ပြီးခဲ့တဲ့အောက်တိုဘာလတစ်လလုံးမှာပြည်သူတွေရဲ့ခုခံစစ်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်သား၁၈၀၀ကျော်သေဆုံးခဲ့တယ်။ဒါဟာအာဏာသိမ်းပြီးနောက်ပိုင်းတစ်လအတွင်းမှာအကျအဆုံးအများဆုံးအရေအတွက်ပဲ။NUGကခုခံစစ်ကြေငြာတဲ့စက်တင်ဘာလမှာစစ်ကောင်စီဘက်တော်သား၁၀၀၀ကျော်သေဆုံးခဲ့ပြီးဒီလမှာတော့နှစ်ဆနီးပါးတက်လာတဲ့သဘောပဲ။ တနိုင်ငံလုံးမှာတိုက်ပွဲတွေဟာအရှိန်အဟုန်ပိုကောင်းလာနေပြီ။တူမီးတွေနဲ့စခဲ့တဲ့ချင်းပြည်နယ်နဲ့ကယားပြည်နယ်တွေမှာဆိုရင်ရိုင်ဖယ်တွေကိုင်နိုင်နေကြပြီ။တခြားLocalPDFတွေရဲ့လှုပ်ရှားမှုတွေဟာလဲတောရောမြို့မှာပါခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ဒါပေမယ့်လဲနောက်ဆုံးပန်းတိုင်ကိုရောက်ဖို့ကတော့အတော်အလှမ်းဝေးနေပါသေးတယ်။ဘာပဲဖြစ်ဖြစ်နောက်လတွေမှာစစ်သူပုန်တွေမြေသြဇာဖြစ်နှုန်းဟာဒီထက်ပိုများလာဖို့ပဲရှိမယ်။
Read moreDetailsစစ်ကောင်စီဟာဒီလကစပြီးကျောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတယ်။မနေ့ကအခြေခံပညာကျောင်းတော်တော်များများဖွင့်ခိုင်းထားပြီးအဆင့်မြင့်ပညာပိုင်းမှာတော့အဝေးသင်တက္ကသိုလ်တွေကျောင်းအပ်လက်ခံတယ်။ဒါပေမယ့်လဲမနေ့ကစာရင်းတွေအရတပြည်လုံးမှာရှိတဲ့ကျောင်းသားဦးရေရဲ့တစ်ဆယ်ရာခိုင်နှုန်းခန့်သာစာသင်ခန်းထဲရောက်လာကြတယ်။ ဒီကာလကြီးမှာဘယ်မိဘမှကိုယ့်ကလေးကိုကျောင်းတက်ခိုင်းမှာမဟုတ်ဘူး။ပိုဆိုးတာကကျောင်းတွေရှေ့မှာအခုဆိုရင်စစ်ကောင်စီတပ်သားတွေလုံခြုံရေးယူနေကြတာတွေ့ရတယ်။သူတို့လုံခြုံရေးယူတဲ့နေရာတိုင်းမှာမလုံခြုံသလိုခံစားနေရတာအားလုံးအသိပဲလေ။သူတို့ကြောင့်ကျောင်းတွေရှေ့မှာပေါက်ကွဲမှုတွေဖြစ်လာရင်PDFတွေလုပ်တာပါဆိုပြီးလွှဲချဦးမှာပဲ။ကြားထဲကကလေးတွေကဓားစာခံဖြစ်သွားနိုင်တယ်။ဒီပုံအတိုင်းဆိုကလေးတွေလဲကျောင်းတစ်နှစ်ထပ်အောက်ဦးမယ့်အခြေအနေပဲ။
Read moreDetailsအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်အာဏာသိမ်းကိုးလပြည့်မိန့်ခွန်းဆိုပြီးဒီနေ့အသံလွှင့်တယ်။ပြည်သူတွေကိုအစားလျော့စားဖို့ပြောသွားသေးတယ်။ဘယ်လိုဦးနှောက်တွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်မလဲမသိဘူး။ကိုးလပြည့်တဲ့အချိန်ထိသက်ဆိုးရှည်နေတာကိုလဲအံသြမဆုံးဘူး။တကယ်တမ်းပြည်သူတွေကအလျော့မပေးပေမယ့်နောက်ဆုတ်စရာလမ်းမရှိတော့တဲ့စစ်ခေါင်းဆောင်အတွက်ကတော့နောက်ဆုံးအချိန်ထိပေကပ်ပြီးနေသွားဦးမှာပဲ။အဲ့ဒီနောက်ဆုံးအချိန်ဆိုတာဘယ်တော့ရောက်လာမှာလဲဆိုတာကိုလဲဘယ်သူမှမပြောနိုင်ကြဘူး။ဒီလိုနဲ့ပဲတဝဲလည်လည်နဲ့ပြည်သူတွေလဲလုံးပါးပါးတော့မယ်။
Read moreDetailsထန်တလန်မြို့မီးလောင်တဲ့ကိစ္စကိုစစ်ကောင်စီကPDFတွေလုပ်တာပါလို့စွပ်စွဲတယ်။ဒါသူတို့လုပ်နေကြအကွက်တွေပဲ။ရခိုင်မှာရိုဟင်ဂျာကိစ္စဖြစ်တုန်းကလဲနယ်ခံတွေကကိုယ့်ရွာကိုယ်မီးရှို့ပီးထွက်ပြေးကြတာပါလို့သတင်းမှိုင်းတိုက်ခဲ့ကြတယ်။အဲ့တုန်းကတော့စစ်တပ်အကြောင်းမသိသေးလို့ပြည်သူအများစုဟာယုံခဲ့ကြတယ်။ စစ်တပ်ဟာဟိုးအရင်ကတည်းကတိုင်းရင်းသားဒေသတွေ၊နယ်စွန်နယ်ဖျားတွေမှာအကြမ်းဖက်မှုမျိုးစုံစိတ်ကြိုက်ကျူးလွန်တယ်။ပြီးရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုသူပုန်လို့ခေါင်းစဥ်တပ်ပြီးစစ်ရာဇဝတ်မှုတွေကိုလွှဲချတယ်။သတင်းအမှောင်ချခံရတဲ့ကာလတွေဖြစ်နေတော့ပြည်ပကဗမာအများစုဟာသူတို့ပြောသမျှယုံပြီးစစ်တပ်ကိုထောက်ခံပေးခဲ့ကြတယ်။အခုတော့အမှန်တရားဟာမျက်ဝါးထင်ထင်ပေါ်လာခဲ့ပြီ။တနိုင်ငံလုံးမှာထင်ရာစိုင်းနေတဲ့စစ်သူပုန်တွေအကြောင်းအကုန်သိရှိသွားကြပြီ။ဒါဟာဒီတော်လှန်ရေးမှာထွက်ပေါ်လာတဲ့အမြတ်တစ်ခုပဲ။
Read moreDetailsရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်မှာလမ်းဘေးကျူးကျော်နေထိုင်သူတွေအားလုံးကိုစစ်ကောင်စီကအတင်းအဓ္ဓမရွှေ့ပြောင်းခိုင်းနေတယ်။နေထိုင်သူအားလုံးနီးပါးဟာအိမ်ပိုင်မရှိတဲ့လက်လုပ်လက်စားတွေ၊ပြောင်းစရာနေရာလဲရှိမှာမဟုတ်ဘူး။သူတို့တွေဒုက္ခတော်တော်ရောက်နေကြတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့စစ်ကောင်စီကတပ်အင်အားတွေအဆမတန်တိုးချဲ့ထားတာကြောင့်တိုက်ပွဲတွေအနည်းငယ်ငြိမ်သက်နေတယ်။PDFတွေတပ်ဖျောက်ထားတယ်လို့ယူဆရတယ်။ဟိုတလောကပဲNUGကစစ်ကိုင်းတိုင်းဘက်ကတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အရေးပေါ်အစည်းအဝေးလုပ်တယ်ကြားတယ်။နောက်လထဲတော့တစ်ခုခုထူးခြားလာလိမ့်မယ်။
Read moreDetailsချင်းပြည်နယ်၊ထန်တလန်မြို့လေးတော့မီးလောင်တိုက်အသွင်းခံလိုက်ရပြီ။ဒီနေ့မနက်ပိုင်းမှာမြို့ထဲပစ်ခတ်မှုတွေဖြစ်ပွားပြီးစစ်သူပုန်တွေဘက်ကသေဆုံးမှုတွေရှိလို့စစ်တပ်ကမြို့ထဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာကမီးလောင်မှုတွေဖြစ်ပွားလာတယ်။မြို့လဲမှာလဲလူမရှိတဲ့အပြင်မီးငြိမ်းသတ်မယ့်သူတွေကိုလဲစစ်တပ်ကပစ်ခတ်နေတာကြောင့်မီးဟာပိုကြီးလာတယ်။မနက်၁၀နာရီလောက်ကနေညထိလောင်ကျွမ်းနေတဲ့အတွက်အိမ်ခြေနှစ်ရာကျော်မြို့တဝက်လောက်နီးပါးမီးထဲပါသွားတယ်။ ချင်းပြည်နယ်လိုတောင်ထူထပ်တဲ့နေရာမျိုးမှာအိမ်ဆောက်ရမလွယ်ပါဘူး။ဆောက်ရတာခက်ခဲတဲ့အပြင်အစစအရာရာစျေးကြီးသေးတယ်။အခုတော့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုစစ်သူပုန်တွေအရသာခံပြီးမီးလောင်တိုက်သွင်းလိုက်ပြီ။
Read moreDetailsဒေါ်လာစျေးနဲ့ရွှေစျေးကတော့တအိအိနဲ့ပြန်လည်ကျဆင်းလာတယ်။ဒါပေမယ့်အရင်ကပြောခဲ့သလိုကုန်စျေးနှုန်းကတော့ပြန်ကျမလာတော့ဘူး။ဗဟိုဘဏ်ကတစ်လကိုဒေါ်လာသန်းရာနှင့်ချီပြီးရောင်းချနေပေမယ့်စျေးကွက်ထဲမှာမြန်မာကျပ်ငွေရှားပါးမှုဟာပိုမိုဆိုးရွားလာတယ်။အခုဆိုရင်ဘဏ်တွေဟာ ATMစက်တွေမှာငွေမထည့်တော့တာတစ်လကျော်တောင်ရှိနေပြီ။အရင်ကဆိုငွေထုတ်ချင်ရင်ATMမှာတန်းစီထုတ်လို့ရနိုင်သေးတယ်။ဘဏ်တွေမှာလဲထုတ်ပေးတဲ့ငွေပမာဏကပိုနည်းလာပြီ။အစိုးရဘဏ်တွေဆိုတစ်လတစ်သိန်းပဲထုတ်ပေးတော့တယ်။ဘယ်လိုအလုပ်လုပ်ကြမလဲ။ပြင်ပစျေးကွက်ကထုတ်ရင်တော့ထပ်ဆောင်းအပိုငွေအနည်းဆုံး၅ရာခိုင်နှုန်းပေးနေရဆဲပဲ။အရေးတကြီးထုတ်ဖို့လိုအပ်သူတွေကတော့ကိုယ့်ငွေကိုရာခိုင်နှုန်းတွေပေးပြီးထုတ်နေကြရတယ်။ဒီကာလကြီးမှာဘယ်အရာမှအဆင်ပြေမနေဘူး။
