စစ်အာဏာသိမ်း ၂ နှစ်ကာလ ရီဗျူး
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။ ဤ ၂ နှစ်အတွင်း မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ဖက်ပေါင်းစုံ အခြေအနေများအား...
Read moreDetails၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။ ဤ ၂ နှစ်အတွင်း မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ဖက်ပေါင်းစုံ အခြေအနေများအား...
Read moreDetailsလာမည့်ဖေဖော်ဝါရီလတစ်ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းထားတာတစ်နှစ်ပြည့်မယ်။အဲ့ဒီနေ့တနိုင်ငံလုံးမှာအသံတိတ်သပိတ်လုပ်ဖို့တော်လှန်ရေးအင်အားစုတွေကဆော်သြထားတယ်။စစ်အာဏာသိမ်းပြီးနောက်အသံတိတ်သပိတ်လုပ်တာဒီတကြိမ်နဲ့ဆိုရင်သုံးခေါက်ရှိပြီ။ပြည်သူတရပ်လုံးပါဝင်တဲ့ငြိမ်းချမ်းစွာအန္တရာယ်ကင်းကင်းဆန္ဒထုတ်ဖော်လို့ရတာအသံတိတ်သပိတ်တမျိုးပဲရှိမယ်။တခြားနည်းလမ်းတွေနဲ့ကြိုးစားကြည့်ပြီးသွားပြီ။အောင်မြင်မှုမရခဲ့ဘူး။အသံတိတ်သပိတ်ကတော့ဒီတခေါက်လဲအောင်မြင်လိမ့်ဦးမယ်ထင်တယ်။
Read moreDetailsစစ်ကောင်စီကရွှေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုထုတ်ပြန်လိုက်တယ်။ထိုပဒေရဲ့အနှစ်ချုပ်ကတော့စစ်တပ်လက်ပါးစေကြံခိုင်ရေးပါတီကလွဲပြီးကျန်ပါတီတွေဝင်ရောက်ယှဉ်ပြိုင်လို့မရအောင်ကန့်သတ်လိုက်တာပဲ။တနိုင်ငံလုံးယှဉ်ပြိုင်မယ့်ပါတီတွေအတွက်ရက်ပေါင်းကိုးဆယ်အတွင်းပါတီဝင်တစ်သိန်းရှာခိုင်းပြီးပါတီရန်ပုံငွေသိန်းတစ်ထောင်တင်ခိုင်းတယ်။ပါတီရုံးခန်းတွေကိုလဲမြို့နယ်အားလုံးရဲ့ထက်ဝက်ခန့်မှာဖွင့်ခိုင်းသေးတယ်။ထိုသတ်မှတ်ချက်ကိုပြည့်မှီဖို့ဆိုတာလက်ရှိအချိန်မှာစစ်တပ်ရဲ့လက်ပါးစေကြံခိုင်ရေးပါတီနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့NLDပါတီတို့သာရှိမယ်။NLDပါတီကစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲကိုသပိတ်မှောက်ထားတော့ကြံခိုင်ရေးပါတီသာပြိုင်ဖက်ကင်းဖြစ်တော့မှာပေါ့။ပြီးတော့အချိန်မှီမှတ်ပုံတင်ဖို့မပြုလုပ်ရင်ပါတီအဖြစ်ကအလိုလိုပယ်ဖျက်မယ်တဲ့။အချိန်တန်ရင်တနိုင်ငံလုံးမှာကြံခိုင်ရေးပါတီတစ်ခုသာကျန်ခဲ့အောင်ဥပဒေထုတ်လိုက်တဲ့သဘောပါပဲ။စစ်ကောင်စီဟာအခုကတည်းကရွှေးကောက်ပွဲအစွမ်းကုန်ညစ်ပတ်ဖို့ပြင်ဆင်နေတာထင်ရှားနေတယ်။
Read moreDetailsချင်းပြည်နယ်၊ မင်းတပ်မြို့မှာစစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီယာယီရုံး လေယာဉ်ဖြင့် ကြဲချသောဗုံးထိမှန်ခဲ့ပြီးရုံးအဖွဲ့သားအားလုံး ဒဏ်ရာရခဲ့တယ်။အဖွဲ့၀င်နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာရပြီးကျန်တဲ့သူတွေကတော့ မစိုးရိမ်ရ အခြေအနေပါ။ဗုံးကြဲခံရမှုကြောင့် ငွေသားသိန်းသုံးဆယ်၊ ရုံးသုံးကွန်ပျူတာ တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery...
Read moreDetailsအခုတလောစစ်ကောင်စီကပြုလုပ်မယ့်ရွှေးကောက်ပွဲနဲ့ပတ်သက်ပြီးလူပြောများနေတယ်။စစ်ကောင်စီကတော့ဒီလဆန်းပိုင်းကစပြီးမဲစာရင်းပြုလုပ်ဖို့လူဦးရေစာရင်းကိုတနိုင်ငံလုံးမှာကောက်ယူနေတယ်။ပြည်သူတရပ်လုံးနဲ့နိုင်ငံအများစုကတော့ထိုရွှေးကောက်ပွဲကိုဆန့်ကျင်ထားကြတယ်။ဒါကြောင့်နယ်တွေမှာတော့လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့တွေတိုက်ခိုက်ခံနေရတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ရွှေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်လို့ပြောနေတယ်။ဒါပေမယ့်သူ့တပည့်ဖြစ်တဲ့စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကတော့ရွှေးကောက်ပွဲကျိန်းသေပေါက်ဖြစ်လာမယ်လို့မသေချာသေးဘူးလို့VOAကိုပြောသွားတယ်။ဒါကြောင့်လူတွေကြားမှာဒွိဟဖြစ်စရာတွေပေါ်လာတာပေါ့။ ရွှေးကောက်ပွဲဖြစ်မဖြစ်ပြောဖို့ကတော့စောပါသေးတယ်။ဒီထက်အရင်လာမှာကဒီလကုန်မှာစစ်ကောင်စီကိုဘယ်လိုသက်တမ်းတိုးမလဲဆိုတာပဲ။အာဏာသိမ်းတာနှစ်နှစ်ပြည့်သွားပြီလေ။သူတို့ဖက်တွယ်ထားတဲ့အခြေခံဥပဒေအရဆိုအရေးပေါ်ကာလကနှစ်နှစ်အထိပဲပြဌာန်းခွင့်ရှိနေတာဖြစ်တယ်။ဒီလကုန်မှာနှစ်နှစ်ပြည့်မှာဖြစ်တဲ့အတွက်စစ်ကောင်စီကဒါကိုဘယ်လိုသက်တမ်းတိုးမလဲစောင့်ကြည့်နေကြတယ်။စစ်ခေါင်းဆောင်တွေကတော့အရှက်ကင်းမဲ့စွာနောက်ထပ်၆လသက်တမ်းတိုးပါတယ်ဆိုပြီးသူ့ကြေငြာထားတဲ့အရေးပေါ်ကာလကိုဆွဲဆန့်သွားဖို့အဖြစ်နိုင်ဆုံးပဲ။
Read moreDetailsကရင်ပြည်နယ်ပြီးတော့ကချင်ပြည်နယ်ဖားကန့်မြို့ဖက်မှာလဲစစ်ကောင်စီရဲစခန်းတွေတိုက်ခိုက်ခံမေရတယ်။ဖားကန့်မြို့ကမှော်ဆီစာရဲစခန်းကိုမနေ့ညကKIA/PDFပူးပေါင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးစခန်းကိုမီးရှို့ဖျက်စီးခဲ့တယ်။ထိုစခန်းကဖားကန့်မြို့မှာစစ်ကောင်စီရဲ့အရေးပါတဲ့စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တယ်လို့သိရတယ်။ကချင်ပြည်နယ်ဖက်မှာလဲတိုက်ပွဲတွေရှိနေပေမယ့်KIAကသတင်းထုတ်ပြန်မှုမရှိတာကြောင့်သိပ်မသိရဘူး။ဘာပဲဖြစ်ဖြစ်ဒီလထဲမှာတော့တနိုင်ငံလုံးမှာNUGပြောခဲ့သလိုစစ်ရေးအရှိန်မြင့်တက်လာတာသတိထားမိတယ်။
Read moreDetailsကော့ကရိတ်မြို့ဘက်မှာလည်းဒီလ၂၀ရက်နေ့ကစပြီးစစ်တပ်နဲ့KNUတို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်။ကော့ကရိတ်မြို့နယ်၊ကျုံဒိုးမြို့အနီးကရွာတွေကိုစစ်တပ်ကအင်အား၁၅၀ခန့်နဲ့နယ်မြေကျူးကျော်ဝင်ရောက်လာလို့တော်လှန်ရေးအဖွဲ့တွေကအပြင်းအထန်ပြန်လည်ခုခံခဲ့တယ်။ဒီနေ့အထိတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်သူပုန်တွေဘက်ကကိုးဆယ်ကျော်သေဆုံးပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့သိရတယ်။စစ်တပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့KNUနယ်မြေအတွင်းကသတ္ထုတွင်းတစ်ခုကိုလဲဗုံးကြဲတိုက်ခိုက်သွားသေးတယ်။ထိုတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေဘက်ကအရင်KNUခွဲထွက်အဖွဲ့ဖြစ်တဲ့DKBAပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။DKBAဟာစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့တစ်ခုဖြစ်ပြီးအရင်ကဘယ်ဖက်မှာမှပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘူး။ဒါပေမယ့်စစ်ကောင်စီကDKBAတပ်ဖွဲ့တွေကိုအကြောင်းပြချက်မရှိပဲမထင်ရက်မထင်သလိုတိုက်ခိုက်ခဲ့တာကြောင့်တော်လှန်ရေးအဖွဲ့တွေဖက်ပါဝင်လာတာဖြစ်မယ်။ဟိုတနေ့ကတင်DKBAတပ်မှုးတစ်ဦးရဲ့နေ့အိမ်ကိုစစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လေ။
Read moreDetailsမနေ့ည၁၀နါရီလောက်မှာကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကကဘုရားသုံးဆူမြို့ထဲကိုတော်လှန်ရေးအဖွဲ့တွေဝင်ရောက်နိုင်ခဲ့ပြီးစစ်ကောင်စီရုံးဌာနတွေဖြစ်တဲ့စစ်ထောက်လှမ်းရေးရုံး၊ထွေအုပ်ရုံး၊လဝကရုံးတွေကိုမီးရှို့ဖျက်စီးနိုင်ခဲ့တယ်။အဓိကရည်ရွယ်ချက်ကတော့မြို့ထဲမှာလည်ပတ်နေတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုဖျက်စီးလိုက်နိုင်တာပဲ။ တော်လှန်ရေးအဖွဲ့တွေဝင်ရောက်လာချိန်မှာမြို့ထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်မလာရဲကြဘူး။လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်မှုတချို့သာလုပ်နိုင်ခဲ့တယ်။ ကရင်ပြည်နယ်မှာတော့တော်လှန်ရေးအဖွဲ့တွေဟာမြို့တွေကိုအလွယ်တကူခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်နေပါပြီ။ဒီလတွေထဲမှာပဲကော့ကရိတ်၊ကြာအင်းဆိတ်ကြီးနဲ့အခုဘုရားသုံးဆူမြို့တွေကစစ်ကောင်စီတပ်တွေကိုဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြတယ်။စစ်ကောင်စီရဲ့လေတပ်သာမရှိရင်ထိုမြို့တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပြီးလောက်ပြီ။
Read moreDetailsစစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ ဆိုသည့်မေးခွန်းကို မေးလာကြသကဲ့သို့ ငါတို့နိုင်နေပြီဟုလည်း ဘက်တိုင်းက ပြောဆိုလာကြသည်ကို တွေ့ရသည်။ ဤမေးခွန်းနှင့်ပတ်သက်၍ မျှတသည့်၊ အခြေအနေနှင့် ကိုက်ညီသည့် အဖြေရရှိရန်အတွက် ပကတိတည်ရှိနေသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့်...
Read moreDetailsစစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ဟာ နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး အနီးတဝိုက်တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။ထိုသူတွေဟာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းများကို အဓိကကြီးကြပ်ပြီး စစ်ကောင်စီကို တော်လှန်နေသော...
Read moreDetailsYou can copy without credits to our site. We Need Freedom.