အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၁၉၊ ၂၀၂၃။ (အင်္ဂါ)

ပဲခူးတိုင်းအရှေ့ခြမ်းမုန်းမြို့ကိုဒီလဆန်းပိုင်းက စစ်ကောင်စီ၏ ခမရ(၅၉၀) ၊ ခမရ(၅၉၉) ၊ မုန်းရဲစခန်းအပါအဝင်စစ်ကောင်စီတပ်များကိုKNUပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့်အခုတော့စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပါပြီ။စစ်ကောင်စီရဲ့တပ်ရင်းဌာနချုပ်များတိုက်ခိုက်သိမ်းပိုက်ခံရတာကြောင့်စစ်တပ်ကပြန်လည်ထိန်းချုပ်အပြီးမှာ မုန်းမြို့ရှိ စျေးဆိုင်တန်းများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေပါတယ်။ဒေသခံများကိုလည်း မောင်းထုတ်နေတယ်လို့သိရတယ်။အဆိုပါဈေးဆိုင်တန်း များအားမီးရှို့ဖျက်ဆီးခြင်းများမပြုလုပ်မီ(၅)ရက်ခန့်အလိုတွင်စစ်ကောင်စီတပ်သားများမှဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ပစ္စည်းများကို စျေးပေါပေါဖြင့် ပြန်လည်ရောင်းချခဲ့တယ်။ထို့အပြင် တစ်ချို့ရေခဲသေတ္တာနှင့် အခြားပစ္စည်းများကိုလည်း...

Read moreDetails

ဒီဇင်ဘာ ၁၈၊ ၂၀၂၃။ (တနင်္လာ)

ချင်းပြည်နယ်ဘက်မှာလဲမကွေးတိုင်း၊ဂန့်ဂေါမြို့နယ်နှင့် ချင်းပြည်နယ်အစပ်၊ ဘုံးဇုံရွာစစ်ကောင်စီရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကိုဖမ်းမိထားပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိတယ်။တချို့စစ်ကောင်စီတပ်သားတွေထွက်ပြေးနေကြလို့လိုက်ဖမ်းနေတယ်။ဘုံးဇုံရဲစခန်းသည်ဂန့်ဂေါမြို့နှင့်ဟားခါးမြို့တိုကို့ဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင်တည်ရှိပြီးချင်းပြည်နယ်မြို့တော်ဟားခါးနဲ့မင်းတပ်မြို့ကစစ်ကောင်စီတပ်တွေကိုမကွေးတိုင်းမှလက်နက်ရိက္ခာပို့ရာမှာတထောက်နားလေ့ရှိတဲ့စခန်းဖြစ်တယ်။ထိုစခန်းကိုချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ဟားခါး-ဂန့်ဂေါလမ်းမကြီးတလျောက်တွင် စစ်ကောင်စီတပ်စခန်း မကျန်​တော့​တာကြောင့်ချင်းပြည်နယ်ကိုထိန်းချုပ်ဖို့အတွက်နောက်တဆင့်တက်လှမ်းလိုက်နိုင်ပါပြီ။ဒါ့အပြင်ချင်းပြည်အနောက်ပိုင်းပလက်ဝမြို့နယ်မှစစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၀၄)လက်အောက်ခံထယ်ဘွေ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရတယ်။လက်ရှိအခြေအနေအရစစ်ကောင်စီဟာချင်းပြည်နယ်ကိုမြေပြင်ကစစ်ကူပေးပို့ဖို့လုံးဝမဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။လေကြောင်းကစစ်ကူပိုဖို့ကလဲအကန့်အသတ်တွေရှိနေတာကြောင့်ချင်းတော်လှန်ရေးအဖွဲ့တွေအားစိုက်နိုင်ရင်ဟားခါးအပါအဝင်ချင်းပြည်နယ်အတွင်းကမြို့ကြီးတွေအနှေးနဲ့အမြန်လွတ်မြောက်နိုင်ပါတယ်။

Read moreDetails

ဒီဇင်ဘာ ၁၇၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်တပ်က အပြင်းအထန် ခုခံနေတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို တအာင်းတပ်မတော်- TNLA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလို TNLA က စခန်းသစ်ကုန်း သိမ်းပိုက်လိုက်နိုင်တာဟာနမ့်ခမ်းမြို့တစ်ခုလုံးTNLAထိန်းချုပ်မှုအောက်ရောက်သွားတာဖြစ်တယ်။နမ့်ခမ်းမြို့ကိုTNLAကနိုဝင်ဘာလကတည်းကတိုက်ခိုက်နေတာဖြစ်ပြီးမြို့ကိုထိန်းချုပ်နိုင်ပေမယ့်မြို့အနီးကစစ်ကောင်စီရဲ့စခန်းသစ်ကုန်းကိုတလကျော်ကြာအပြင်းအထန်တိုက်ခိုက်ခဲ့ရတာဖြစ်တယ်။ဒီရက်ပိုင်းမှာစစ်ကောင်စီကထိုစခန်းသစ်ကုန်းမကျရေးအတွက်ရဟတ်ယာဉ်တွေနဲ့စစ်ကူတစ်ရာကျော်ပေးပို့ခဲ့ပေမယ့်ထိုစစ်ကူအားလုံးစခန်းသစ်ကုန်းမရောက်ခင်တိုက်ခိုက်ခံရလို့ဖရိုဖရဲနဲ့တပ်ပျက်ထွက်ပြေးခဲ့ရတယ်။အခုနောက်ဆုံးတော့ထိုစခန်းကကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချသွားတဲ့ပုံစံပါပဲ။စခန်းမှာလဲဒဏ်ရာရစစ်သားတွေအများအပြားဖြစ်နေပြီလေ။ ကားတွေနဲ့ မူဆယ်ဘက် လူနာတွေ...

Read moreDetails

ဇန်နဝါရီ ၀၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်KIAဌာနချုပ်တည်ရှိရာလိုင်ဇာမြို့အနီးမှာစစ်ကောင်စီရဲ့သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စီးကိုKIAကပစ်ချလိုက်ပါတယ်။ထိုရဟတ်ယာဉ်ဟာလိုင်ဇာမြို့အနီးမှာတည်ရှိတဲ့စစ်ကောင်စီစခန်းကိုလက်နက်ရိက္ခာလာပို့တဲ့အချိန်မှာပစ်ချခံလိုက်ရတာပါ။KIAဘက်ကတော့လေယာဉ်မှုးနှစ်ဦးအပါအဝင်ရဟတ်ယာဉ်ပေါ်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးလုံးသေဆုံးသွားတယ်လို့ပြောလိုက်တယ်။စစ်ကောင်စီဘက်တော့တစ်စုံတစ်ရာမပြောသေးပါဘူး။ဒီတခေါက်ကရှင်းလင်းပြတ်သားတဲ့ဗီဒီယိုဖိုင်တွေထွက်လာတဲ့အတွက်စစ်ကောင်စီဘက်ကအရင်လိုငြင်းလို့လဲမရတော့ပါဘူး။ KIAဟာ၂၀၂၁ခုနှစ်အတွင်းကလဲစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချခဲ့ဘူးသေးတယ်။နွေဦးတော်လှန်ရေးကာလအတွင်းမှာတော့ဒါနဲ့ဆိုရင်စစ်ကောင်စီဟာစစ်သုံးရဟတ်ယာဉ်ငါးစီးခန့်နဲ့တိုက်ခိုက်ရေးဂျက်လေယာဉ်၂စီးဆုံးရှုံးထားပါတယ်။ဒီနေ့KIAကပစ်ချခဲ့တဲ့ရဟတ်ယာဉ်ကိုတော်လှန်ရေးအတွက်နှစ်သစ်လက်ဆောင်လို့မှတ်ယူလိုက်မယ်။

Read moreDetails

ဒီဇင်ဘာ ၁၆၊ ၂၀၂၃။ (စနေ)

တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့စစ်ကိုင်းတိုင်းခမ်းပတ်မြို့ကိုပြန်လည်သိမ်းယူဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာအရေးမလှဖြစ်ပြီးပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့အပတ်ထဲကအင်အား၂၀၀ခန့်နဲ့ခမ်းပတ်မြို့ကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တယ်။ဒီရက်တွေအတွင်းမှာခမ်းပတ်မြို့တဝိုက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်သူပုန်တွေဟာမြို့အနားရှိမိဘမဲ့ကလေးကျောင်းကကလေးတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားလို့တော်လှန်ရေးတပ်ဖွဲ့တွေကကယ်ထုတ်ပေးခဲ့ရသေးတယ်။နောက်ဆုံးမှာတော့တော်လှန်ရေးအဖွဲ့တွေကအောင်မြင်စွာခုခံနိုင်ခဲ့ပြီးစစ်သူပုန်တွေအကျအဆုံးများစွာနဲ့ပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီဟာနိုင်ငံတဝန်းမှာသူတို့ဆုံးရှုံးသွားတဲ့မြို့တွေကိုပြန်လည်သိမ်းယူဖို့ခုချိန်ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ရှမ်းမြောက်ကမြို့တွေကိုအသာထားလို့စစ်ကိုင်းတိုင်းထဲကခမ်းပတ်လို့မြို့သေးသေးလေးကိုတောင်မှပြန်လည်သိမ်းယူနိုင်စွမ်းမရှိသေးပါဘူး။တော်လှန်ရေးအဖွဲ့တွေကိုထိုးစစ်ပြန်ဆင်နိုင်ဖို့ထပ်နောက်ထပ်မြို့တွေမပါသွားအောင်ခုခံနေရတဲ့အနေအထားပါ။ ရှမ်းမြောက်မှာလဲမူဆယ်၁၀၅မိုင်စခန်းနားကစစ်တပ်ရဲ့အခိုင်အမာဗျူဟာကုန်းစခန်းကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေသိမ်းပိုက်နိုင်လိုက်တယ်။ဒါကြောင့်တရုတ်နယ်စပ်အကြီးမှာဆုံးကုန်သွယ်ရေးဇုန်ကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထိန်းချုပ်နိုင်လိုက်ပါပြီ။စစ်ကောင်စီတပ်တွေကတော့မူဆယ်မြို့ထဲဆုတ်ခွာသွားပြီးမြို့ထဲကနေခုခံဖို့ပြင်ဆင်နေတယ်လို့သိရတယ်။မနေ့ကပြောခဲ့သလိုပဲထိုဗျုဟာကုန်းစခန်းကိုရရှိလိုက်တဲ့အတွက်မူဆယ်မြို့ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ပိုမိုလွယ်ကူသွားပါပြီ။

Read moreDetails

ဒီဇင်ဘာ ၁၅၊ ၂၀၂၃။ (သောကြာ)

ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ဆန်မြို့ကိုတအာင်းတပ်မတော်(TNLA)ကတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးကအတည်ပြုလိုက်ပါပြီ။TNLA အနေဖြင့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၀ရက်မှစတင်ခဲ့ရာတစ်ပတ်ခန့်အကြာတွင်မြို့ကိုအလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။စစ်တပ်ကတော့အခုချိန်ထိ လေကြောင်းကနေ လိုက်ပစ်နေပါတယ်။ဒီဇင်ဘာ ၁၀ရက်မှစ၍ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး ကဒိုင်းဖူးတောင်တပ်စခန်းကို TNLAက စတင်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ရက်တွင် နမ့်ဆန်ရဲစခန်း၊ နမ့်ဆန်...

Read moreDetails

ဒီဇင်ဘာ ၁၄၊ ၂၀၂၃။ (ကြာသပတေး)