Read moreDetailsရန်ကုန်မှာလိုင်းကားတွေဟိုးအရင်လိုပြန်ကြပ်လာပြီ။အဓိကကတော့gasဖြည့်တဲ့ဆိုင်တွေမှာမီးတွေပျက်ဒါမှမဟုတ်မီးအားတွေကျနေလို့ပဲ။Gasဆိုင်တွေကိုဓာတ်အားအပြည့်မပေးနိုင်တော့လိုင်းကားတွေကအချိန်ကြာမြင့်စွာတန်းစီရတယ်။အဲ့ဒီတော့အစီးရေအပြည့်မထွက်နိုင်တော့ဘူး။စီးရေကြဲတော့ထွက်တဲ့ကားတွေမှာခရီးသည်တွေပြည့်သိပ်ကြပ်ညှပ်နေတော့တာပဲ။ဓာတ်အားပေးစနစ်ကအရင်လိုအလုံအလောက်ပေးနိုင်တော့မှာမဟုတ်ဘူး။ဓာတ်အားပေးဖို့စာချုပ်ချုပ်ထားတဲ့နိုင်ငံခြားကုမ္မဏီတွေလဲပြန်ကုန်ပြီ။ လိုင်းကားတွေအခုလိုအလုံအလောက်မထွက်နိုင်တာမျိုးအရင်စစ်အစိုးရခေတ်တုန်းကမကြာမကြာဖြစ်ဘူးတယ်။အခုတော့ဆယ့စုနှစ်နှစ်ခုစာလောက်နောက်ပြန်ဆွဲနေပြီပေါ့။
Read moreDetailsမြန်မာမပါလို့လူမစုံတဲ့အာဆီယံထိပ်သီးအစည်းအဝေးဒီနေ့စတင်ပြုလုပ်တယ်။အာဆီယံဟာစစ်ကောင်စီဖက်ကနိုင်ငံခြားရေးအတွင်းဝန်ကိုသာဖိတ်ကြားခဲ့သေးတယ်။ဒါပေမယ့်စစ်ကောင်စီဖက်ကတော့မင်းအောင်လှိုင်မှမဟုတ်ရင်မတက်ချင်ဘူးဆိုပြီးအစည်းအဝေးကိုသပိတ်မှောက်ခဲ့တယ်။ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့မြန်မာ့အရေးဆွေးနွေးချက်တွေမှာမင်းအောင်လှိုင်ကိုအပြင်းအထန်ဝေဖန်ရှုံ့ချကြတယ်။အခုအစည်းအဝေးဟာအာဆီယံသမိုင်းမှာလူမစုံတဲ့ပထမဆုံးထိပ်သီးအစည်းအဝေးပဲ။ဒါပေမယ့်မြန်မာပြည်ကိုကယ်တင်ဖို့ဆိုရင်မင်းအောင်လှိုင်ကိုအစည်းအဝေးမတက်ခိုင်းရုံနဲ့မရဘူး။ဒီထက်ပြင်းထန်တဲ့အရေးယူမှုတွေဆက်တိုက်ပြုလုပ်မှရမယ်။
Read moreDetailsနိုင်ငံတဝန်းကနေပြည်တော်၊မိတ္ထီလာ၊မေမြို့၊မော်လမြိုင်စတဲ့မြို့ကြီးတွေမှာစစ်တပ်ထောက်ခံပွဲတွေတပြိုင်နက်ထလုပ်ကြတယ်။ဘယ်သူတွေထောက်ခံလဲလို့ကြည့်လိုက်တော့စစ်တပ်ထဲကစစ်သားတွေအရပ်ဝတ်လဲပြီးထောက်ခံကြတာ။လုံခြုံရေးလဲအများအပြားယူထားကြသေးတယ်။ဒါတောင်မိတ္ထီလာပွဲမှာဗုံးပေါက်ဘို့ထိခိုက်မှုတွေရှိသေးတယ်။ စစ်တပ်ဟာဘယ်ပြည်သူမှမထောက်ခံတော့ကိုယ်ဘာသာကိုယ်ထောက်ခံနေရတဲ့အဆင့်ရောက်နေပြီ။ ပြည်တွင်းမှာတင်မကပဲနိုင်ငံတကာမှာလဲထောက်ခံသူမရှိအထီးကျန်ဆန်နေပြီ။အမေရိကန်ကဖိအားပေးလို့ပြည်ပမှာရှိတဲ့(အထူးသဖြင့်စင်ကာပူ)စစ်ခေါင်းဆောင်တွေရဲ့ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့စီစဥ်နေပြီ။တကယ်သာဖြစ်လာရင်စစ်ခေါင်းဆောင်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.