ဒီနေ့အတွက်က ဒီသတင်းတွေနဲ့ကိုအတော်လေး မိုက်နေပါပြီလေ။ မွန်ပြည်နယ် ရေး မြို့အထွက်မှာရှိတဲ့စစ်ကောင်စီတံတားကြီးစခန်းကိုရေးဘီလူးအဖွဲ့သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ် ၁၅ ဦးခန့်သေဆုံးတယ်။ ပဲခူးတိုင်းရေတာရှည်မှာလည်းပဲ ခူးရိုးမထဲနယ်မြေရှင်းလင်းရေးလုပ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုPDFတွေကြားဖြတ်တိုက်ခိုက်ရာမှာ၃၀ဦးထက်မနည်းသေဆုံးသွားတယ်။ ရှမ်းတောင် ကယားပြည်နယ်စပ်မှာလဲစစ်ကောင်စီတပ်က၁၅ကောင်သေပြီး၅ကောင်အရှင်မိတယ်လို့သိရတယ်။မကွေးတိုင်းယောဒေသထဲမှာလည်းတိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ် ၂၅ကောင်သေပြန်တယ်။စစ်ကိုင်းမုံရွာကျောက်ကြီးတောင်ဗောဓိတထောင်တောင်ပေါ်မှာရှိတဲ့စစ်ကောင်စီ အထိုင်စခန်းကို PDFတပ်ပေါင်းစုက ဝင်တိုက်ခိုက်ရာ၇ကောင်သေတယ်လို့ သိရပါတယ်။ဒီနေ့တစ်ရက်ထဲတင်စုစုပေါင်း ၉၆ကောင်သေပါတယ်။ ဒါဟာ ဒီတိုက်ပွဲစာရင်းပဲရှိသေးပဲရှိသေးတာဖြစ်ပြီးသတင်းမထုတ်ပြန်တဲ့တိုက်ပွဲတွေအများကြီးရှိသေးတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။