ပြည်တွင်းနိုင်ငံရေးနဲ့စစ်ရေးမှာတရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုတွေရှိလာနေစဉ်မှာပဲNUGဟာတရုတ်နိုင်ငံအတွက်သူတို့ရဲ့မူဝါဒကိုတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုမူဝါဒထဲမှာတရုတ်နိုင်ငံနဲ့ချစ်ကြည်ရင်းနှီးစွာနေထိုင်ရေး၊ပြည်တွင်းရှိတရုတ်စီးပွားရေးလုပ်ငန်းတွေကိုအကာအကွယ်ပေးရေးစသဖြင့်ပါဝင်တယ်။ထိုမူဝါဒတွေထဲမှာထူးခြားမှုတစ်ခုကတော့တရုတ်တနိုင်ငံထဲပေါ်လစီကိုNUGကထောက်ခံတယ်လို့ပါဝင်လာတာပဲ။ထိုအချက်ကြောင့်NUGဟာအနောက်နိုင်ငံတွေဘက်ယိမ်းနေရာကနေတရုတ်ကိုပြန်ကပ်လာနေပြီလားလို့လေ့လာသူတွေကထင်ကြေးပေးနေကြတယ်။တကယ့်လက်တွေ့မှာလဲဒီတော်လှန်ရေးမှာတရုတ်ကိုပစ်ပယ်ထားလို့လုံးဝမရပါဘူး။NUGဟာအနောက်ယိမ်းခဲ့ပေမယ့်အခုချိန်ထိအနောက်နိုင်ငံတွေဟာထိထိရောက်ရောက်ဘာအကူအညီမှမပေးခဲ့ဘူး။တော်လှန်ရေးကိုလက်နက်ပံ့ပိုးပေးဖို့နေနေသာသာငွေကြေးအကူအညီတောင်မှပေးခဲ့ခြင်းမရှိပါဘူး။စစ်ကောင်စီကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတယ်ဆိုပေမယ့်လဲတကယ်တမ်းတော့ဟန်ပြပါပဲ။အနိမ့်ဆုံးအဆင့်လေယာဉ်ဆီပိတ်ဆို့မှုကိုတောင်လုပ်ပေးနိုင်ရက်နဲ့မလုပ်ပေးခဲ့ဘူး။ဒီ၂၀၂၃ခုနှစ်ထဲမှာလဲအနောက်ကိုအားကိုးတဲ့အသံတွေသိပ်ထွက်မလာတော့ဘူး။အနောက်နိုင်ငံတွေဟာနွေဦးတော်လှန်ရေးမှာတကယ်တော့လေသပ်သပ်ပါပဲ။
တဖက်မှာတော့တရုတ်ရဲ့တော်လှန်ရေးအပေါ်ပါဝင်ပတ်သက်နိုင်စွမ်းကမြင့်မားပါတယ်။အခုနောက်ဆုံး၁၀၂၇စစ်ဆင်ရေးဆိုရင်တရုတ်မီးစိမ်းပြလို့ဖြစ်လာတယ်လို့အများစုကယူဆထားကြတယ်။တရုတ်ဟာသူ့နယ်စပ်ကEAOတွေကိုထိန်းချုပ်နိုင်သလိုစစ်ကောင်စီကိုလဲထိန်းချုပ်နိုင်နေနိုင်တယ်။ဒီလိုအချိန်မှာNUGရဲ့တရုတ်နိုင်ငံအပေါ်သဘောထားထုတ်ပြန်တာနောက်တောင်ကျနေသေးတယ်။တရုတ်ကတော့လက်ရှိအချိန်မှာNUGကိုရှိတယ်လို့တောင်မအောက်မေ့ပါဘူး။အရင်ကအနောက်ကိုတောက်လျှောက်ယိမ်းခဲ့တာကြောင့်NUGကိုသဘောမကျခဲ့ဘူး။NUGဟာတရုတ်နဲ့ဆက်သွယ်နိုင်ရေးအတွက်အတော်ကြိုးစားယူရဦးမယ့်အခြေအနေမှာရှိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


