စစ်ကိုင်းတိုင်းထဲကစစ်ရေးပစ်မှတ်၁၆ခုကိုမဟာဗျူဟာကျကျဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့တယ်လို့NUGကထုတ်ပြန်ကြေငြာလိုက်တယ်။ထိုစစ်ရေးပစ်မှတ် ၁၆ ခုမှာ ကန့်ဘလူမြို့နယ်တွင် ကိုးတောင်ဘို့အထိုင်စခန်း၊စံပယ်နသာ အထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်း မြို့နယ်တွင် ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ၊ တန့်ဆည်မြို့နယ်တွင် အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ်တွင် ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခင်ဦးမြို့နယ်တွင် မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင် မြို့နယ်တွင် ယင်းမာပင် ရဲစခန်း၊ ပုလဲမြို့နယ်တွင် ပုလဲ ရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်ရဲစခန်း၊ ရွှေဘိုမြို့နယ်တွင် ပန်းလှိုင် ကျေးရွာ ပျူစောထီး အထိုင်စခန်းတို့ ဖြစ်တယ်။တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်သား၄၄ဦးသေဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့တယ်လို့သိရတယ်။NUGကစစ်ရေးအရှိန်မြှင့်မယ်လို့ကြေငြာပြီးနောက်၂၀၂၃အစမှာပဲစစ်တပ်ဖက်ကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။