပ်လုပ်သွားတယ်။ဒါပေမယ့်မြေပြင်မှာကိုယ့်အဖွဲ့တွေဒီလိုမျိုးထပ်ပြီးမကျူးလွန်အောင်တင်းတင်းကျပ်ကျပ်ကိုင်တွယ်သင့်တယ်။