ကျွန်တော် ကားပိတ်မိနေတယ်။ ရန်ကုန်မှာမဟုတ်ဘူး။ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားနားက ညောင်ခါးရှည်နားမှာ။ စစ်ဆေးရေးတွေလုပ်နေလို့ကားတန်းရှည်ကြီးပိတ်တာ နှစ်ရက်သုံးရက်ရှိပြီတဲ့။ အဲဒီ သတင်းကိုမသိဘဲ ခရီးထွက်လာမိတော့ ကားတန်းရှည်ကြီးကို စောင့်ရတာပေါ့။ တစ်ချို့ကားတွေဆို မနေ့ကနေ ဒီနေ့အထိ စောင့်နေကြတာတဲ့။ ဘဝမှာအမှတ်တရပါပဲ။ ကားတန်းရှည်ကြီးက ၅ ထပ်ရှိတယ်။ ခရီးသည်တွေဒုက္ခရောက်ကြတယ်။ ကျွန်တော်စီးလာတဲ့ကားက မနက် ၁၀ နာရီကနေ ပိတ်နေတာ နေ့ လည် ၂ နာရီအထိ ဘီးလေးငါးဘီးစာပဲရွေ့တယ်။ အဲဒါနဲ့ ညောင်ခါးရှည်ဂိတ်အထိဆိုင်ကယ်ကယ်ရီငှား သွားတယ်။ ကြပ်ကြပ်တည်းတည်းစီးပြီး ညောင်ခါးရှည်ကိုရောက်တော့ ကျိုက်ထိုကို တုတ်တုတ်ငှားသွား တယ်။ ငါးသောင်းပေးရတယ်။ အဲဒါပြီးတော့ ကျိုက်ထိုကနေ သထုံကို ကြုံရာကားနဲ့လာခဲ့ပြန်တယ်။ ဒုက္ခ ရောက်လိုက်တာဆိုတာဗျာ။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။