အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၃၁၊ ၂၀၂၃။ (အင်္ဂါ)

ညီနောင်သုံးဖွဲ့ဟာဒီနေ့မှာတော့တတိယမြောက်မြို့အဖြစ်တရုတ်နယ်စပ်ကဖောင်းဆိုင်မြို့ကိုထပ်မံသိမ်းယူလိုက်ပါတယ်။ဒါ့အပြင်အပိုဆုအဖြစ်သံချပ်ကာကားသုံးစီးကိုပါထပ်မံသိမ်းဆည်းရရှိတယ်။ဒါနဲ့ဆိုရင်ဒီစစ်ဆင်ရေးမှာရရှိထားတဲ့သံချပ်ကာကား၅စီးထိရှိသွားပါပြီ။ပီးတော့ဒီနေ့အထိစစ်ကောင်စီရဲ့တပ်စခန်းပေါင်း၉၀နီးပါးအထိတိုက်ခိုက်သိမ်းပိုက်ရရှိထားပါပြီ။မဟာမိတ်အဖွဲ့တွေစစ်တပ်စခန်းတွေကိုသွားတိုက်ခိုက်ရင်စစ်သူပုန်တွေဟာပြင်းပြင်းထန်ထန်မခုခံတော့ပဲဖနှောင့်နဲ့တင်ပါးတသားထဲကြအောင်ထွက်ပြေးကြတယ်။ဒါကြောင့်စစ်တပ်ရဲ့စခန်းတော်တော်များများကိုအလွယ်တကူသိမ်းပိုက်ရရှိနေတယ်။နောင်ချိုမြို့နားကကျောက်မဲမြို့မှာဆိုရင်တော်လှန်ရေးအဖွဲ့တွေလာရောက်တိုက်ခိုက်မှာစိုးသောကြောင့်မြို့ပေါ်ကစစ်ကောင်စီရုံးတွေအကုန်ဆိုင်းပုဒ်တွေဖြုတ်ပြီးရုံးထဲမှာပုန်းအောင်းနေကြတယ်။စစ်ကောင်စီတပ်တွေဟာစိတ်ဓာတ်ပိုင်းရောစစ်ရေးစွမ်းရည်ပိုင်းမှာပါအနိမ့်ဆုံးအဆင့်ကိုထိုးကျနေပါပြီ။

Read moreDetails

အောက်တိုဘာ ၃၀၊ ၂၀၂၃။ (တနင်္လာ)

ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ဟန်ချက်ညီညီစခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေဆင်နွဲနေဆဲမှာပဲစစ်ကိုင်းကချင်နယ်စပ်ကထီးချိုင့်မြို့မှာအေအေနဲ့PDFပူးပေါင်းအဖွဲ့တွေစစ်မျက်နှာအသစ်ထပ်ဖွင့်လိုက်တယ်လို့ကြေငြာလိုက်တယ်။ထီးချိုင့်မြို့မှာပီးခဲ့တဲ့ရက်တွေထဲကတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီးအခုမှာတရားဝင်ကြေငြာလိုက်တာပါ။ကချင်KIAကလဲဒီနေ့မှာပဲမြစ်ကြီးနားဗန်းမော်လမ်းပေါ်ကစစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းတစ်ခုကိုထပ်သိမ်းတယ်။စစ်ကောင်စီကတော့KIAကိုသည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီလို့မချိတင်ကဲပြောသွားတယ်။သည်းခံနိုင်စွမ်းကုန်ဆုံးသွားလဲစစ်ကောင်စီကKIAကိုစစ်ရေးအရဘာမှတုန့်ပြန်နိုင်စွမ်းမရှိတော့ပါဘူး။သူတို့လုပ်နေကြဖြစ်တဲ့အရပ်သားတွေကိုလေကြောင်းကဗုံးကြဲအကြမ်းဖက်သတ်ဖြတ်မှာပဲကြောက်ရတယ်။ပြောရရင်တော့၁၀၂၇စစ်ဆင်ရေးဟာရှမ်းမြောက်ကနေစစ်ကိုင်းကချင်နယ်စပ်အထိကျယ်ပြန့်လာတဲ့သဘောပဲ။ ရှမ်းမြောက်ဘက်မှာတော့ညီနောင်မဟာမိတ်အဖွဲ့တွေစစ်ကောင်စီစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လာလိုက်တာမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့နောင်ချိုမြို့အထိရောက်ရှိလာခဲ့ပါပြီ။နောင်ချိုမြို့ကိုတော်လှန်ရေးအဖွဲ့တွေဝိုင်းထားပြီးမြို့ထဲကစစ်သူပုန်တွေကတော့မြို့ပြင်ကစစ်တပ်တပ်ရင်းတွေဘက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်။နောင်ချိုမြို့ဟာစစ်တပ်ရဲ့အဓိကစစ်တက္ကသိုလ်တွေရှိတဲ့ပြင်ဦးလွင်မြို့နဲ့မိုင်သုံးဆယ်ခန့်သာကွာဝေးတာကြောင့်စစ်ကောင်စီဟာအတော်လေးရှော့ရသွားတယ်။ပြင်ဦးလွင်ကျရင်မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးပါကျပြီလေ။ဒါပေမယ့်ညီနောင်မဟာမိတ်အဖွဲ့တွေဟာပြင်ဦးလွင်အထိတော့တက်လာမယ်မထင်ဘူး။နောင်ချိုကိုထိန်းထားခြင်းအားဖြင့်စစ်ကောင်စီရဲ့စစ်ဌာနချုပ်လာရှိုးကိုမန္တလေးဘက်ကရော၊တောင်ကြီးဘက်ကရောစစ်ကူပို့လို့မရနိုင်တော့ဘူး။လားရှိုးကိုအလိုလိုဝိုင်းချုပ်ပြီးသားဖြစ်သွားမယ်။စစ်ကောင်စီက‌တော့ဒီနေ့လားရှိုးလေဆိပ်ကိုလေယာဉ်တွေနဲ့စစ်ကူတွေပို့ပေးနေတယ်လို့သိရတယ်။ဒါပေမယ့်ထိုစစ်ကူတွေဟာလားရှိုးမြို့မကျသွားအောင်ပဲထိန်းလို့ရမယ်။စစ်တပ်ဘက်ကတန်ပြန်တိုက်စစ်ဖွင့်နိုင်မှာမဟုတ်သေးဘူး။

Read moreDetails

အောက်တိုဘာ ၂၉၊ ၂၀၂၃။ (တနင်္ဂနွေ)

၁၀၂၇စစ်ဆင်ရေးသုံးရက်မြောက်နေ့ပါ။၃ရက်မြောက်တဲ့အထိစစ်ကောင်စီဟာထိရောက်တဲ့တုန့်ပြန်မှုဘာမတစ်ခုမှမလုပ်နိုင်သေးပါဘူး။မနေ့ကလက်လွတ်လိုက်ရတဲ့ချင်းရွေဟော်မြို့အနီးကိုလေထီးနဲ့အင်အား၈၀ခန့်လာချခဲ့သေးတယ်။ဒါပေမယ့်တော်လှန်ရေးအဖွဲ့တွေကသိရှိသွားလို့ထိုလေထီးခုန်စစ်ကူအဖွဲ့ကိုအမြစ်ပြတ်သုတ်သင်နိုင်ခဲ့တယ်။ထိုစစ်ကူအဖွဲ့ဟာစစ်ကိုင်းတပ်မ၃၃ကရွာစဉ်လှည့်လူသတ်မီးရှို့နေတဲ့အဖွဲ့ကလို့သိရတယ်။အခုတော့အဖွဲ့လိုက်ငရဲကိုသွားကြပြီပေါ့။အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေတဲ့စစ်သူပုန်မှန်သမျှနောက်ဆုံးမှာဒီလမ်းပဲသွားရမှာပဲ။အနှေးနဲ့အမြန်ပဲကွာမယ်။ရန်သူသိမ်းပိုက်ထားတဲ့စစ်ဆင်ရေးနယ်မြေထဲကိုလေထီးနဲ့စစ်ကူပို့ရဲတဲ့အထိစစ်တပ်ရဲ့စစ်ရေးစွမ်းရည်ဟာအတွေးအခေါ်မရှိနုံခြာစုတ်ပြတ်နေပါပြီ။မြေပြင်မှာလဲစစ်ကူလွတ်လိုက်တဲ့အင်အား၇၀ကိုတော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်၄၀ခန့်သေဆုံးသွားပြီးကျန်တဲ့စစ်သူပုန်တွေထွက်ပြေးသွားတယ်။စစ်ကောင်စီဟာစစ်ဆင်ရေးနယ်မြေထဲကိုမြေပြင်ကနေစစ်ကူလွတ်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒါ့ကြောင့်တပ်စခန်းတွေသာတစ်ခုပြီးတစ်ခုလက်လွတ်နေရတယ်။အခုချိန်ထိစစ်ကောင်စီတပ်စခန်းပေါင်း၆၀ခန့်အထိသိမ်းပိုက်ရရှိထားပြီးပါပြီ။ရရှိထားတဲ့လက်နက်ခဲယမ်းတွေလဲမနည်းမနောပဲ။တနိုင်ငံလုံးကစစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေကလဲ၁၀၂၇စစ်ဆင်ရေးကိုတခဲနက်ထောက်ခံနေကြတယ်။ ဒီနေ့မှာလဲမဟာဗျူဟာအရအရေးပါတဲ့သိန္ဒီမြို့ကိုညီနောင်မဟာမိတ်အဖွဲ့တွေထိန်းချုပ်လိုက်နိုင်ပြီလို့သိရတယ်။သိန္ဒီမြို့ဟာတရုတ်ကုန်သွယ်ရေးနယ်စပ်မြို့နှစ်ခုဖြစ်တဲ့မူဆယ်နဲ့ချင်းရွေဟော်ကိုသွားမယ့်လမ်းဆုံလမ်းခွမှာတည်ရှိနေတယ်။ထိုမြို့ကိုထိန်းချုပ်လိုက်နိုင်ခြင်းကြောင့်ရှမ်းမြောက်တခွင်လုံးကိုစစ်တပ်ကမြေပြင်မှစစ်ကူပို့ပေးဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ပြောမယ့်သာပြောရတယ်၊စစ်ကောင်စီဟာတိုက်ခိုက်ခံနေရတဲ့သူစခန်းတွေကိုစစ်ကူပို့ပေးဖို့နေနေသာသာသူတို့ရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့လားရှိုးမြို့တောင်ခြိမ်းခြောက်ခံနေရပါပြီ။မနေ့ညကလားရှိုးမြို့နားမှတိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီကအတွဲလိုက်ဒုံးတွေနဲ့ဆက်တိုက်ပစ်နေတယ်။လာရှိုးမြို့တောင်အဝိုင်းခံနေရပြီလားမပြောတတ်ဘူး။

Read moreDetails

အောက်တိုဘာ ၂၈၊ ၂၀၂၃။ (စနေ)

မနေ့ကရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးကိုမြောက်ပိုင်းညီနောင်သုံးဖွဲ့ကစတင်လိုက်ချိန်နဲ့တပြိုင်နက်တောင်ပိုင်းကရင်ပြည်နယ်ဘက်မှာလဲKNUကကော့ကရိတ်မြို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ကော့ကရိတ်မြို့တွင်းကစရဖရုံးနဲ့သတင်းရဲတပ်ဖွဲ့ရုံးတို့ကိုသိမ်းပိုက်မီးရှို့လိုက်ပြီးစစ်ကောင်စီတပ်တွေကတော့မြို့ခံတပ်ရင်းစခန်းနဲ့ရဲစခန်းတွေကနေပြန်လည်ခုခံနေတယ်။ထိုတိုက်ပွဲဟာဒီနေ့ထိကော့ကရိတ်မြို့ပေါ်ရပ်ကွက်တွေအထိဆက်လက်ဖြစ်ပွားပြီးပြည်သူတချို့တော့ပိတ်မိနေတယ်။မနေ့ကတိုက်ပွဲတွေမှာဆိုစစ်တပ်ဖက်ကလေကြောင်းမလွှတ်ပေးနိုင်တော့ဘူး။လေကြောင်းပစ်ကူတွေအားလုံးရှမ်းမြောက်ကိုသွားနေရပြီလေ။မြောက်ပိုင်းမှာစစ်ဆင်‌ရေးတွေလုပ်နေချိန်တောင်ပိုင်းမှာလဲအချိန်ကိုက်စစ်တပ်ကိုတိုက်ခိုက်မှုတွေလုပ်လာတာဟာမြောက်ပိုင်းနဲ့တောင်ပိုင်းချိတ်ဆက်မှုတွေရှိနေပြီလားလို့တွေးမိတယ်။အရင်ကဆိုမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တောင်ပိုင်းအဖွဲ့တွေဟာတသီးတခြားဆီစစ်တပ်ကိုတော်လှန်ခဲ့ကြတာလေ။ဘာပဲဖြစ်ဖြစ်အခုလိုမျိုးတိုက်ပွဲတွေအချိန်ကိုက်တပြိုင်နက်လုပ်လာနိုင်တာဖက်ဆစ်စစ်တပ်ကိုအတော်အကြပ်ရိုက်စေလိမ့်မယ်။ မြောက်ပိုင်းက၁၀၂၇စစ်ဆင်ရေးအကြောင်းဆက်ပြောရရင်တော့မနေ့ကတနေ့ထဲတင်စစ်ကောင်စီတပ်စခန်း၄၀နီးပိုင်းသိမ်းပိုက်လိုက်နိုင်တယ်။အပိုဆုအဖြစ်သံချပ်ကာကားနှစ်စီးပါဖျက်စီးလိုက်နိုင်တယ်။ဒါ့အပြင်တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ချင်းရွေဟော်မြို့ကိုပါတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်လိုက်တယ်။စစ်ဆင်ရေးကာလ၂၄နာရီအတွင်းရရှိတဲ့အောင်မြင်မှုတွေကကြောက်ခမန်းလိလိပါပဲ။မြောက်ပိုင်းညီနောင်ဒီနေ့မှာလဲအရှိန်အဟုန်ပြင်းစွာဆက်လက်ထိုးစစ်ဆင်နေပြီးသတင်းကောင်းတွေထပ်ကြားရဖို့ရှိတယ်။

Read moreDetails

အောက်တိုဘာ ၂၇၊ ၂၀၂၃။ (သောကြာ)

ဒီနေ့ဟာမြန်မာပြည်မှာစစ်အာဏာရှင်အမြစ်ဖြတ်လက်နက်ကိုင်တော်လှန်ရေးနောက်တဆင့်တက်လှမ်းလိုက်တဲ့နေ့တစ်နေ့ပါ။မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့MNDAA/TLNA/AAတို့ဟာ၁၀၂၇စစ်ဆင်ရေးကိုအကောင်အထည်ဖော်လိုက်ပါပြီ။ထိုစစ်ဆင်ရေးကိုတရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကိုတိုက်ဖျက်ဖို့အကြောင်းပြထားပေမယ့်နောက်ကွယ်မှာစစ်တပ်ကိုအမြစ်ဖြတ်ဖို့ရည်ရွယ်ချက်တွေလဲပါနေတယ်။ ဒီနေ့မနက်အစောပိုင်းကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံးကစစ်ကောင်စီတပ်စခန်းအားလုံးကိုထိုမြောက်ပိုင်းသုံးဖွဲ့တပ်တွေအလုံးအရင်းနဲ့အလစ်အငိုက်ဝင်ရောက်ခိုက်နေပါပြီ။စစ်ဆင်ရေးလုပ်တဲ့ဧရိယာဟာအတော်ကျယ်ပြန့်ပြီးစစ်ကောင်စီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့လားရှိုးမြို့မြောက်ပိုင်းနယ်မြေတွေအားလုံးပါဝင်နေတယ်။အဓိကအားဖြင့်တော့လောင်းကစားဝိုင်းတွေကြီးစိုးရာလောက်ကိုင်မြို့ကိုပစ်မှတ်ထားတယ်လို့ယူဆရတယ်။အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်စခန်းတွေပရမ်းပတာဖရိုဖရဲတွေဖြစ်ပြီးဆက်တိုက်သိမ်းပိုက်ခံနေရတယ်။အချိန်တိုအတွင်းမှာစစ်ကောင်စီတပ်စခန်းအနည်းဆုံး၂၀ခန့်ကျဆုံးသွားပြီးတော်လှန်ရေးအဖွဲ့တွေကသိမ်းပိုက်လိုက်ပါပြီ။ တိုက်ပွဲတွေကြောင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့လားရှိုးမူဆယ်ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့တော်လှန်ရေးအဖွဲ့တွေကကြေငြာထားတယ်။ကြေငြာချက်ကိုမလိုက်နာပဲဖြတ်သန်းသွားလာသူမှန်သမျှကိုစစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းအဖြစ်သတ်မှတ်ပြီးအရေးယူမယ်လို့လဲပြောထားတယ်။ဒီနှစ်ဆန်းမှာကတည်းကမြောက်ပိုင်းအဖွဲ့တွေနဲ့စစ်သူပုန်တွေတိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေကတည်းကထိုတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတချိန်မှာအပိတ်ခံရလိမ့်မယ်လို့ပြောခဲ့တယ်။အခုတော့ထိုအချိန်ကိုရောက်လာခဲ့ပါပြီ။

Read moreDetails

အောက်တိုဘာ ၂၆၊ ၂၀၂၃။ (ကြာသပတေး)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားဘုရားပွဲစတင်ကျင်းပမည့် သီးတင်းကျွတ်လပြည့်နေ့ နီးကပ်လာသည့်အတွက် ကျိုက်ထီးရိုးဘုရားတောင်ပေါ်နှင့် တောင်တက်ကားဂိတ်ရှိ ဈေးဆိုင်များကို မဖွင့်မနေရ ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေပြီး ဈေးဆိုင်များ၊ တောင်တက် ကားများကို မဖွင့်မနေရ၊ မလာမနေရဟုဆိုကာခေါ်ယူမှုများရှိနေကြောင်းသိရတယ်။ဈေးဆိုင်တွေဆိုနှစ်ဆိုင်ရှိတယ်ဆိုရင် တစ်ဆိုင်ကပိတ်ပြီး နောက်တစ်ဆိုင်ပဲ ဖွင့်မယ်ဆိုလဲအခွန်ကနှစ်ဆိုင်စာပေးရမယ်တဲ့။လူလာနည်းတာကြောင့်...

Read moreDetails

အောက်တိုဘာ ၂၅၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့ပေါ် လမ်းဆုံကို စစ်အုပ်စုနဲ့ပျူ အင်အား(၂၀၀)လောက်က ပိတ်ဆို့စီးနင်းပြီး လူမနေတဲ့ အိမ်နဲ့ အဆောက်အဦး တချို့ကို မီးရှို့ဖျက်ဆီးကာ ထမင်းဟင်းချက်နေတဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ခုနှစ်ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့သိရတယ်။စစ်အုပ်စုဟာ နေအိမ်တွေထဲ ဝင်မွှေလုယက်ရင်း...

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၃။ (အင်္ဂါ)

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရင်းနှီးမြှပ်နှံရာ၌ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာကြောင်းကမ္ဘာတလွှားစီးပွားဆိုင်ရာအချက်အလက်များထုတ်ပြန်နေသည့် Visual Capitalistအဖွဲ့က ထုတ်ပြန်လိုက်တယ်။ ကမ္ဘာပေါ်တွင် ရင်းနှီးမြှပ်နှံရာ၌ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံတွင် လာအိုနိုင်ငံနှင့်အတူ ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်တယ်။...

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၃။ (တနင်္လာ)

မနေ့ကKIAသိမ်းပိုက်ရရှိခဲ့တဲ့အောင်ဂျာယန်စခန်းဟာစစ်ကောင်စီအတွက်အရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်တယ်။ထိုစခန်းဟာလိုင်ဇာအနီးကနန့်ဆမ်ယန်ကိုသိမ်းဖိုးလက်နက်ရိက္ခာတွေတစ်ထောက်နားစုပုံလေ့ရှိတဲ့စခန်းဖြစ်တာကြောင့်KIAအသည်းအသန်တိုက်ယူထားတာပါ။အခုထိုစခန်းကိုသိမ်းပိုက်နိုင်ခြင်းကြောင့်စစ်ကောင်စီရဲ့လိုင်ဇာကိုခြိမ်းခြောက်ဖို့လုပ်နေတဲ့အိမ်မက်လဲပျက်ပြယ်သလောက်ဖြစ်သွားပါပြီ။ဇူလိုင်လထဲကစစ်ကြောင်းထိုးနေတဲ့နန့်ဆမ်ယန်ကိုလဲသိမ်းပိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒါ့အပြင်KIAအတွက်ဗန်းမော်မြစ်ကြီးနားလမ်းပိုင်းကိုထိန်းချုပ်ဖို့အခွင့်ပိုသာသွားပါပြီ။ KIAကတော့ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခတ်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကိုတိုက်စစ်ဖွင့်လာခဲ့ပြီးစခန်းသိမ်းတိုက်ပွဲစစ်ဆင်ရေးများကိုသုံးရက်ဆက် ပြုလုပ်လာကာ စခန်းသိမ်းတိုက်ခိုက်မှုအားလုံး အောင်မြင်နေတာကိုတွေ့ရတယ်။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ကချင်ပြည်နယ်မိုးမောက်မြို့နယ်အောင်ဂျာရွာအနီးစစ်ကောင်စီအထိုင်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နောက်ဆုံးမှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။KIA ဌာနချုပ် လိုင်ဇာနှင့် ၁၂ မိုင်ခန့်ဝေးပီး နမ့်ဆန်ယာန်အနီးရှိ စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) လက်အောက်ခံ အောင်ဂျာအထိုင်စခန်းကို KIAကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာအတော်ကြာနေပါပြီ။အခု အောင်ဂျာ စကစစခန်းကိုKIAမှရှင်းလင်းပြီးထိန်းချုပ်ထားနိုင်ခဲ့ပြီ။စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားပြီးရာဂဏန်းထိရှိနိုင်တယ်။အထိုင်စခန်းကြီးဖြစ်တဲ့အတွက်သိမ်းဆည်းရမိတဲ့ရန်သူ့လက်နက်ခဲယမ်းတွေလဲအလွန်များတယ်။ အောင်ဂျာဒေသတွင်စစ်ကောင်စီတပ်စခန်း၃ခုရှိရာစက်တင်ဘာလအတွင်းကစစ်ကောင်စီတပ်စခန်းတစ်ခုကို KIAက သိမ်းပိုက်ခဲ့ပြီး ယခု...

Read moreDetails
Page 68 of 173 1 67 68 69 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist