LATEST STORIES

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။ (သောကြာ)

ဇန်နဝါရီလနောက်ဆုံးပတ်လောက်ကစပြီးဈေးကွက်ထဲမှာဆန်ဈေးတွေတက်လာပြီးအခုလမှာတော့ဆန်တအိတ်ကိုကျပ်တစ်သောင်းကနေနှစ်သောင်းအထိတက်လာတယ်။အခုလိုဈေးတက်လာတာဆန်ကိုလှောင်ပြီးဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့သိရတယ်။စစ်ကိုင်းတိုင်းရွှေဘိုဘက်ကထွက်တဲ့နာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ကိုကုန်သည်တွေဝယ်လှောင်ပြီးဈေးကစားကြတာပဲ။ထိုနယ်မှာတိုက်ပွဲတွေဖြစ်နေလို့တောင်သူတွေကလက်ထဲမထားပဲစပါးတွေအကုန်ရောင်းကြတာကြောင့်ကုန်သည်တွေကဈေးကစားဖို့လွယ်သွားတာပေါ့။ဈေးကွက်ထဲဒီလိုဈေးကစားသူတွေကြောင့်ဆန်ဈေးတက်လာလေလေစိုးရိမ်စိတ်နဲ့အလွန်အကျွံဝယ်ယူလာလေလေဖြစ်ပြီးဈေးတွေထပ်တက်ကုန်တယ်။ မြန်မာပြည်ရဲ့အခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးတက်လာတာဟာပြည်သူတစ်ရပ်လုံးအတွက်ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်လာနိုင်တယ်။အထူးသဖြင့်ဒီကာလမှာဝင်ငွေတိုးမလာတဲ့အခြေခံလူတန်းစားတွေအတွက်ပေါ့။တကယ်တမ်းတော့အာဏာသိမ်းပြီးနောက်ဈေးမတက်တဲ့ပစ္စည်းဆိုတာမရှိသလောက်ပါပဲ။    

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။ (ကြာသပတေး)

မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ်ပြောခဲ့သလို အမှန်တကယ်၂၀၂၄ မှာ အောင်ပွဲရဖို့ အတွက်ဆိုရင် နည်း ၂ သွယ်ပဲရှိပါတယ်။ ပထမ နည်းက တရုတ်နဲ့ အမေရိကန်ညှိလိုက်ကြပြီး ဘုံသဘောတူညီချက်အရ စစ်အုပ်စုကို ဖယ်ထုတ်ဖို့ သဘောတူလိုက်ကြတာ။ ဒုတိယနည်းက အမေရိကန်က...

Read moreDetails

မတ် ၁၄၊ အင်္ဂါ

ရန်ကုန်မှာရှိတဲ့ Primark စက်ရုံ နှစ်ရုံကို ပိတ်လိုက်ရပြီ။ အလုပ်သမား ၂၄၀၀ ကျော်အလုပ်လက်မဲ့ဖြစ် သွားခဲ့ပြီ။ ကျန်တဲ့ပြည်တွင်းအလုပ်အကိုင်ကလည်း ရှားတယ်။ ရှိတဲ့အလုပ်တွေကလည်း လုပ်ခလစာကို အတော်လေးနှိမ်ကြတယ်။ လစာ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဘယ်နေရာမှာသုံးလို့ရမှာလဲ။ ကုန်ဈေးနှုန်း တွေလည်း...

Read moreDetails

မတ် ၁၃၊ တနင်္လာ

စစ်ကောင်စီက ကျင်းပမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီပွဲအတွက်ပြင်ဆင်နေကြတာတွေ့ရတယ်။ တော် တော်လေးစိတ်ပျက်မိတယ်။ ပြည်သူနဲ့တသားတည်းပါဆိုတဲ့အနုပညာရှင်တွေက စစ်ကောင်ဆီဖက်ကို ပါ ပါသွားကြတာတွေ့ရတယ်။ ဒါရိုက်တာညိုမင်းလွင်ဆိုရင်လည်း သူ့ရဲ့ရုပ်ရှင်ကားဝက်ဝက်ကွဲအောင်မြင် ကြောင်း၊ လူပြည့်ရုံလျှံလာအားပေးကြောင်း ဖေ့စ်ဘုတ်မှာတင်ထားတာတွေ့လိုက်ရတော့ အတော်လေး တရားရမိတယ်။ ပိုက်ဆံနောက်ကို လိုက်သွားကြတဲ့ သာကူး အနုပညာရှင်တွေ...

Read moreDetails

မတ် ၁၂၊ တနင်္ဂနွေ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုလုပ်တယ်လို့သတင်းမှာ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ အခုချိန်ထိ ဆန္ဒပြမှုတွေလုပ်နေတုန်းပဲဆိုတာကိုကြည့်ပြီးအား တက်ရတယ်။ ဒါပေမဲ့ ကျွန်တော်နေတဲ့ ရန်ကုန်မြို့ကတော့ အတော်လေးနေနိုင်လွန်းလှတယ်။ ၁၉ လမ်း မှာ လူတွေစည်ကားနေတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေမှာ လူအပြည့်ဖြစ်တဲ့အပြင်...

Read moreDetails

မတ် ၁၁၊ စနေ

NLD ပါတီဝင်တွေကို စစ်ကောင်စီက လိုက်ဖမ်းနေတယ်။ မိသားစုလိုက်ဖမ်းဆီးခံနေရတာတွေ ရှိလာတယ်။ စစ်ကောင်စီကို တစ်နိုင်ငံလုံးက တညီတညွတ်တည်းဆန့်ကျင်နေတာဟာ NLD ပါတီနဲ့မဆိုင် ဘူး။ မင်းအောင်လှိုင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ပြည်သူတွေကစိတ်မဝင်စားဘူး။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ဩဇာအာဏာလွှမ်းမိုးရေးအတွက် ဘက်ပေါင်းစုံကနေ...

Read moreDetails

မတ် ၁၀၊ ၂၀၂၃။ (သောကြာ)

စစ်ကောင်စီနှိပ်စက်လုံး ဘက်ပေါင်းစုံကနေအလူးအလှိမ့်ခံစားနေကြရတဲ့မြန်မာပြည်သူပြည်သားတွေ အဖို့ ဒီရက်ပိုင်းအတွင်းရေပန်းအစားဆုံးတစ်ခုကတော့ မီးပျက်တာပါပဲ။ ရန်ကုန်မှာ တစ်ရက်ကို ၅ နာရီ ကနေ ၉ နာရီအထိပဲ လျှပ်စစ်မီးအသုံးပြုခွင့်ရနေတယ်။ ဒီကြားထဲ စက်သုံးဆီကိုချွေတာသုံးဖို့စစ်ကောင် စီအကြီးအကဲတစ်ဦးကပြောလိုက်ပြန်တယ်။ ရာသီဉတုကပူ၊ မီးမလာတော့ ရေကရှား၊ လေအေးပေးစက်...

Read moreDetails

မတ် ၀၉၊ ၂၀၂၃။ (ကြသာပတေး)

စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာပေါင်းများစွာရင်ဆိုင်နေရချိန်မှာကယားပြည်နယ်နဲ့ချင်းပြည်နယ်ကိုကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်နိုင်တဲ့အကြောင်းရင်းတွေတော့ရှိလိမ့်မယ်။အကြမ်းဖက်စစ်တပ်ဟာနယ်မြေတစ်ခုကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးတွေမလုပ်နိုင်တာအတော်ကြာခဲ့ပြီ။သူတို့ဟာစစ်မျက်နှာတိုင်းလိုလိုမှာခံစစ်ပုံစံသာရင်ဆိုင်နေခဲ့တာပါ။ ဒါပေမယ့်ဒီနှစ်ဆန်းပိုင်းမှာတရုတ်ကိုယ်စားလှယ်အသစ်မြန်မာပြည်ကိုရောက်လာတယ်။စစ်ကောင်စီနဲ့တွေ့တဲ့အပြင်တရုတ်ဩဇာခံမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လဲလွန်းပြန်ထိုးပြီးတွေ့ဆုံခဲ့တယ်။ထိုတွေ့ဆုံမှုတွေကနေစစ်ကောင်စီနဲ့မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာသဘောတူညီချက်တစ်ချို့ရခဲ့တယ်။အဲ့ဒါကတွေထဲကတစ်ခုကတရုတ်နယ်စပ်မှာတိုက်ပွဲတွေမဖော်ဆောင်ရဘူးဆိုတာပဲ။တရုတ်နယ်စပ်မှာအလွတ်သဘောငြိမ်းချမ်းရေးယူလိုက်သလိုဖြစ်တဲ့အတွက်အင်အားလိုအပ်နေတဲ့စစ်တပ်အတွက်အသက်ရှုပေါက်ရသွားတယ်။ နယ်စပ်ကတပ်တချို့ကိုထုတ်နုတ်ပြီးစစ်တပ်ကိုအကြီးအကျယ်ခြိမ်းခြောက်နေတဲ့နယ်မြေတွေကိုစစ်ဆင်ရေးကြီးတွေပြန်လုပ်ဖို့ပြင်ဆင်တော့တာပဲ။အခုဆိုရင်ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဖက်ကိုအင်အားအလုံးအရင်းနဲ့နယ်မြေရှင်းလင်းဖို့လုပ်နေပြီ။တခြားဘယ်ဒေသတွေပါလာဦးမလဲဆိုတာတော့မသိသေးဘူး။ဘာပဲဖြစ်ဖြစ်ဒေသခံလက်နက်ကိုင်အဖွဲ့တွေကလဲငြိမ်နေမှာမဟုတ်တဲ့အတွက်ဒီနှစ်နွေရာသီမှာတိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်။

Read moreDetails

မတ် ၀၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်တပ်ဟာကယားပြည်နယ်သာမကချင်းပြည်နယ်ကိုလဲအခုရက်ထဲမှာကြီးမားတဲ့စစ်ဆင်ရေးတွေလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။ချင်းပြည်နယ်ကိုစစ်အင်အားဖြည့်ဖို့အတွက်မကွေးတိုင်းပခုက္ကူမြို့ထဲမှာစစ်အင်အားများစွာစုစည်းနေပြီးချင်းတောင်ဖက်ကိုစစ်ကား၁၀၀စီးခန့်တက်လာလိမ့်မယ်လို့ခန့်မှန်းရတယ်။စစ်တပ်ဟာချင်းပြည်နယ်ဖက်ကိုစစ်ယာဉ်တန်းတွေနဲ့အင်အားမဖြည့်နိုင်တော့တာအတော်ကြာခဲ့ပြီ။ဒါကြောင့်ချင်းပြည်နယ်ဖက်မှာသူတို့ဟာမြို့တွေပေါ်မှာလောက်သာနယ်မြေစိုးမိုးနိုင်တော့ပြီးကျန်နေရာတွေကိုတော်လှန်ရေးအဖွဲ့ကစိုးမိုးနိုင်နေပြီ။ဒါကိုချေဖျက်ဖို့အတွက်ဒီနှစ်ပွင့်လင်းရာသီမှာချင်းပြည်နယ်ကိုအင်အားဖြည့်ဖို့လုပ်ဆောင်နေတာဖြစ်မယ်။ချင်းပြည်နယ်ကိုစစ်ယာဉ်တန်းတွေတက်လာမယ်ဆိုရင်တော့စစ်သူပုန်အတွက်အရင်အခေါက်တွေထပ်များစွာခက်ခဲနိုင်တယ်။တော်လှန်ရေးအဖွဲ့တွေကဧည့်ခံဖို့အဆင်သင့်ပဲလေ။

Read moreDetails

မတ် ၀၇၊ ၂၀၂၃။ (အင်္ဂါ)

ကယားပြည်နယ်မှာစစ်ကောင်စီကပြီးခဲ့တဲ့လကတည်းကစစ်အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။ဒီလထဲမှာတော့ကကယားပြည်နယ်တစ်ခုလုံးကိုအင်အား၁၅၀၀လောက်ရှိတဲ့စစ်ကြောင်း၅ကြောင်းခွဲပြီးထိုးစစ်တင်နေပါပြီ။စစ်ကောင်စီဟာမနှစ်ကလဲဖေဖော်ဝါရီလလောက်မှာထိုးစစ်ကြီးတစ်ခုဆင်နွဲခဲ့တယ်။အဲ့တုန်းကတော်လှန်ရေးအဖွဲ့တွေဖက်ကတစ်လခန့်ကြာအောင်ခုခံနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာနန်းမယ်ခုံလိုထိန်းချုပ်ဒေသတချို့ကိုလက်လွှတ်ခဲ့ရတယ်။အခုတစ်နှစ်အကြာမှာနောက်ထပ်ထိုးစစ်ကြီးတစ်ခုကယားပြည်နယ်ကိုစစ်တပ်ကပြုလုပ်လာခဲ့ပြန်ပြီ။ဒါပေမယ့်တော်လှန်ရေးအဖွဲ့တွေဖက်မှာတော့မနှစ်ကထပ်လက်နက်အင်အားပိုတောင့်တင်းလာခဲ့ပြီ။စစ်တပ်ရဲ့စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးဒေသတွင်းအဖွဲ့တွေအချင်းချင်းဆွေးနွေးသဘောတူညီချက်တွေရပြီးပြီလို့လဲသိရတယ်။ကယားပြည်နယ်ထဲမှာပွဲတွေကတော့ကြည့်ကောင်းဦးမယ်ထင်တယ်။

Read moreDetails
Page 118 of 235 1 117 118 119 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist