LATEST STORIES

မတ် ၀၄၊ ၂၀၂၃။ (စနေ)

မြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။ ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။ နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။

Read moreDetails

မတ် ၀၃၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ မတ်(၁)ရက်မှာ စီးနင်းဝင်မွှေ သောင်းကျန်းတဲ့ စစ်အုပ်စုဟာ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီးနောက် လမ်းတဝက်မှာ သတ်ဖြတ်ထားခဲ့တဲ့ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း အလောင်း (၁၇)လောင်း တွေ့ထားတယ်။ စစ်အုပ်စုဟာ...

Read moreDetails

မတ် ၀၂၊ ၂၀၂၃။ (ကြာသပတေး)

အိမ်နီးချင်းအိန္ဒိယနိုင်ငံဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေဆက်လက်ရောင်းချနေတယ်။မြန်မာ့အရေးမှာစစ်ကောင်စီကိုထောက်ခံနေတဲ့နိုင်ငံတွေထဲမှာတရုတ်ကိုသာလူသိများကြပေမယ့်အိန္ဒိယကတော့နောက်ကွယ်ကနေလူမသိသူမသိစစ်ကောင်စီကိုထောက်ပံလျက်ရှိတယ်။အိန္ဒိယကထောက်ပံထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့မြန်မာစစ်တပ်ဟာပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဒါအချက်ကိုအတော်များများသတိမထားမိကြဘူး။နယ်စပ်ကစစ်ဘေးရှောင်မြန်မာဒက္ခသည်တွေကိုလဲတရားဝင်ခုံလှုံခွင့်ပေးမထားဘူး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေးစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အိန္ဒိယရဲ့လုပ်ရပ်တွေဟာမြန်မာပြည်သူတွေအပေါ်နောက်ကျောကနေဓားနဲ့ထိုးနေတာပဲ။

Read moreDetails

မတ် ၀၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

သုံးလနီးပါးပိတ်ထားခဲ့တဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပြန်ဖွင့်ပေးလိုက်တယ်။အွန်လိုင်းမှတဆင့်လျှောက်ထားမှုကိုရန်ကုန်မြို့မှာပဲဆက်လက်ကျင့်သုံးနေပြီးနယ်ရုံးခွဲတွေမှာတော့ပုံမှန်အတိုင်းပဲတဲ့။နယ်မြို့တွေမှာသိပ်မသိသာပေမယ့်ရန်ကုန်ပတ်စပို့ရုံးမှာတောQRလျှောက်ဖို့Websiteထဲတောင်ဝင်မရဘူး။QRလျှောက်ထားမှုကိုလဲတစ်ရက်သာဖွင့်ပေးပြီးအခုအချိန်ထိဆက်လက်ပိတ်ထားတယ်။ပထမဆုံးတစ်ရက်နဲ့တင်QRရရှိသူငါးသောင်းတယ်လို့Websiteမှာကြေငြာထားတယ်။ဒီနှုန်းကိုအချိုးချကြည့်လိုက်ရင်တနိုင်ငံလုံးလူအကုန်ပတ်စပို့လုပ်ပြီးပြည်ပကိုထွက်ကြမလားပဲ။မန္တလေးရုံးမှာဆိုရင်လည်းဘိုကင်တွေဟာဒီနှစ်ကုန်ထိပြည့်နေပြီး၂၀၂၄ထဲတောင်ရောက်နေပြီ။တိုင်းပြည်ဟာစစ်အာဏာရှင်လက်အောက်ရောက်နေတော့လူတွေလဲပြည်ပထွက်ဖို့ပဲအသည်းအသန်ကြိုးစားနေကြတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။ (အင်္ဂါ)

ရခိုင်မှာလိုပဲချင်းပြည်နယ်မှာလဲကုန်စည်တင်ပို့မှုကိုစစ်ကောင်စီကပိတ်ပင်ထားတာကြောင့်အခြေခံစားကုန်တွေစျေးနှုန်းမြင့်တက်နေတယ်။မတူပီမြို့မှာဆိုဆန်ပြတ်လတ်တဲ့အခြေအနေအထိဖြစ်နေပြီ။ပြည်မကတင်သွင်းလာတဲ့ဆန်နဲ့စားသောက်ကုန်တွေကိုစစ်ကောင်စီတပ်တွေကဓားမြဆန်ဆန်အတင်းအဓ္ဓမသိမ်းယူနေတယ်။ကယားပြည်နယ်မှာလဲအလားတူပါပဲ။စစ်ရှောင်တွေရိက္ခာပြတ်လတ်နေကြပြီ။ ရခိုင်ပြည်နယ်ကိုမှာအေအေရှိနေတယ်။ချင်းနဲ့ကယားမှာလဲသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကနယ်မြေထိန်းချုပ်ထားတယ်။ဒါပေမယ့်ထိုဒေသတွေအားလုံးဟာနယ်စပ်ထွက်ပေါက်ပြောပလောက်အောက်မရှိပဲကုန်စည်စီးဆင်းမှုအတွက်ပြည်မကိုမှီခိုနေရတယ်။ဒါကြောင့်စစ်ကောင်စွဟာထိုဒေသတွေကပြည်သူတွေဒုက္ခရောက်အောင်တည်းအမျိုးမျိုးနဲ့ယုတ်မာနေတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။ (တနင်္လာ)

မနှစ်ကနှစ်ကုန်ပိုင်းလောက်မှာရခိုင်မှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုချိန်ထိဆေးဝါးသယ်ယူခွင့်ပိတ်ပင်ခံထားရတယ်။အခုအချိန်မှာအေအေနဲ့အပစ်ရပ်ပြီးတိုက်ပွဲတွေငြိမ်သက်နေလို့ကုန်စည်အတော်များများကိုသယ်ယူရောင်းဝယ်ခွင့်ပေးလိုက်ပေမယ့်အရေးကြီးတဲ့ဆေးဝါးတွေကိုတော့သယ်ယူခွင့်မရဖြစ်နေတယ်။ဆေးဝါးသယ်ချင်ရင်စစ်ကောင်စီဝန်ကြီးထံစာတင်ပြီးခွင့်ပြုချက်ယူနေရတယ်။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုရောက်လာပြီးတပ်ထဲမှာတွေ့ဆုံပွဲတွေလုပ်နေတယ်။ဒါကိုအေအေကသတိထားစောင့်ကြည့်နေတယ်။မင်းအောင်လှိုင်ရခိုင်ကိုရောက်လာတာဟာပိတ်ဆို့မှုတွေခံနေရတဲ့ရခိုင်ပြည်သူတွေအတွက်အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းလာရင်တော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တယ်လို့အေအေကပြောထားတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတနိုင်ငံလုံးမှာဒီနှစ်ထဲပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမယ်လို့မနေ့ကပြောသွားတယ်။ဒါဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲမလုပ်ချင်တော့လို့ဒါမှမဟုတ်လုပ်လို့မရတဲ့အခြေအနေမျိုးဖြစ်နေလို့ရွှေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့အကြောင်းပြချက်ရှာစကားဟလိုက်တာပဲ။ပြီးခဲ့တဲ့လကရွှေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက်ယူမယ့်လုပ်ငန်းစဉ်တွေကိုစတင်ခဲ့ပေမယ့်ပြင်းထန်တဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ရွှေးကောက်ပွဲလုပ်ဖို့အခြေအနေမကောင်းတာကြောင့်အကြောင်းပြချက်တစ်ခုရှာဖို့လိုနေပြီလေ။သူတို့ကောက်မယ့်သန်းခေါင်းစာရင်းဆိုတာလဲရွှေးကောက်ပွဲလိုပဲဖြစ်နိုင်မှာမဟုတ်ဘူး။နိုင်ငံတဝက်လောက်ကိုမထိန်းချုပ်နိုင်ပဲနဲ့သန်းခေါင်စာရင်းလဲကောက်လို့မရနိုင်ဘူး။ဒါဟာနိုင်ငံတကာကိုလိမ်ညာဖို့ကြိုးစားနေတာပဲ။

Read moreDetails

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။ (စနေ)

USရဲ့မြန်မာနိုင်ငံဆိုင်ရာBurmaActဥပဒေဟာမကြာမီမှာအသက်ဝင်လာမယ့်သဘောရှိတယ်။ဒီအချက်ကြောင့်ပဲတရုတ်ဟာသူ့နယ်စပ်တလျောက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်တိုက်တွေ့ဆုံနေတယ်။ဘာလို့လဲဆိုတော့BurmaActထဲမှာEAOတွေကိုအကူအညီပေးဖို့ပါနေတယ်။ထိုအကူအညီတွေဟာတရုတ်ဩဇာခံEAOတွေလက်ထဲရောက်လာမှာကိုတရုတ်ကမလိုလားဘူး။ဒါကိုသတိကြီးကြီးနဲ့စောင့်ကြည့်နေတယ်။ဖြစ်နိုင်တာကတော့တရုတ်ဟာသူ့ဩဇာခံEAOတွေကိုမက်လုံးတချို့ပေးလာနိုင်တယ်။သဘောတူညီချက်တွေယူလာနိုင်တယ်။ထိုသဘောတူညီချက်တွေမှာတော်လှန်ရေးအတွက်ထိခိုက်ပါမပါတော့မသိသေးဘူး။ဥပမာစစ်ကောင်စီနဲ့တိုက်ပွဲတွေမဖော်ဆောင်ဖို့ပေါ့။ဒါကြောင့်တရုတ်ရဲ့ခြေလှမ်းတွေကိုသတိထားစောင့်ကြည့်ဖို့လိုနေပြီ။

Read moreDetails

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။ (သောကြာ)

စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ထပ်တိုးကြေညာထားတဲ့စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်သူပုန်တွေကရွာတွေဖက်ကိုအင်အားရှစ်ဆယ်ခန့်နဲ့စစ်ကြောင်းစထိုးပြီးမီးရှို့ခဲ့လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားကာစစ်သူပုန်၃၀ကျော်သေဆုံးခဲ့တယ်။ဒါကြောင့်စစ်တပ်ဖက်ကလေကြောင်းပစ်ကူပေးကာရဟတ်ယာဉ်တွေနဲ့အင်အားဖြည့်တင်းလျက်ရှိတာကြောင့်အင်အား၃၀၀နီးပါးဖြစ်လာတယ်။စစ်သူပုန်တွေဟာကျေးရွာတွေထဲကအရပ်သားပြည်သူ၅၀နီးပါးကိုလဲလူသားဒိုင်းအဖြစ်ဖမ်းဆီးကာပြန်မလွတ်ပေးသေးဘူး။ဒီတိုက်ပွဲဟာအရာတော်မြို့နယ်ဖက်မှာအကြီးမားဆုံးတိုက်ပွဲလို့ပြောလို့ရတယ်။စစ်တပ်ဖက်ကလေကြောင်းပစ်ခတ်မှုကြောင့်အရပ်သားတွေထိခိုက်သေဆုံးမှုတွေရှိနေပေမယ့်လောလောဆယ်တော့အတိအကျမသိရသေးဘူး။

Read moreDetails

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။ (ကြာသပတေး)

မနေ့ကဒဂုံဆိပ်ကမ်းမြို့နယ်ကဈေးတန်းကိုဖျက်စီးခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာဒီနေ့မှာလဲဆက်လက်ဖျက်စီးနေတယ်။မနေ့က၉၄ရပ်ကွက်ကဈေးတန်းကိုဖျက်စီးခဲ့ပြီးဒီနေ့မနက်ပိုင်းမှာလဲ၉၄ရပ်ကွက်ကဈေးဆိုင်တန်းတွေကိုပါဆက်လက်ဖျက်စီးနေတယ်။ဖြိုဖျက်ခံရတဲ့ဆိုင်တွေမှာလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်စတဲ့ဆိုင်ကြီးတွေပါပါဝင်နေတယ်။ဆိုင်ခန်းတွေကိုချက်ချင်းအမြန်ဖျက်ရလို့ဆိုင်ပိုင်ရှင်တွေနဲ့နေအိမ်ဖျက်ခံရသူတွေအတွက်အခန်းထပ်ငှားပြီးပစ္စည်းတွေရွှေ့ပြောင်းရတာကြောင့်ဆိုင်ခန်းနဲ့အိမ်ခန်းငှားခတွေမြင့်တက်နေပြီးမိသားစုတွေအများကြီးဒုက္ခရောက်နေကြတယ်။ စစ်ကိုင်းတိုင်းမှာလဲရွှေဘို၊အရာတော်နဲ့ဝက်လက်မြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်စစ်ကောင်စီကထပ်တိုးကြေညာလိုက်တယ်။ဒါကြောင်းဒီလအတွင်းတနိုင်ငံလုံးမှာစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ကြေညာခံလိုက်ရတဲ့မြို့နယ်၄၀အထိရှိနေပါပြီ။

Read moreDetails
Page 120 of 235 1 119 120 121 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist