LATEST STORIES

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်မှာတစ်နေ့ကဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုကလွတ်မြောက်လာခဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဦးဆောင်တဲ့စစ်တပ်နဲ့လူမိုက်တွေဟာရပ်ကွက်စျေးတန်းကိုဖျက်စီးခဲ့ပါတယ်။စစ်တပ်နဲ့လူမိုက်တွေဟာဓားတွေတုတ်တွေကိုင်ဆောင်ပြီးအင်အားအလုံးအရင်းနဲ့ဖျက်စီးသွားတာပါ။ဘူဒိုဇာတွေလဲပါလာလို့စျေးသည်တွေဟာဘာပစ္စည်းမှမယူနိုင်ပဲထွက်ပြေးကြရတယ်။ရပ်ကွက်စျေးကိုဖျက်စီးတဲ့အပြင်ရပ်ကွက်ထဲမှာအပြင်ထွက်နေသူတွေကိုပါရန်ပြုနှောက်ယှက်ကြသေးတယ်။ထိုရပ်ကွက်မှာပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်တပ်ကလူငယ်သုံးဦးကိုလဲရိုက်နှက်ဖမ်းဆီးသွားသေးတယ်။စစ်သူပုန်တွေဟာPDFတွေကိုမနိုင်တိုင်းပြည်သူကိုမဲပြီးရန်ရှာမှုတွေကိုတနိုင်ငံလုံးမှာကျူးလွန်လျက်ရှိတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ထူးကြီးရွာကိုမနေ့ကစစ်သူပုန်တွေမီးဝင်ရှို့ခဲ့တယ်။နေအိမ်၆၀၀လောက်ရှိတဲ့ထူးကြီးရွာဟာယက်ကန်းလုပ်ငန်းနဲ့အသက်မွေးတဲ့ရွာဖြစ်ပြီးနေအိမ်ပေါင်းလေးရာကျော်မီးရှို့ခံလိုက်ရသလိုစက်ရက်ကန်း၊လက်ရက်ကန်းစင်၂၀၀ကျော်ဟာလဲစစ်သူပုန်တွေမီးရှို့တဲ့အထဲပါသွားခဲ့တယ်။စစ်သူပုန်တွေဟာPDFတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှို့သွားတာပဲ။မဟုတ်လဲထိုနယ်တွေမှာရွာစဉ်လှည့်ပြီးစစ်တပ်ကမီးရှို့နေကြပဲ။PDFကိုယှဉ်ပြီးတိုက်ဖို့မလွယ်တော့သူတို့နိုင်တဲ့ပြည်သူလောက်ကိုပဲမဲပြီးမီးရှို့သွားတာပါ။အဆိုပါရွာကရက်ကန်းစင်တွေမီးရှို့ခံလိုက်ရတာအတော်အထိနာတယ်။စက်ယက်ကန်းကသံပုံပဲကျန်တယ်။ သစ်သားအိမ်တွေကပြာပုံပဲကျန်တယ်။စစ်သူပုန်တွေဟာထူးကြီးရွာတင်မကပဲအနီးအနားကကျေးရွာတွေကနေအိမ်တွေကိုပါမီးရှို့ခဲ့တယ်။အခုချိန်မှာစက်ရက်ကန်းတစ်စင်ကို၂၅သိန်းနဲ့လက်ရက်ကန်းတစ်စင်ကို၆သိန်းကျော်တန်ဖိုးရှိပါတယ်။အခုတော့ဒေသခံတွေဟာရှောင်ပြေးနေရပြီးပြန်လည်ထူထောင်ဖို့ခက်ခဲနေပါပြီ။ရက်ကန်းလုပ်ငန်းကိုပြန်လည်ထူထောင်ဖို့မပြောနဲ့၊အိမ်တောင်မှမနည်းပြန်ဆောက်ပြီးနေရမှာဖြစ်နေတော့ဒီအမွေအနှစ်လုပ်ငန်းကိုစွန့်ခွာပြီးတခြားမှာအလုပ်ထွက်လုပ်ရတဲ့သူတွေရှိလာလိမ့်မယ်။ဒီရက်ကန်းစင်တွေကိုပြန်ပြင်နိုင်တယ်ဆိုရင်တောင်မှစစ်တပ်ကနောက်တကြိမ်လာပြီးမီးမရှို့ဘူးလို့မပြောနိုင်ဘူးလေ။

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။ (တနင်္လာ)

ဒီနေ့အတွက်က ဒီသတင်းတွေနဲ့ကိုအတော်လေး မိုက်နေပါပြီလေ။ မွန်ပြည်နယ် ရေး မြို့အထွက်မှာရှိတဲ့စစ်ကောင်စီတံတားကြီးစခန်းကိုရေးဘီလူးအဖွဲ့သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ် ၁၅ ဦးခန့်သေဆုံးတယ်။ ပဲခူးတိုင်းရေတာရှည်မှာလည်းပဲ ခူးရိုးမထဲနယ်မြေရှင်းလင်းရေးလုပ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုPDFတွေကြားဖြတ်တိုက်ခိုက်ရာမှာ၃၀ဦးထက်မနည်းသေဆုံးသွားတယ်။ ရှမ်းတောင် ကယားပြည်နယ်စပ်မှာလဲစစ်ကောင်စီတပ်က၁၅ကောင်သေပြီး၅ကောင်အရှင်မိတယ်လို့သိရတယ်။မကွေးတိုင်းယောဒေသထဲမှာလည်းတိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ် ၂၅ကောင်သေပြန်တယ်။စစ်ကိုင်းမုံရွာကျောက်ကြီးတောင်ဗောဓိတထောင်တောင်ပေါ်မှာရှိတဲ့စစ်ကောင်စီ အထိုင်စခန်းကို PDFတပ်ပေါင်းစုက ဝင်တိုက်ခိုက်ရာ၇ကောင်သေတယ်လို့ သိရပါတယ်။ဒီနေ့တစ်ရက်ထဲတင်စုစုပေါင်း...

Read moreDetails

ဖေဖော်ဝါရီ ၀၇၊ ၂၀၂၃။ (အင်္ဂါ)

UK နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ London မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့လို့သိရတယ်။UK လိုနိုင်ငံကြီးတစ်ခုကနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် လက်ခံတွေ့တယ်ဆိုတာကြီးမားတဲ့ အောင်မြင်မှုပါ။ပုံတွေ ကြည့်မယ်ဆိုရင်လည်းဗြိတိန်အလံနဲ့ မြန်မာအလံကိုနောက်ခံထားတာတွေ့ရတယ်။ဒါလည်း လေးနက်တဲ့ပြယုဂ်ပါပဲ။UK ဟာ ဒီနောက်ပိုင်းမှာမြန်မာအရေးနဲ့ပတ်သက်ပြီးလှုပ်ရှားမှု အရေးယူမှုတွေပိုပြီးလုပ်ဆောင်လာတယ်။၂၀၂၂...

Read moreDetails

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၃။ (တနင်္လာ)

မနေ့ကပြောခဲ့တဲ့ငွေကြေးဖောင်းပွမှုနှုန်းကအတော်ကြောက်စရာကောင်းတယ်။ဒီနေ့ဆိုသုံးနေကြဆပ်ပြာဘူးတစ်ဘူးဝယ်ခဲ့တာမှာဈေးနှုန်းက၁၀၀၀ကနေ၂၅၀၀အထိတက်သွားတယ်။ဒါဟာအခုတလောအတွင်းမှာပဲဖြစ်နေတဲ့အခြေအနေကိုပြောပြတာ။တချို့ပစ္စည်းတွေဆိုရင်နှစ်ဆသုံးဆကျော်အထိခုန်တက်သွားတယ်။အထူးသဖြင့်သွင်းကုန်ပစ္စည်းတွေပေါ့။စစ်ကောင်စီဟာသူတို့ဒေါ်လာတွေထွက်သွားမှာစိုးလို့သွင်းကုန်လိုင်စင်တွေမချပေးပဲအလွန်အမင်းတင်းကြပ်ထားတယ်။ဒီနိုင်ငံမှာကလဲအပ်တိုတချောင်းတောင်မထုတ်နိုင်တော့အများစုဟာသွင်းကုန်တွေကိုပဲအားကိုးနေရတာပိုဆိုးကုန်တာပေါ့။ကုန်စျေးနှုန်းကအနည်းဆုံးနှစ်ဆတက်သွားပေမယ့်လစာဝင်ငွေတွေကတိုးမလာတဲ့အပြင်တချို့ဆိုအလုပ်လက်မဲ့တွေပါဖြစ်ကုန်ကြပြီ။စစ်ကောင်စီဆက်လက်တည်မြဲနေသ၍အခြေအနေတွေဟာတိုးတက်မလာပဲဆက်လက်ဆိုးရွားလာဖို့ပဲရှိမယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၅၊ ၂၀၂၃။ (တနင်္ဂနွေ)

ကမ္ဘာ့ဘဏ်ကဒီနှစ်မှာမြန်မာ့စီးပွားရေးသုံးရာခိုင်နှုန်းတက်လာမယ်လို့ခန့်မှန်းထားတယ်။ဒါပေမယ့်တကယ့်မြေပြင်အခြေအနေမှာမနှစ်က၁၈ရာခိုင်နှုန်းကျုံဝင်သွားတဲ့စီးပွားရေးဟာဘယ်လိုမှပြန်လည်တိုးတက်လာခြင်းမရှိသေးဘူး။သင်္ချာနည်းနဲ့တွက်ရင်ဒီနှစ်မှာသုံးရာခိုင်နှုန်းတက်လာရင်တောင်မှအာဏာမသိမ်းမီကထပ်၁၅ရာခိုင်နှုန်းကျုံဝင်နေဆဲပဲ။ဒါကြောင့်စစ်ကောင်စီကဘယ်လိုပဲပြေလည်နေပါတယ်လို့ပြောနေပေမယ့်တပြည်လုံးကြပ်တည်းနေဆဲပဲဆိုတာအထင်အရှားမြင်နိုင်တယ်။စစ်ကောင်စီအတွက်ကံကောင်းသွားတာကပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာမြန်မာငွေတန်ဖိုးထိုးကျပြီးနောက်ပိုင်းဆိုးဆိုးရွားရွားထပ်မဖြစ်တော့တာပဲ။လက်ရှိအချိန်မှာစစ်ကောင်စီဟာကျပ်ငွေတန်ဖိုးနဲ့မြန်မာ့စီးပွားရေးတစ်ခုလုံးကိုထိန်းချုပ်လိုက်နိုင်တဲ့အခြေအနေမှာရှိတယ်။ဒါပေမယ့်လဲငွေကြေးဖောင်းပွမှုဆက်လက်မြင့်တက်နေသ၍အခြေခံလူတန်းစားတွေကတော့ဒီဒဏ်ကိုခါးစည်းပြီးခံနေရဦးမှာပဲ။  

Read moreDetails

ဖေဖော်ဝါရီ ၀၄၊ ၂၀၂၃။ (စနေ)

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်ရွှေပြည်အေးမြို့သစ်ဘက်ကတိုက်ပွဲတွေမှာစစ်တပ်ကရဟတ်ယာဉ်တစ်စီးကိုPDFတွေပစ်ချနိုင်ခဲ့တယ်။ထိုဒေသမှာဖေဖော်ဝါရီလ၁ရက်နေ့ကတည်းကတိုက်ပွဲတွေပြင်းထန်နေပြီးရွှေပြည်မြို့သစ်ကိုPDFတွေထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒီနေ့မှာတော့စစ်တပ်ဘက်ကသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်။၂၀၂၁နောက်ပိုင်းမှာPDFတွေဘက်ကပထမဆုံးပစ်ချနိုင်တဲ့ရဟတ်ယာဉ်ပဲ။ဘာလက်နက်နဲ့ပစ်ချခဲ့တယ်ဆိုတာကိုတော့ထုတ်မပြောသွားဘူး။ဒီတကြိမ်နဲ့ဆိုတော်လှန်ရေးကာလမှာစစ်တပ်ဘက်ကရဟတ်ယာဉ်တွေကိုဖျက်စီးနိုင်တာသုံးစီးရှိသွားပြီ။၂၀၂၁မှာပဲကချင်ပြည်နယ်မှာKIAကတစ်စီးပစ်ချခဲ့တယ်။၂၀၂၂မှာတော့ချင်းပြည်နယ်ဖက်မှာတစ်စီးပျက်ကျခဲ့တယ်။အခု၂၀၂၃နှစ်ဦးပိုင်းမှာပဲနောက်ထပ်တစ်စီးကိုပစ်ချနိုင်ခဲ့ပြီလေ။

Read moreDetails

စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေခြင်းကြောင့် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ဒေသခံ ၁၃,၀၀၀ ကျော် အရေးပေါ်ရှောင်တိမ်းနေရ

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ပုသိမ်-မုံရွာလမ်းပေါ်ရှိ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ ၁၁ ရွာမှ ပြည်သူ ၁၃,၀၀၀ ကျော်သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။ “စစ်ကြောင်းက ယင်းမာပင်မြောက်ခြမ်းကတဆင့် အရပ်အခေါ်...

Read moreDetails

ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော

၂၀၂၁ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား  ၁၉၆၂ ခုနှစ် မတ်လက မြန်မာစစ်တပ် ပထမဆုံးအကြိမ် အာဏာသိမ်းပြီး‌နောက် မြန်မာနိုင်ငံတွင် လူထုဆန္ဒပြပွဲများနှင့် အကြမ်းဖက်ဖိနှိပ်မှု၏ ဆိုးရွားသော သံသရာသာ လည်နေပြီး ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို...

Read moreDetails

ဖေဖော်ဝါရီ ၀၃၊ ၂၀၂၃။ (သောကြာ)

မနေ့ကဒေသတချို့ကိုမာရှယ်လောထုတ်ပြန်လိုက်တဲ့အပေါ်တချို့ကစိုးရိမ်မှုတချို့ရှိကြတယ်။ထိုဒေသတွေအပေါ်မှာစစ်ကောင်စီကပိုမိုကြမ်းရမ်းလာမလားပေါ့။မြေပြင်အခြေအနေအရပြောရရင်အခုလဲတနိုင်ငံလုံးလိုလိုမှာကြမ်းရမ်းနေတာပဲလေ။မီးကုန်ယမ်းကုန်သတ်မယ် ဖြတ်မယ်။ သူတို့မရရအောင် အုပ်ချုပ်မယ်။ တကယ်တော့ သူတို့က ဒူးထောက်ပြီး မကြာခင် အညံ့ခံရမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ မထူးဇာတ်ခင်းတာပဲ။ တိုင်းပြည်ကို သွေးချောင်းစီးအောင်လုပ်တာ၊ မီးဟုန်းဟုန်း တောက်အောင် ထပ်လုပ်တာပဲ။ ပြည်သူလူထုအနေနဲ့ကတော့ သူတို့စစ်အုပ်ချုပ်ရေးပဲပြောပြော ဘယ်လိုနည်းနဲ့ပဲ အုပ်ချုပ်...

Read moreDetails
Page 121 of 235 1 120 121 122 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist