အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုခေါင်းဖြတ်သတ်ဖြတ်ခြင်း၊အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်း၊အရပ်သားများကိုလက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းအပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်လာတယ်။မတ်လ၁ရက်နေ့ကတာတိုင်ရွာဖြစ်စဉ်ကအထင်ရှားဆုံးပဲ။စုစုပေါင်းပြည်သူ၁၇ဦးအထိအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ်။အဆိုပါဖြစ်စဉ်အပြင်တနိုင်ငံလုံးမှာစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေအများကြီးကျန်သေးတယ်။
မနေ့ကတင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုသတ်ဖြတ်ကာနေအိမ်တွေကိုမီးရှို့သွားတယ်။စစ်ကိုင်းတိုင်းရေဦးမြို့မှာလဲကျေးရွာစာသင်ကျောင်းမှာလုံခြုံရေးစောင့်ပေးနေတဲ့LocalPDFငါးဦးကိုဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်။မြင်းခြံမြို့နယ်လေးရွာဆုံမှာNLDထောက်ခံသူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ပြည်သူလေးဦးကိုလဲပျူစောထီးတွေနဲ့စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ကာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်။ဒါမျိုးဖြစ်စဉ်တွေတနိုင်ငံလုံးမှာအများအပြားဆက်လက်ဖြစ်ပွားနေတယ်။