၁၀၂၇အပိုင်း၂စပြီးတပတ်အကြာမှာပဲMNDAAကလားရှိုးမြို့ကိုတိုက်စစ်စဖွင့်လိုက်ပါပြီ။ပြီးခဲ့တဲ့ရက်တွေအထိ လားရှိုးမြို့ကိုမတိုက်သေးပဲTLNAကလားရှိုးတောင်ဘက်ကမြို့တွေဖြစ်တဲ့နောင်ချို၊ကျောက်မဲစတဲ့မြို့တွေမှာသာတိုက်ပွဲတွေဖြစ်ပွားနေခဲ့တယ်။ထိုဒေသတွေကတိုက်ပွဲတွေမှာMNDAAမပါဝင်သေးပါဘူး။ဒီနေ့တော့MNDAAဟာစစ်ဆင်ရေးထဲပါဝင်လာခဲ့ပြီ။လားရှိုးမြို့အနီး လေးနေရာထက်မနည်း ယမန်နေ့ညနက်ပိုင်းမှစပြီး တိုက်ပွဲဖြစ်နေတယ်။တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီရဲ့တိုင်းဌာနချုပ်မြို့ကို ပထမဆုံးအကြိမ်အဖြစ်စတင်တိုက်ခိုက်နေပါပြီ။ပွဲကတော့ဒီထက်ပိုပြီးကြည့်ကောင်းလာဖို့ရှိမယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။