ရခိုင်ပြည်နယ်မှာလဲသတင်းတွေမထုတ်ပြန်ပေမယ့်အေအေတပ်တော်နဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။တိုက်ပွဲတွေအကြောင်းပြောရရင်ရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်ပြီးမကြာမီမှာပဲအေအေကရခိုင်မှာတိုက်စစ်ပြန်ဖွင့်ခဲ့တယ်။ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်ပြီးရက်ပိုင်းမှာပဲအေအေကစစ်ကောင်စီတပ်စခန်းလေးဆယ်ကျော်ကိုသိမ်းပိုက်လိုက်နိုင်တယ်။အဲ့ဒီနောက်အေအေကရခိုင်နဲ့ချင်းနယ်စပ်ပလက်ဝမြို့နယ်ရှိတရွန်အိုင်ဗျူဟာနဲ့နှုံးဘူးဗျူဟာစခန်းကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။ရက်နှစ်ဆယ်ကျော်အကြာအပြင်းအထန်တိုက်ခိုက်ပြီးနောက်ထိုဗျူဟာစခန်းနှစ်ခုလုံးအေအေကိုသိမ်းပိုက်လိုက်တယ်။ထိုစခန်းနှစ်ခုကိုရရှိလိုက်တာဟာပလက်ဝဒေသကအေအေကထိန်းချုပ်လိုက်တာဖြစ်ပြီးအေအေအတွက်ရှမ်းမြောက်ကအဖွဲ့တွေလိုထိန်းချုပ်ဒေသတစ်ခုရရှိဖို့ပိုမိုနီးစပ်လာတယ်။ဒီတိုင်းဆိုရင်ပလက်ဝမြို့ကိုလဲမကြာမီအေအေကသိမ်းပိုက်လိုက်လိမ့်မယ်။ ဒီတခေါက်ရခိုင်ပြည်နယ်မှာဖြစ်တဲ့စစ်ပွဲတွေဟာရခိုင်မြောက်ပိုင်းမှာသာမကပဲရခိုင်တောင်ပိုင်းအပါအဝင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးပြန့်နှံလာခဲ့တယ်။အေအေကဒီနေ့ထုတ်ပြန်လိုက်တဲ့သတင်းအရစစ်ဆင်ရေးကာလအတွင်းရခိုင်ပြည်နယ်တစ်ခုလုံးမှာစစ်ကောင်စီတပ်စခန်းပေါင်း၁၄၂ခုအထိသိမ်းပိုက်ထားနိုင်တယ်။ဒါပေမယ့်အခုချိန်အထိတော့မြို့တွေကိုထိန်းချုပ်နိုင်ခြင်းတော့မရှိသေးပါဘူး။တဖက်မှာလဲစစ်ကောင်စီကရခိုင်ပြည်နယ်တစ်ခုလုံးကိုကုန်းလမ်းရောရေလမ်းပါပိတ်ဆို့ထားလို့ကုန်စည်စီးဆင်းမှုတွေရပ်တန့်ပြီးကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်။စစ်ကောင်စီဟာသူတို့ကိုတိုက်ခိုက်ရင်ရခိုင်ပြည်သူတွေစားဝတ်နေရေးဒုက္ခရောက်အောင်လုပ်မယ်ဆိုတဲ့ယုတ်မာတဲ့အကြံနဲ့ပိတ်ဆို့ထားတာပါ။ဒီတခေါက်တစ်ကျော့ပြန်ရခိုင်စစ်ပွဲတွေဟာဘယ်အခြေအနေအထိသွားမလဲဆိုတာခန့်မှန်းလို့‌တော့မရသေးပါဘူး။

Read moreDetails

ဇန်နဝါရီ ၀၂၊ ၂၀၂၄။ (အင်္ဂါ)

လာမယ့်၂၀၂၄ခုနှစ်မှာဖြစ်ပေါ်လာနိုင်မယ့်အခြေအနေကိုခန့်မှန်းရရင်တော့မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးဟာဘယ်ထိသွားမလဲဆိုတဲ့မေးခွန်းပေါ်မှာမူတည်နေတယ်။မြောက်ပိုင်းသုံးဖွဲ့ဟာစစ်အာဏာရှင်အမြစ်ဖြတ်ရေးကြွေးကြော်ပြီးစစ်ကောင်စီကိုတိုက်ခိုက်နေပေမယ့်သူတို့ရဲ့သက်ဆိုင်ရာတိုင်းရင်းသားဒေသတွေကိုသိမ်းပိုက်နိုင်ရေးကပထမဦးစားပေးဖြစ်မှာပဲ။အခုဆိုရင်MNDAAကလောက်ကိုင်ကိုဦးတည်တိုက်ခိုက်နေသလိုTLNAကလဲဒီရက်ပိုင်းတွေအတွင်းမှာပဲသူ့ဒေသအတွင်းကမြို့‌တွေကိုဆက်တိုက်သိမ်းပိုက်နေတယ်။ရခိုင်ပြည်နယ်မှာလဲအေအေကသူ့အတွက်အရေးပါတဲ့ပလက်ဝဒေသကိုရရှိနိုင်ဖို့ကြိုးစားနေတယ်။ခန့်မှန်းရရင်တော့၁၀၂၇စစ်ဆင်ရေးဟာသိပ်မကြာတော့တဲ့အချိန်အတွင်းမှာလောက်ကိုင်နဲ့မူဆယ်ကိုသိမ်းပိုက်နိုင်လိမ့်မယ်။ထိုအချိန်ရောက်ရင်စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာလာရှိုးကိုအရှိန်နဲ့ဆက်သိမ်းမလား၊ခဏရပ်မလားပြောလို့မရသေးဘူး။မြောက်ပိုင်း၃ဖွဲ့အနေနဲ့စစ်ကောင်စီကိုနေပြည်တော်အထိဆက်တိုက်ထိုးစစ်ဆင်မယ်လို့မျှော်လင့်လို့မရပါဘူး။အချိန်တစ်ခုရောက်ရင်ခဏရပ်လိမ့်မယ်ထင်တယ်။ လက်ရှိအချိန်ထိတော့ရှမ်းမြောက်၊ရခိုင်နဲ့ကရင်နီပြည်နယ်ကလွဲလို့တခြားတွေမှာစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်မှုအခြေအနေဟာသိပ်အားရစရာမကောင်းလှပါဘူး။အထူးသဖြင့်မြန်မာပြည်တောင်ပိုင်ဒေသတွေကိုပြောရမယ်။ရှမ်းမြောက်မှာဒီတလှိုင်းပြီးလို့နောက်တလှိုင်းလာရင်တော့အခြားဒေသတွေကဒီထက်ပိုပြီးပူးပေါင်းနိုင်မယ်ဆိုရင်တော့၂၀၂၄ခုနှစ်အကုန်မှာစစ်ကောင်စီနဲ့တကွစစ်ခေါင်းဆောင်တွေနိဂုံးချုပ်ဖို့ဖြစ်နိုင်လောက်ပါတယ်။

Read moreDetails

ဇန်နဝါရီ ၀၁၊ ၂၀၂၄။ (တနင်္လာ)

၂၀၂၃ကုန်လို့၂၀၂၄ကိုရောက်ရှိလာပါပြီ။၂၀၂၃တနှစ်လုံးအတွက်နွေဦးတော်လှန်ရေးအခြေအနေကိုပြောရရင်၂၀၂၃မှာအစမှာပဲတော်လှန်ရေးအဖွဲ့တွေဘက်ကစစ်ကောင်စီတပ်အပေါ်ခုခံစစ်ကိုနေတိုက်စစ်ကိုပြောင်းလဲလာနိုင်တယ်။နှစ်အစမှာပဲနိုင်ငံအနှံမှာပျောက်ကြားစနစ်နဲ့စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲလာနိုင်တာကိုတွေ့ရတယ်။NUGဟာသူ့ရဲ့PDFတပ်ရင်းတွေကိုလက်နက်တပ်ဆင်နိုင်မှုတွေပိုမိုပြုလုပ်လာနိုင်တယ်။ဒါပေမယ့်၂၀၂၃တစ်နှစ်လုံးနီးပါးထိုအခြေအနေနဲ့အီနေပြီးအများကနှစ်ကုန်ပိုင်းမှာအပြောင်းအလဲတစ်ခုခုဖြစ်လာဖို့မျှော်လင့်ခဲ့ကြတယ်။NUGကစစ်ခွေးနိဂုံး၂၀၂၃လို့ကြွေးကြော်ထားခဲ့တယ်လေ။ မျှော်လင့်ထားတဲ့အတိုင်းပဲ၂၀၂၃အောက်တိုဘာလမှာမြောက်ပိုင်းမဟာမိတ်EAOသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တယ်။ထိုစစ်ဆင်ရေးဟာNUGနဲ့တိုက်ရိုက်မပက်သတ်ပေမယ့်လဲနွေဦးတော်လှန်ရေးအတွက်ကြီးမားတဲ့အလှည့်အပြောင်းဖြစ်စေခဲ့တယ်။နိုင်ငံမြောက်ပိုင်းမှာမြို့သိမ်းတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဆင်နွှဲလာနိုင်တယ်။နှစ်ကုန်ပိုင်းအရောက်မှတော့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးတော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲကျရောက်ခဲ့ပါပြီ။ ထိုစစ်ဆင်ရေးရဲ့အရှိန်ကြောင့်ရှမ်းမြောက်မှာတင်မကပဲချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ကရင်နီပြည်နယ်တွေမှာပါတော်လှန်စစ်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်။ရခိုင်ပြည်နယ်ဘက်မှာလဲအေအေကစစ်ကောင်စီကိုတကျော့ပြန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတယ်။ဒါ့‌ကြောင့်၂၀၂၃အကုန်မှာစစ်ကောင်စီဟာစစ်ရေးမှာအတော်လေးဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။

Read moreDetails

ဒီဇင်ဘာ ၃၁၊ ၂၀၂၃။ (တနင်္ဂနွေ)

ပြည်တွင်းနိုင်ငံရေးနဲ့စစ်ရေးမှာတရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုတွေရှိလာနေစဉ်မှာပဲNUGဟာတရုတ်နိုင်ငံအတွက်သူတို့ရဲ့မူဝါဒကိုတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုမူဝါဒထဲမှာတရုတ်နိုင်ငံနဲ့ချစ်ကြည်ရင်းနှီးစွာနေထိုင်ရေး၊ပြည်တွင်းရှိတရုတ်စီးပွားရေးလုပ်ငန်းတွေကိုအကာအကွယ်ပေးရေးစသဖြင့်ပါဝင်တယ်။ထိုမူဝါဒတွေထဲမှာထူးခြားမှုတစ်ခုကတော့တရုတ်တနိုင်ငံထဲပေါ်လစီကိုNUGကထောက်ခံတယ်လို့ပါဝင်လာတာပဲ။ထိုအချက်ကြောင့်NUGဟာအနောက်နိုင်ငံတွေဘက်ယိမ်းနေရာကနေတရုတ်ကိုပြန်ကပ်လာနေပြီလားလို့လေ့လာသူတွေကထင်ကြေးပေးနေကြတယ်။တကယ့်လက်တွေ့မှာလဲဒီတော်လှန်ရေးမှာတရုတ်ကိုပစ်ပယ်ထားလို့လုံးဝမရပါဘူး။NUGဟာအနောက်ယိမ်းခဲ့ပေမယ့်အခုချိန်ထိအနောက်နိုင်ငံတွေဟာထိထိရောက်ရောက်ဘာအကူအညီမှမပေးခဲ့ဘူး။တော်လှန်ရေးကိုလက်နက်ပံ့ပိုးပေးဖို့နေနေသာသာငွေကြေးအကူအညီတောင်မှပေးခဲ့ခြင်းမရှိပါဘူး။စစ်ကောင်စီကိုစီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတယ်ဆိုပေမယ့်လဲတကယ်တမ်းတော့ဟန်ပြပါပဲ။အနိမ့်ဆုံးအဆင့်လေယာဉ်ဆီပိတ်ဆို့မှုကိုတောင်လုပ်ပေးနိုင်ရက်နဲ့မလုပ်ပေးခဲ့ဘူး။ဒီ၂၀၂၃ခုနှစ်ထဲမှာလဲအနောက်ကိုအားကိုးတဲ့အသံတွေသိပ်ထွက်မလာတော့ဘူး။အနောက်နိုင်ငံတွေဟာနွေဦးတော်လှန်ရေးမှာတကယ်တော့လေသပ်သပ်ပါပဲ။ တဖက်မှာတော့တရုတ်ရဲ့တော်လှန်ရေးအပေါ်ပါဝင်ပတ်သက်နိုင်စွမ်းကမြင့်မားပါတယ်။အခုနောက်ဆုံး၁၀၂၇စစ်ဆင်ရေးဆိုရင်တရုတ်မီးစိမ်းပြလို့ဖြစ်လာတယ်လို့အများစုကယူဆထားကြတယ်။တရုတ်ဟာသူ့နယ်စပ်ကEAOတွေကိုထိန်းချုပ်နိုင်သလိုစစ်ကောင်စီကိုလဲထိန်းချုပ်နိုင်နေနိုင်တယ်။ဒီလိုအချိန်မှာNUGရဲ့တရုတ်နိုင်ငံအပေါ်သဘောထားထုတ်ပြန်တာနောက်တောင်ကျနေသေးတယ်။တရုတ်ကတော့လက်ရှိအချိန်မှာNUGကိုရှိတယ်လို့တောင်မအောက်မေ့ပါဘူး။အရင်ကအနောက်ကိုတောက်လျှောက်ယိမ်းခဲ့တာကြောင့်NUGကိုသဘောမကျခဲ့ဘူး။NUGဟာတရုတ်နဲ့ဆက်သွယ်နိုင်ရေးအတွက်အတော်ကြိုးစားယူရဦးမယ့်အခြေအနေမှာရှိတယ်။

Read moreDetails
Page 48 of 159 1 47 48 49 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist