၁၀၂၇စစ်ဆင်ရေးဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီကပြောကြားလိုက်ပါတယ်။ထိုတွေ့ဆုံပွဲကိုတရုတ်အစိုးရအကူအညီနဲ့ပြုလုပ်နိုင်ခဲ့တယ်လို့လဲပြောတယ်။တွေ့ဆုံပွဲကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လုံးတက်ရောက်တယ်လို့သတင်းထုတ်ပြန်ထားတယ်။ဒါပေမယ့်မြေပြင်သတင်းတွေအရတော့ကိုးကန့်တပ်တစ်ခုသာတက်ရောက်ခဲ့ပြီးတအောင်းတပ်နဲ့ရခိုင်တပ်တို့ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရတယ်။စစ်ကောင်စီနဲ့ကိုးကန့်တပ်တို့ဟာဒီလကုန်အထိယာယီအပစ်ရပ်ရန်၊လောက်ကိုင်မှစစ်ကောင်စီတပ်တို့ဆုတ်ခွာရန်နှင့်လောက်ကိုင်အပါအဝင်ကိုးကန့်ဒေသကိုကိုးကန့်တပ်ကိုထိန်းချုပ်ခွင့်ပေးရန်သဘောတူခဲ့ကြတယ်လို့ပေါက်ကြားလာတဲ့သတင်းတွေအရသိရတယ်။စစ်ကောင်စီရောကိုးကန့်တပ်ရောအသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူး။ကိုးကန့်ဘက်ကဆိုရင်တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးဘာသတင်းမှထုတ်မပြောသေးဘူး။မြေပြင်မှာတော့ဒီနေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
ဒီသတင်းဟာအခုမှာကောက်ခါငင်ခါသိလိုက်ရတာဖြစ်တဲ့အတွက်ဘာဆက်ဖြစ်လာမလဲဆိုတာတော့ခန့်မှန်းရခက်နေတယ်။တွေ့ဆုံပွဲဖြစ်မြောက်သွားတာတော့သေချာသလောက်ရှိတယ်။စစ်ကောင်စီဟာသူတို့အရေးနိမ့်နေချိန်မှာတရုတ်ကိုအသည်းအသန်အကူအညီတောင်းပြီးမြောက်ပိုင်းမဟာမိတ်တွေရဲ့စစ်ရှိန်ကိုလျော့ချဖို့ကြိုးစားနေတာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


