LATEST STORIES

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဟာအမေရိကန်နဲ့ဗြိတိန်တို့ကခေါင်းဆောင်တွေနဲ့ဆက်တိုက်ဆိုသလိုတွေ့ဆုံလျက်ရှိတယ်။အမေရိကန်ဘက်ကပြောသွားတဲ့စကားတစ်ခွန်းကတော့စိတ်ဝင်စားဖို့ကောင်းတယ်။နောက်တနှစ် (၂၀၂၄) ကျရင် မြန်မာအကြောင်းပြောကြတဲ့အခါ "ဒီမိုကရေစီလမ်းကြောင်း" အကြောင်းကိုပဲ ပြောကြရတော့မယ်ထင်တယ်။ ပြည်သူတွေကို ရက်ရက်စက်စက်နှိပ်စက်နေခဲ့တဲ့ စစ်အုပ်စုအကြောင်းပြောဖို့ မလိုတော့ဘူး ထင်ပါတယ် တဲ့။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလေးပြောသွားတာပါ။ အမေရိကန်ဘက်က ပြောနေတာ၂ ခါတောင် ရှိသွားပြီ...

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။ (အင်္ဂါ)

အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်မှာNUGကိုယ်စားလှယ်ရုံးတရားဝင်ဖွင့်လှစ်လိုက်တယ်။တရားဝင်အစိုးရတစ်ရပ်အဖြစ်အသိအမှတ်ပြုဖို့NUGဘက်ကတောင်းဆိုမှုတွေကိုအမေရိကန်ဘက်ကတဖြည်းဖြည်းလိုက်လျောမှုတွေရှိလာတယ်။အရင်ကတည်းကနိုင်ငံကြီးတချို့မှာNUGကိုယ်စားလှယ်ရုံးတွေဖွင့်ခွင့်ရထားပေမယ့်အမေရိကန်မှာတော့အခုမှဖွင့်လှစ်ခွင့်ရတာဖြစ်တယ်။ဒါကြောင့်ဒီနှစ်ထဲမှာNDAAအပါအဝင်အမေရိကန်ရဲ့အကူအညီတွေကိုကျိန်းသေပေါက်ရလာဖို့ရှိမယ်။UNမှာလဲလုံခြုံရေးကောင်စီရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်တွေကိုစစ်ကောင်စီလိုက်နာမှုရှိမရှိက်ုမတ်လအတွင်းသုံးသပ်မယ်တဲ့။တကယ်တော့အခုချိန်ထိထိုဆုံးဖြတ်ချက်တွေကိုစစ်ကောင်စီကတစ်ခုမှလိုက်နာခဲ့ခြင်းမရှိသေးပါဘူး။UNSCကသုံးသပ်ပီးရင်ဘယ်လိုအရေးယူမှုမျိုးတွေလုပ်မလဲစောင့်ကြည့်ရမှာပဲ။

Read moreDetails

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။ (တနင်္လာ)

