LATEST STORIES

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃။ (တနင်္လာ)

မနှစ်ကနှစ်ကုန်ပိုင်းလောက်မှာရခိုင်မှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုချိန်ထိဆေးဝါးသယ်ယူခွင့်ပိတ်ပင်ခံထားရတယ်။အခုအချိန်မှာအေအေနဲ့အပစ်ရပ်ပြီးတိုက်ပွဲတွေငြိမ်သက်နေလို့ကုန်စည်အတော်များများကိုသယ်ယူရောင်းဝယ်ခွင့်ပေးလိုက်ပေမယ့်အရေးကြီးတဲ့ဆေးဝါးတွေကိုတော့သယ်ယူခွင့်မရဖြစ်နေတယ်။ဆေးဝါးသယ်ချင်ရင်စစ်ကောင်စီဝန်ကြီးထံစာတင်ပြီးခွင့်ပြုချက်ယူနေရတယ်။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုရောက်လာပြီးတပ်ထဲမှာတွေ့ဆုံပွဲတွေလုပ်နေတယ်။ဒါကိုအေအေကသတိထားစောင့်ကြည့်နေတယ်။မင်းအောင်လှိုင်ရခိုင်ကိုရောက်လာတာဟာပိတ်ဆို့မှုတွေခံနေရတဲ့ရခိုင်ပြည်သူတွေအတွက်အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းလာရင်တော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တယ်လို့အေအေကပြောထားတယ်။

Read moreDetails

မတ် ၂၀၊ တနင်္လာ

ကျွန်တော် ကားပိတ်မိနေတယ်။ ရန်ကုန်မှာမဟုတ်ဘူး။ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားနားက ညောင်ခါးရှည်နားမှာ။ စစ်ဆေးရေးတွေလုပ်နေလို့ကားတန်းရှည်ကြီးပိတ်တာ နှစ်ရက်သုံးရက်ရှိပြီတဲ့။ အဲဒီ သတင်းကိုမသိဘဲ ခရီးထွက်လာမိတော့ ကားတန်းရှည်ကြီးကို စောင့်ရတာပေါ့။ တစ်ချို့ကားတွေဆို မနေ့ကနေ ဒီနေ့အထိ စောင့်နေကြတာတဲ့။ ဘဝမှာအမှတ်တရပါပဲ။ ကားတန်းရှည်ကြီးက...

Read moreDetails

မတ် ၁၉၊ တနင်္ဂနွေ

စစ်ကောင်စီက ကြေးတပ်နဲ့မတိုက်ခိုက်နိုင်တော့ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေဆက်တက်လုပ်နေ တာကိုတွေ့ရတယ်။ အထူးသဖြင့် ချင်းပြည်နယ်တစ်ဝိုက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သား တွေကိုပေါ့။ စစ်ကောင်စီဖက်ကအထိနာတာရှိသလို ကိုယ်တွေဖက်ကအထိနာတာတွေလည်းများတယ်။ စစ်တပ်ဟာ နိုင်ငံကိုပတ်ပြီး ကျေးရွာတွေ နေအိမ်တွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေ...

Read moreDetails

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတနိုင်ငံလုံးမှာဒီနှစ်ထဲပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမယ်လို့မနေ့ကပြောသွားတယ်။ဒါဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲမလုပ်ချင်တော့လို့ဒါမှမဟုတ်လုပ်လို့မရတဲ့အခြေအနေမျိုးဖြစ်နေလို့ရွှေးကောက်ပွဲကိုရွှေ့ဆိုင်းဖို့အကြောင်းပြချက်ရှာစကားဟလိုက်တာပဲ။ပြီးခဲ့တဲ့လကရွှေးကောက်ပွဲအတွက်လူဦးရေစာရင်းကောက်ယူမယ့်လုပ်ငန်းစဉ်တွေကိုစတင်ခဲ့ပေမယ့်ပြင်းထန်တဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ရွှေးကောက်ပွဲလုပ်ဖို့အခြေအနေမကောင်းတာကြောင့်အကြောင်းပြချက်တစ်ခုရှာဖို့လိုနေပြီလေ။သူတို့ကောက်မယ့်သန်းခေါင်းစာရင်းဆိုတာလဲရွှေးကောက်ပွဲလိုပဲဖြစ်နိုင်မှာမဟုတ်ဘူး။နိုင်ငံတဝက်လောက်ကိုမထိန်းချုပ်နိုင်ပဲနဲ့သန်းခေါင်စာရင်းလဲကောက်လို့မရနိုင်ဘူး။ဒါဟာနိုင်ငံတကာကိုလိမ်ညာဖို့ကြိုးစားနေတာပဲ။

Read moreDetails

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။ (စနေ)

USရဲ့မြန်မာနိုင်ငံဆိုင်ရာBurmaActဥပဒေဟာမကြာမီမှာအသက်ဝင်လာမယ့်သဘောရှိတယ်။ဒီအချက်ကြောင့်ပဲတရုတ်ဟာသူ့နယ်စပ်တလျောက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်တိုက်တွေ့ဆုံနေတယ်။ဘာလို့လဲဆိုတော့BurmaActထဲမှာEAOတွေကိုအကူအညီပေးဖို့ပါနေတယ်။ထိုအကူအညီတွေဟာတရုတ်ဩဇာခံEAOတွေလက်ထဲရောက်လာမှာကိုတရုတ်ကမလိုလားဘူး။ဒါကိုသတိကြီးကြီးနဲ့စောင့်ကြည့်နေတယ်။ဖြစ်နိုင်တာကတော့တရုတ်ဟာသူ့ဩဇာခံEAOတွေကိုမက်လုံးတချို့ပေးလာနိုင်တယ်။သဘောတူညီချက်တွေယူလာနိုင်တယ်။ထိုသဘောတူညီချက်တွေမှာတော်လှန်ရေးအတွက်ထိခိုက်ပါမပါတော့မသိသေးဘူး။ဥပမာစစ်ကောင်စီနဲ့တိုက်ပွဲတွေမဖော်ဆောင်ဖို့ပေါ့။ဒါကြောင့်တရုတ်ရဲ့ခြေလှမ်းတွေကိုသတိထားစောင့်ကြည့်ဖို့လိုနေပြီ။

Read moreDetails

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။ (သောကြာ)

စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ထပ်တိုးကြေညာထားတဲ့စစ်ကိုင်းတိုင်းအရာတော်မြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်သူပုန်တွေကရွာတွေဖက်ကိုအင်အားရှစ်ဆယ်ခန့်နဲ့စစ်ကြောင်းစထိုးပြီးမီးရှို့ခဲ့လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပွားကာစစ်သူပုန်၃၀ကျော်သေဆုံးခဲ့တယ်။ဒါကြောင့်စစ်တပ်ဖက်ကလေကြောင်းပစ်ကူပေးကာရဟတ်ယာဉ်တွေနဲ့အင်အားဖြည့်တင်းလျက်ရှိတာကြောင့်အင်အား၃၀၀နီးပါးဖြစ်လာတယ်။စစ်သူပုန်တွေဟာကျေးရွာတွေထဲကအရပ်သားပြည်သူ၅၀နီးပါးကိုလဲလူသားဒိုင်းအဖြစ်ဖမ်းဆီးကာပြန်မလွတ်ပေးသေးဘူး။ဒီတိုက်ပွဲဟာအရာတော်မြို့နယ်ဖက်မှာအကြီးမားဆုံးတိုက်ပွဲလို့ပြောလို့ရတယ်။စစ်တပ်ဖက်ကလေကြောင်းပစ်ခတ်မှုကြောင့်အရပ်သားတွေထိခိုက်သေဆုံးမှုတွေရှိနေပေမယ့်လောလောဆယ်တော့အတိအကျမသိရသေးဘူး။

Read moreDetails

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။ (ကြာသပတေး)

မနေ့ကဒဂုံဆိပ်ကမ်းမြို့နယ်ကဈေးတန်းကိုဖျက်စီးခဲ့တဲ့အကြမ်းဖက်စစ်အုပ်စုဟာဒီနေ့မှာလဲဆက်လက်ဖျက်စီးနေတယ်။မနေ့က၉၄ရပ်ကွက်ကဈေးတန်းကိုဖျက်စီးခဲ့ပြီးဒီနေ့မနက်ပိုင်းမှာလဲ၉၄ရပ်ကွက်ကဈေးဆိုင်တန်းတွေကိုပါဆက်လက်ဖျက်စီးနေတယ်။ဖြိုဖျက်ခံရတဲ့ဆိုင်တွေမှာလက်ဖက်ရည်ဆိုင်၊ဘီယာဆိုင်စတဲ့ဆိုင်ကြီးတွေပါပါဝင်နေတယ်။ဆိုင်ခန်းတွေကိုချက်ချင်းအမြန်ဖျက်ရလို့ဆိုင်ပိုင်ရှင်တွေနဲ့နေအိမ်ဖျက်ခံရသူတွေအတွက်အခန်းထပ်ငှားပြီးပစ္စည်းတွေရွှေ့ပြောင်းရတာကြောင့်ဆိုင်ခန်းနဲ့အိမ်ခန်းငှားခတွေမြင့်တက်နေပြီးမိသားစုတွေအများကြီးဒုက္ခရောက်နေကြတယ်။ စစ်ကိုင်းတိုင်းမှာလဲရွှေဘို၊အရာတော်နဲ့ဝက်လက်မြို့နယ်တွေကိုစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်စစ်ကောင်စီကထပ်တိုးကြေညာလိုက်တယ်။ဒါကြောင်းဒီလအတွင်းတနိုင်ငံလုံးမှာစစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ကြေညာခံလိုက်ရတဲ့မြို့နယ်၄၀အထိရှိနေပါပြီ။

Read moreDetails

မတ် ၁၈၊ စနေ

နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးတဲ့လိုင်စင်ရ ကုမ္ပဏီ (၂၀) ကို ရုတ်သိမ်းလိုက်တယ်လို့ စစ်တပ်ပိုင် (နိုင်ငံပိုင်) သတင်းစာတွေကနေတစ်ဆင့် မနေ့က ကြေညာခဲ့တယ်။ စီးပွားရေးတွေက မောက်ကမဖြစ်၊ နိုင်ငံကြီးလည်းဇောက်ထိုးဖြစ်၊ အကုန်လုံးစုတ်ပြတ်သတ်ကုန်တော့တာပါပဲ။ နိုင်ငံရဲ့ စီးပွားရေးကိုလည်း မထိန်းချုပ်နိုင်သလို ဘယ်အရာကိုမှလည်းသေသေချာချာမထိန်းချုပ်နိုင်ခဲ့ဘူး။ သူတို့ တွေးနေတာက...

Read moreDetails

မတ် ၁၇၊ သောကြာ

Superlight Logistic ကုမ္ပဏီက စီစဉ်ခဲ့တဲ့ မဲဆောက်ကရှိုးပွဲကို မလုပ်ဖြစ်တော့ဘူးလို့သိရတယ်။ ပြည်သူရဲ့ အင်အားက အတော်လေးထိရောက်တယ်။ အဲဒီရှိုးပွဲမှာပါဝင်ခဲ့တဲ့အဆိုတော်တွေကိုလည်း BC တို့ SP တို့ လုပ်ဖို့အချင်းချင်းဆော်ဩကြတယ်။ နီနီခင်ဇော်၊ အိမ့်ချစ်၊ စည်သူလွင်၊ ဇွဲပြည့်တို့ပါတယ်။ ဒီကာလအ...

Read moreDetails

နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာနိုင်သလဲ

သံလွင်ရောင်စစ်စိမ်းအင်္ကျီ ဘယ်ရီဦးထုပ်ဆောင်းလျက် ပါးသိုင်းမွေး ၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရား (Che Guevara) ၏ဓာတ်ပုံသည် ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ချီကို ပြောက်ကျားစစ်၏ ပါရဂူတစ်ဦးဟုပင် တင်စားကြသည်။ သူသည် ပြည်သူတို့၏ အကျိူးစီးပွားအတွက် အရင်းရှင်စနစ်၊...

Read moreDetails
Page 116 of 235 1 115 116 117 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist