မနှစ်ကနှစ်ကုန်ပိုင်းလောက်မှာရခိုင်မှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုချိန်ထိဆေးဝါးသယ်ယူခွင့်ပိတ်ပင်ခံထားရတယ်။အခုအချိန်မှာအေအေနဲ့အပစ်ရပ်ပြီးတိုက်ပွဲတွေငြိမ်သက်နေလို့ကုန်စည်အတော်များများကိုသယ်ယူရောင်းဝယ်ခွင့်ပေးလိုက်ပေမယ့်အရေးကြီးတဲ့ဆေးဝါးတွေကိုတော့သယ်ယူခွင့်မရဖြစ်နေတယ်။ဆေးဝါးသယ်ချင်ရင်စစ်ကောင်စီဝန်ကြီးထံစာတင်ပြီးခွင့်ပြုချက်ယူနေရတယ်။
ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုရောက်လာပြီးတပ်ထဲမှာတွေ့ဆုံပွဲတွေလုပ်နေတယ်။ဒါကိုအေအေကသတိထားစောင့်ကြည့်နေတယ်။မင်းအောင်လှိုင်ရခိုင်ကိုရောက်လာတာဟာပိတ်ဆို့မှုတွေခံနေရတဲ့ရခိုင်ပြည်သူတွေအတွက်အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းလာရင်တော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တယ်လို့အေအေကပြောထားတယ်။