ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ထိုဒေသတွေမှာ ရှိတဲ့မြို့တွေက ဒေသခံပြည်သူတွေ အလုံးအရင်းနဲ့ စစ်ဘေးစရှောင်နေကြရပါပြီ။ မရှောင်လို့လဲ အဆင်မပြေတော့ပါဘူး။ ကျောက်မဲမြို့ထဲမှာဆို တိုက်ပွဲတွေကြောင့် သေဆုံးသူ၃၀နီးပါးရှိလာပြီး ပရဟိတအဖွဲ့တွေက အလောင်း ကောက်သဂြိုလ်ပေးနေရတယ်။ အဓိကလမ်းမကြီးတွေ ပိတ်ကုန်လို့ စစ်ဘေးရှောင်ပြည်သူတွေဟာ တောထဲကရှောင်ခွင်းလမ်းတွေက သွားလာနေကြရတယ်။ ထိုလမ်းတွေမှာလဲ လူတွေကားတွေနဲ့ ပိတ်ဆို့မှု တွေ ဖြစ်နေတယ်။ အများစုကတော့ မန္တလေးမြို့ဘက်ကို ဦးတည်ပြီးစစ်ရှောင်နေကြတယ်။ တိုက်ပွဲတွေဟာ ဒီနေ့မှာတော့ ရှမ်းမြောက်နဲ့ ကချင်နယ်စပ်က မိုးမိတ်မြို့ကို ရောက်ရှိလာတယ်။ ထိုမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်တုန်းက KIA ကတိုက်ခိုက်ခဲ့ပေမယ့်မရရှိခဲ့ဘူး။ အခုတော်လှန်ရေးအဖွဲ့တွေက ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတာပါ။
အောက်တိုဘာ ၁၄၊ ၂၀၂၄။ (တနင်္လာ)
လာအိုနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေပြန်ပါပြီ။ဒီတစ်ခေါက်မှာတော့စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်တစ်ယောက် စေလွတ်ခဲ့ပါတယ်။အာဆီယံဟာ...