၂၀၂၃ဇန်နဝါရီလနဲ့အခုဖေဖော်ဝါရီလဆန်းပိုင်းမှာပဲတော်လှန်ရေးအဖွဲ့တွေဖက်ကစစ်ရေးအရှိန်မြှင့်တိုက်ခိုက်မှုတွေသိသိသာသာဖြစ်လာတာတွေ့ရတယ်။ပြီးခဲ့တဲ့လကကရင်ပြည်နယ်ထဲမှာပြင်းထန်တဲ့တိုက်ပွဲတွေအများဆုံးဖြစ်ပေါ်ခဲ့တယ်။အထူးသဖြင့်ကော့ကရိတ်၊ဘုရားသုံးဆူ၊ကျုံဒိုးဒေသတွေမှာပေါ့။မြို့ပေါ်တိုက်ပွဲတွေတပ်ရင်းတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့အထိပြင်းထန်ခဲ့တယ်။ဒီလထဲလဲလအစမှာတင်စစ်တပ်ဖက်ကရဟတ်ယာဉ်တစ်စင်းကိုပစ်ချနိုင်ခဲ့ပြီးချင်းပြည်နယ်မှာလည်းထန်တလန်မြို့ကိုသိမ်းပိုက်နိုင်လုနီးပါးပဲ။မနေ့ကNUGရဲ့ထုတ်ပြန်ချက်အတိုင်းဆိုရင်စစ်ကိုင်းတိုင်းထဲမှာလဲရဲစခန်းတွေပျူစောထီးအခြေစိုက်ရွာတွေကိုစစ်တပ်ဖက်ကလက်လွှတ်နေရပြီ။အရင်ကဆိုရင်ထိုကဲ့သို့အားတက်စရာတိုက်ပွဲသတင်းတွေကြားရခဲပေမယ့်အခုတော့မကြာမကြာကြားလာရပြီ။ဒါပေမယ့်ဒါဟာအခုမှအစပဲရှိသေးတယ်။အောင်ပွဲရဖို့ဆိုရင်တော့ဒီထပ်ပိုပြီးအများကြီးကြိုးစားဖို့လိုသေးတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်းထဲကစစ်ရေးပစ်မှတ်၁၆ခုကိုမဟာဗျူဟာကျကျဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့တယ်လို့NUGကထုတ်ပြန်ကြေငြာလိုက်တယ်။‌ထိုစစ်ရေးပစ်မှတ် ၁၆ ခုမှာ ကန့်ဘလူမြို့နယ်တွင် ကိုးတောင်ဘို့အထိုင်စခန်း၊စံပယ်နသာ အထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်း မြို့နယ်တွင် ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ၊ တန့်ဆည်မြို့နယ်တွင် အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ်တွင် ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊...

Read moreDetails

မတ် ၀၆၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံလူဦးရေသုံးပုံတစ်ပုံနီးပါးဟာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကပြောလိုက်တယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေဟာတောထဲတောင်ထဲတွေမှာနေထိုင်ကြရကာအာဏာသိမ်းပြီနောက်စစ်ဘေးရှောင်အရေအတွက်ဟာ၁သန်းခွဲနီးပါအထိရှိလာပါပြီ။ဒီအရေအတွက်မှာအာဏာမသိမ်းခင်ကတည်းကရှိနေခဲ့တဲ့စစ်ဘေးရှောင်တွေမပါသေးဘူး။ထိုစစ်ဘေးရှောင်တွေဟာအကူအညီလုံးဝမရရှိပဲဖြစ်သလိုနေထိုင်နေရတယ်။ကုလသမဂ္ဂကအကူအညီတွေဟာစစ်ကောင်စီကတဆင့်သွားနေရတာဖြစ်တဲ့အတွက်တကယ်လိုအပ်တဲ့နေရာတွေကိုမရောက်ပဲထိုအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီရဲ့အိတ်ထဲကိုသာရောက်သွားတယ်။ကုလသမဂ္ဂဆိုတာစစ်ဘေးရှောင်အကူအညီတွေအတွက်တောင်သုံးစားမရပါဘူး။ပြည်သူတွေဟာအချင်းချင်းဖေးမကူညီမှုတွေနဲ့ဆက်လက်ရှင်သန်နေကြရတယ်။

Read moreDetails

မတ် ၀၅၊ ၂၀၂၃။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုခေါင်းဖြတ်သတ်ဖြတ်ခြင်း၊အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်း၊အရပ်သားများကိုလက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းအပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်လာတယ်။မတ်လ၁ရက်နေ့ကတာတိုင်ရွာဖြစ်စဉ်ကအထင်ရှားဆုံးပဲ။စုစုပေါင်းပြည်သူ၁၇ဦးအထိအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ်။အဆိုပါဖြစ်စဉ်အပြင်တနိုင်ငံလုံးမှာစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေအများကြီးကျန်သေးတယ်။ မနေ့ကတင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုသတ်ဖြတ်ကာနေအိမ်တွေကိုမီးရှို့သွားတယ်။စစ်ကိုင်းတိုင်းရေဦးမြို့မှာလဲကျေးရွာစာသင်ကျောင်းမှာလုံခြုံရေးစောင့်ပေးနေတဲ့LocalPDFငါးဦးကိုဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်။မြင်းခြံမြို့နယ်လေးရွာဆုံမှာNLDထောက်ခံသူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ပြည်သူလေးဦးကိုလဲပျူစောထီးတွေနဲ့စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ကာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်။ဒါမျိုးဖြစ်စဉ်တွေတနိုင်ငံလုံးမှာအများအပြားဆက်လက်ဖြစ်ပွားနေတယ်။

Read moreDetails

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။ (စနေ)

အရပ်သားတွေကိုလက်နက်ကိုင်ဆောင်ခွင့်ပေးလိုက်တဲ့ဥပဒေကိုသုံးသပ်ကြည့်ရရင်တော်လှန်ရေးအတွက်အကျိုးနဲ့အပစ်ဒွန်တွဲလျက်ရှိတယ်။စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကတော့မြို့ကြီးတွေမှာလုံခြုံရေးယူပေးနေရတဲ့စစ်သားလိုအပ်ချက်ကိုလျော့ချချင်တာကြောင့်သူတို့နဲ့နီးစပ်တဲ့သူတွေကိုလက်နက်ကိုင်ဆောင်ခွင့်ပေးပြီးလုံခြုံရေးယူခိုင်းလိုက်တာပဲ။သေချာတာကတော့စစ်ကောင်စီဟာလိုင်စင်လျှောက်ထားတဲ့သူတိုင်းကိုကိုင်ဆောင်ခွင့်ပေးမှာမဟုတ်ဘူး။လက်နက်ကိုင်ဆောင်ခွင့်ရတဲ့သူတွေဟာအရင်ကတည်းကစစ်တပ်အားကိုးနဲ့မိုက်ကြေးခွဲနေတဲ့သူတွေပဲဖြစ်နိုင်မယ်။သူတို့လက်ထဲမှာလက်နက်ရလာတဲ့အတွက်ပတ်ဝန်းကျင်ကိုအနိုင်ကျင့်ပြီးသူတို့လုပ်ချင်ရာလုပ်လာနိုင်မယ်။မင်းမဲ့စရိုက်တွေကျူးလွန်လာနိုင်မယ်။ပြည်သူတွေအတွက်တော့ပိုပြီးကူရာကယ်ရာမဲ့လာနိုင်တယ်။ တဖက်မှာကတွေးကြည့်ရင်လဲမြို့ပေါ်မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေလက်နက်ချို့တဲ့နေချိန်မှာလက်နက်ကိုင်ဆောင်ခွင့်ရထားတဲ့သူတွေဆီကလက်နက်တွေကိုအလွယ်တကူရရှိနိုင်မယ့်အခွင့်အလမ်းတွေပေါ်လာတယ်။ထိုဥပဒေကြောင့်တကယ့်လက်တွေ့မှာယ်ဘက်ကအကျိုးများများဖြစ်ထွန်းမယ်ဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲ။

Read moreDetails

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။ (သောကြာ)

အရပ်သားတွေလက်နက်ကိုင်ဆောင်ခွင့်ဥပဒေတစ်ရပ်ကိုစစ်ကောင်စီကဒီရက်ပိုင်းမှာပြဌာန်းလိုက်တယ်။ထိုဥပဒေအရမည်သူမဆိုလိုင်စင်လျှောက်ထားနိုင်ပြီးတစ်ယောက်ကိုသုံးလက်အထိကိုင်ဆောင်ခွင့်ပေးထားတယ်။ကိုင်ဆောင်သူတွေဟာလိုအပ်ရင်စစ်မှုထမ်းရမယ်ဆိုတဲ့ကန့်သတ်ချက်လဲပါသေးတယ်။သဘောကတော့စစ်ကောင်စီဟာသူတို့ကိုထောက်ခံသူတွေထဲကနေစစ်တပ်ရဲ့အရံအင်အားစုဆောင်းဖို့လုပ်ဆောင်လိုက်တာပဲ။ထိုဥပဒေအရပျူစောထီးတွေဟာတရားဝင်လက်နက်ကိုင်ဆောင်ခွင့်ရှိသွားတယ်။ဒါအပြင်စစ်တပ်ကလုံခြုံရေးမပေးနိုင်တဲ့ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ၊အစိုးရဝန်ထမ်းတွေကိုကိုယ့်စားရိတ်နဲ့ကိုယ်လက်နက်ကိုင်ဆောင်ခွင့်ပေးလိုက်ပြီးကိုယ့်လုံခြုံရေးကိုယ်ပြန်တာဝန်ယူခိုင်းလိုက်တာပဲ။တတိုင်းပြည်လုံးကိုမထိန်းချုပ်နိုင်တော့တဲ့စစ်ကောင်စီဟာကြံရာမရဖြစ်ပြီးသူတို့ရဲ့နောက်ဆုံးလက်နက်တွေကိုစတင်ထုတ်သုံးလာပါပြီ။  

Read moreDetails

ဖေဖော်ဝါရီ ၀၉၊ ၂၀၂၃။ (ကြာသပတေး)

ချင်းပြည်နယ်၊ထန်တလန်မြို့ရဲစခန်းကိုတော်လှန်ရေးအဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သားနဲ့ရဲအင်အားလေးဆယ်ခန့်တပ်စွဲထားတဲ့ထိုရဲစခန်းကိုမနေ့ညကစီးနင်းတိုက်ခိုက်ခဲ့ရာမှာရဲလေးယောက်သေဆုံးပြီးလက်နက်လေးဆယ်ကျော်ရရှိလိုက်တယ်။ကျန်တဲ့စစ်သူပုန်တွေကတော့မြို့ထဲမှာကျန်နေတဲ့တစ်ခုထဲသောစစ်တပ်ကုန်းကိုထွက်ပြေးသွားတယ်။ရဲစခန်းကိုစီးနင်းနေချိန်မှာထိုစစ်တပ်ကုန်းဘက်မှပစ်ကူစစ်ကူပေးမှုမရှိဘူးလို့သိရတယ်။စစ်တပ်ရဲ့အခြေအနေကတမြို့ထဲမှာတောင်စစ်ကူမပေးနိုင်တော့ဘူး။ထန်တလန်မှာလဲတမြို့လုံးကိုတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးအဆိုပါစစ်တပ်ကုန်းတစ်ခုသာသိမ်းယူနိုင်ဖို့ကျန်တော့တယ်။ ထန်တလန်မြို့ဆိုတာ၂၀၂၁နဲ့၂၀၂၂ခုနှစ်တွေအတွင်းမှာဖက်ဆစ်စစ်တပ်ရဲ့အကြိမ်ကြိမ်မီးရှို့ခြင်းကိုခံရတဲ့မြို့လေးပါ။အခုဆိုရင်တမြို့လုံးလူမနေတော့သလိုရစရာလဲဘာမှမရှိတော့ဘူး။အဆုံးစွန်ခိုးယူလုယက်ဖျက်စီးပြီးတာတောင်စစ်တပ်ဟာမြို့ကိုမဆုတ်ခွာသေးပဲနေရာယူထားဆဲပါပဲ။

Read moreDetails

ဖေဖော်ဝါရီ ၀၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ရှမ်းကယားနယ်စပ်မိုးဗြဲမြို့နယ်မှာဒီနေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်။မိုးဗြဲကိုလောလောဆယ်မှာစစ်ကောင်စီတပ်တွေထိန်းချုပ်ထားတယ်။အခုလဲစစ်ကောင်စီတပ်တွေလွိုင်ကော်ဖက်ကနေအင်အားထပ်ဖြည့်ထားသေးတယ်။ကယားပြည်နယ်တစ်ခုလုံးနီးပါးကိုစစ်ကောင်စီကမကြာသေးမှီကစစ်အုပ်ချုပ်ရေးကြေငြာခဲ့ပေမယ့်မိုးဗြဲမြို့နယ်တော့မပါသေးပါဘူး။ ထို့အတူကရင်ပြည်နယ်ဝေါလေလမ်းပိုင်းမှာလဲစစ်ရေးတင်းမာမှုတွေပြန်လည်ရှိလာတယ်။နှစ်ဖက်စလုံးကနယ်မြေစိုးမိုးနိုင်ဖို့အရင်ကတည်းကကြိုးစားနေပြီး‌အခုဆိုရင်ဝေါလေလမ်းမကိုပိတ်ထားလိုက်ပြီ။ထိုဒေသမှာလဲတိုက်ပွဲတွေပြန်ဖြစ်လာမယ့်ပုံပဲ။

Read moreDetails
Page 119 of 235 1 118 119 120 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist