ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုလုပ်တယ်လို့သတင်းမှာ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ အခုချိန်ထိ ဆန္ဒပြမှုတွေလုပ်နေတုန်းပဲဆိုတာကိုကြည့်ပြီးအား တက်ရတယ်။ ဒါပေမဲ့ ကျွန်တော်နေတဲ့ ရန်ကုန်မြို့ကတော့ အတော်လေးနေနိုင်လွန်းလှတယ်။ ၁၉ လမ်း မှာ လူတွေစည်ကားနေတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေမှာ လူအပြည့်ဖြစ်တဲ့အပြင် ရုပ်ရှင်ရုံမှာပါ လူတွေ ရှိလာနေပြီ။ ရန်ကုန်ရဲ့ဘဝက အဲဒီလိုပဲဆိုပေမဲ့ နယ်မြို့တွေကိုအားနာတယ်။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...