နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ပေးတဲ့လိုင်စင်ရ ကုမ္ပဏီ (၂၀) ကို ရုတ်သိမ်းလိုက်တယ်လို့ စစ်တပ်ပိုင် (နိုင်ငံပိုင်) သတင်းစာတွေကနေတစ်ဆင့် မနေ့က ကြေညာခဲ့တယ်။ စီးပွားရေးတွေက မောက်ကမဖြစ်၊ နိုင်ငံကြီးလည်းဇောက်ထိုးဖြစ်၊ အကုန်လုံးစုတ်ပြတ်သတ်ကုန်တော့တာပါပဲ။ နိုင်ငံရဲ့ စီးပွားရေးကိုလည်း မထိန်းချုပ်နိုင်သလို ဘယ်အရာကိုမှလည်းသေသေချာချာမထိန်းချုပ်နိုင်ခဲ့ဘူး။ သူတို့ တွေးနေတာက ဘယ်နေရာကနေလာဘ်စားရင်ကောင်းမလဲ၊ ဘယ်လိုခိုးရရင်ကောင်းမလဲဆိုတာပဲ။ စစ် အုပ်ချုပ်ရေးလို့ဆိုလိုက်တာနဲ့ ခိုးမယ်၊ မတရားယူမယ်၊ အာဏာရူးမယ် ဆိုတဲ့အက်ကြောင်းတွေချည်းပဲ ထပ်လာတော့တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။