သတင်းအဆန်းလေးတစ်ခု ဒီနေ့ဖတ်လိုက်ရတယ်။ ဖတ်ပြီး ကြည်နူးမိတယ်။ ဝမ်းသာစရာသတင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကာလမှာ စစ်ကောင်စီနဲ့ပတ်သက်လို့အဆိုးမြင်သမျှအရာအားလုံးဟာ ကိုယ်တွေ အတွက်တော့ ဝမ်းသာစရာချည်းပဲ။ ကချင်ပြည်နယ် ၊ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင် တစ်ဦးကို နပန်းလုံးထိုးသတ်အနိုင်ယူခဲ့တဲ့ KPF...
Read moreDetailsအခုရက်ပိုင်း ကချင်တွေလက်စွမ်းပြနေတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရဲ့ စင်းခန်းကျေးရွာ စင်းခန်းဧရာဝတီမြစ်ကူးတံတား အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၅ ခုကို မေလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက် တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က အတည်ပြုတဲ့သတင်း...
Read moreDetailsပြည်သူကိုရန်သူလိုဆက်ဆံနေတာဟာ ကမ္ဘာမှာ မြန်မာစစ်တပ်က အဆိုးဆုံးဖြစ်လိမ့်မယ်လို့ တစ်ထစ် ကျွန်တော်ယုံကြည်ထားတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ဒုက္ခမျိုးစုံပေးပြီး အဖက်ဖက်ကနှိပ် ကွပ်နေတယ်။ ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကတော့ ခံပြင်းစရာပဲ။ မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေး ရွာအုပ်စု ကူးတို့ဆိပ်ရွာမှာ မေလ...
Read moreDetailsပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ (၃) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား ကို ဒီနေ့မှာ ကျင်းပတာတွေ့ရတယ်။ NUG မှာ လွတ်မြောက်နယ်မြေရှိနေပြီဖြစ်တယ်လို့ ဦးရည်မွန်က ထုတ်ဖော်ပြောဆိုလိုက်တယ်။ NUG အနေနဲ့ အခုလိုထုတ်ပြန်ချက်တွေ၊ အခမ်းအနားတွေလုပ်နေချိန်မှာပဲ မြန်မာပြည်တွင်းမှာလည်း စစ်မီးတွေတောက်လောင်နေကြရတယ်။ စစ်ကောင်စီက အကြောင်းမဲ့ သေနတ်နဲပစ်သတ်လို့သေဆုံးသွားတဲ့သူ...
Read moreDetailsမြန်မာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ ၃ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂရုံးကနေ မေ ၄ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်မှာ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေအားလုံး ၅ လ အတွင်း...
Read moreDetailsပခုက္ကူမြို့ရဲ့လေဆိပ်အနီးမှာ ရဲနဲ့ပျူစောထီး(၇) ဦးသေဆုံးတယ်လို့ သတင်းတွေမှာဖတ်ရပေမယ့် ဒေသခံ တွေကတော့ အဲဒီသတင်းကို သေသေချာချာမကြားရဘူးလို့ပြောပြတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ စစ်ပွဲရဲ့ရလာဒ်ကို ဒေသခံတွေအတော်များများခံစားကြရတယ်။ စစ်ကောင်စီကလည်းရွာတွေကို မီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာမျိုးတွေဆက်တိုက်လုပ်နေတယ်။ သူတို့အာဏာတည်မြဲဖို့အတွက် ဘာမဆိုလုပ်ဖို့အဆင်သင့်အနေအထားနဲ့ စောင့်ဆိုင်းနေကြတယ်။ တစ်ဖက်မှာလည်း စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို...
Read moreDetailsစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တစ်ခုက မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကို ထပ်မံအံအားသင့်စေခဲ့ပါတယ်။ ပြည်ပကို အလုပ်သွားလုပ်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်။ မေလ ၁ ရက်နေ့နောက်ပိုင်းကနေစပြီး ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေကို သွားခွင့်မပေးတော့ဘူး။ အရင်စီစဉ်ထားပြီးဖြစ်တဲ့သူတွေသာ သွားခွင့်ရှိ တော့မယ်။ ဒီသတင်းကြောင့် နိုင်ငံခြားကိုသွားဖို့စီစဉ်ထားတဲ့သူတွေအားလုံး စိတ်ဓါတ်တွေကျကုန်တယ်။ မျှော်လင့်ချက်တွေမဲ့ကုန်တယ်။ စစ်မှုထမ်းဉပဒေကိုထုတ်ပြန်ပြီး...
Read moreDetailsမြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို သူတို့ရဲ့ စစ်အင်အားအတွက် အကျိုးရှိရှိအသုံးချနေတယ်။ စစ် မှုထမ်းဖို့အတွက်ခေါ်တာမျိုး၊ ဆန္ဒပြခိုင်းတာမျိုး အစရှိသဖြင့် သူတို့ရဲ့ နိုင်ငံရေးကစားကွက်တွေထဲမှာလိုအပ်သ လိုအသုံးချနေတယ်။ နောက်တစ်ခါ အေအေ ကိုတိုက်ခိုက်ဖို့၊ ဒေသတွင်းပဋိပက္ခဖန်တီးဖို့လည်း ဘက်ပေါင်းစုံကနေ ကြိုးပမ်းနေတာတွေ့ရတယ်။ ဉပမာဆိုရရင် ရခိုင်လူမျိုးတို့...
Read moreDetailsလတ်တလောပြင်းထန်နေတဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှုတွေရှိလာနေပါတယ်။ အပူချိန်အမြင့်ဆုံး ချောက်မြို့မှာ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ အခုရက်ပိုင်း ရုတ်တရက် သေဆုံးမှု ပိုများလာတယ်။ သက်ကြီးရွယ်အိုတွေ ၇၅၊ ၈၀ ကျော်တွေ တစ်နေ့ကို...
Read moreDetailsရခိုင်ပြည်နယ်ကစစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာအမ်းမြို့နယ်အနီးရှိတောင်ဟိန်းတောင်ဗျူဟာကုန်းကိုအေအေကသိမ်းပိုက်လိုက်ပါတယ်။ထိုဗျူဟာကုန်းဟာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုကာပေးထားတဲ့စခန်းကြီးတစ်ခုဖြစ်ပြီးအင်အား၆၀၀ ကျော်တပ်စွဲထားတာပါ။ထိုစခန်းကျသွားပြီးနောက်အေအေဟာအမ်းမြို့နယ်ကိုကောင်းကောင်းခြိမ်းခြောက်နိုင်သွားပါပြီ။အခုနွေဦးတော်လှန်ရေးမှာစစ်တပ်ရဲ့တပ်ရင်းဌာနချုပ်တွေ၊ကွပ်ကဲမှုဌာနချုပ်တွေအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်တိုင်းစစ်ဌာနချုပ်တစ်ခုမှတော်လှန်ရေးတပ်ဖွဲ့တွေလက်အောက်မကျရောက်သေးပါဘူး။ဒီပုံအတိုင်းဆိုရခိုင်ပြည်နယ်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပထမဆုံးစျေးဦးပေါက်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့မြဝတီမြို့ဆီချီတက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေါနတောင်ပေါ်ကိုတော့ရောက်ရှိနေပါပြီ။ဒါပေမယ့်KNUရဲ့အပြင်းအထန်ခုခံတိုက်ခိုက်နေမှုကြောင့်အကျအဆုံးရာဂဏန်းခန့်ရှိနေတယ်။သံချပ်ကာကားတွေအပါအဝင်အခြားစစ်သုံးယာဥ်များစွာကိုလဲဆုံးရှုံးထားသေးတယ်။ဒါပေမယ့်လဲစစ်တပ်ဘက်ကထိုစစ်ကြောင်းကိုအင်အားထပ်ဖြည့်နေတယ်လို့သိရတယ်။မြဝတီကိုရောက်ဖို့ကတော့လက်ရှိအခြေအနေအရသူတို့အတွက်မလွယ်သေးပါဘူး။
Read moreDetailsYou can copy without credits to our site. We Need Freedom.