ဒီတစ်ခေါက်တော့ စစ်ကောင်စီဟာ ဆန်ကုန်သည်တွေ၊ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေဘက် လှည့်လာပါပြီ။ တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် စျေးကစားနိုင်သော လက်ကြီး ကုန်သည်များ၊ ဆန်စက် များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးရာတွင်လည်း ဆန်စျေးနှုန်းသတ်မှတ်မှု၊ အရောင်းအဝယ်၊ ဆန်အဝင်အထွက်များကို စုံစမ်းမေးမြန်းရန်၊ ဆန်သိုလှောင်မှုနှင့် စပါး သိုလှောင်မှု များကိုပါ စစ်ဆေးမယ်လို့ သိရှိတယ်။ အခုလောလောဆယ်တော့ သက်ဆိုင်ရာရုံးတွေမှာခေါ်စစ်နေတယ်။ စျေးကစားတာ၊ ဆန်သိုလှောင်တာ၊ စပါး သိုလှောင်တာတွေရှိရင်တော့ အရေးယူခံရမယ်တဲ့။ မြေပြင်မှာလဲ တချို့ဆန်လုပ်ငန်းရှင်တွေ ပါသွားကြပြီ။ တချို့ဆန်စက်တွေဆိုချိတ်ပိတ်ခံလိုက်ရတယ်။ စစ်ကောင်စီ ကတော့ ဒီရက်ပိုင်းတွေထဲ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်တွေကို ဒုက္ခမျိုးစုံံပေးနေပါပြီ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...