ဒီနေ့မှာလဲဂျပန်ကနိပွန်အသင်းဥက္ကဌရောက်လာတယ်။သူကတော့ရခိုင်ပြည်နယ်မှာဆက်လက်အပစ်ရပ်ရေးအတွက်လာတာလို့ပြောတယ်။ရှင်းရှင်းပြောရရင်ဂျပန်ကိုယ်စားလှယ်ကိုမကြိုဆိုချင်ဘူး။ ဒီအချိန်မှာစစ်တပ်ကိုတွန်းလှန်နေတဲ့ဘယ်အဖွဲ့နဲ့ပဲဖြစ်ဖြစ်အပစ်ရပ်နေတာထပ်ပစ်နေတာပိုကောင်းတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်လဲရောက်နေတယ်ကြားတယ်။လာရင်းကိစ္စကတော့ခုထိမသိရသေးဘူး။ထိုင်းဟာစစ်ကောင်စီဖက်ကဆိုတော့ကောင်းသောလာခြင်းဖြစ်နိုင်ချေနည်းတယ်။ ဒီရက်ပိုင်းလေးအတွင်းမှာပဲရောက်လာတဲ့နိုင်ငံတကာကိုယ်စားလှယ်တွေရဲ့ရည်ရွယ်ချက်အမှန်တွေကိုသိပ်မကြာခင်ကာလတွေမှာမြင်တွေ့ရဖို့ရှိမယ်။မြန်မာ့အရေးဟာကိုးလကြာနေပေမယ့်ကမ္ဘာကိုလှုပ်ခတ်စေနိုင်တုန်းပဲ။
Read moreDetailsဒီရက်ပိုင်းနိုင်ငံကြီးတွေကကိုယ်စားလှယ်တွေမြန်မာပြည်ကိုရောက်လာနေကြတယ်။ ပထမဆုံးရောက်လာတာကအမေရိကန်သံတမန်ဟောင်းတစ်ယောက်ပဲ။မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးဖမ်းဆီးခံထားရတဲ့သူ့နိုင်ငံသားတွေကိုလွှတ်ပေးဖို့ဆွေးနွေးသွားတယ်လို့သတင်းထုတ်ပြန်တယ်။ နောက်တစ်ယောက်ကကတော့တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီးဆွန်ကော့ရှန်ပဲ။သူကသြဂုတ်လတုန်းကတစ်ခေါက်လာပြီးစစ်ကောင်စီကိုနားချဖူးတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့လဲတွေ့ခွင့်တောင်းရာမှာတွေ့ခွင့်မရလို့ခရီးစဉ်အောင်မမြင်ပဲပြန်သွားရတယ်။အခုလဲနောက်တစ်ခေါက်ရောက်လာပြန်ပြီ။ဘာလာလုပ်မှန်းတော့မသိသေးဘူး။အမေရိကန်နဲ့တရုတ်ကိုယ်စားလှယ်တွေလာရောက်မှုဟာဒီလထဲမှာကျင်းပမယ့်အမေရိကန်-တရုတ်ထိပ်သီးအစည်းအဝေးပွဲနဲ့ဆက်စပ်နေလိမ့်မယ်။နောက်ပြီးဒီလထဲမှာပဲအာဆီယံ-တရုတ်အစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတက်ခွင့်ပေးမပေးအဆုံးအဖြတ်ပေးနိုင်တယ်။အာဆီယံ-အီးယူအစည်းအဝေးကိုတော့စစ်ခေါင်းဆောင်ကိုတက်ခွင့်မပေးဘူးပြောထားတယ်။
Read moreDetailsNUGကနွေဦးထီကိုပုံမှန်ပြန်ရောင်းနေပြီ။ရောင်းရငွေရဲ့၇၅%ကိုCDMတွေကိုထောက်ပံမယ်လို့ပြောထားတယ်။ဒါပေမယ့်လဲအရင်ကလောက်လူတွေသည်းသည်းလှုပ်မဝယ်ကြသလိုပဲ။ပထမအကြိမ်တုန်းကအခက်အခဲတွေ၊ပြသာနာတွေကိုဖြေရှင်းပေးထားတယ်လို့တော့ပြောတယ်။စစ်ကောင်စီကဘဏ်အကောင့်တွေကိုမထင်ရင်မထင်သလိုလိုက်ပိတ်နေတော့တော်လှန်ရေးအတွက်ငွေလှူဖို့ပိုမိုခက်ခဲလာတယ်။ စစ်ကောင်စီဘက်ကလုံးဝလိုက်လို့မရတဲ့Click to Donate Team ကတော့တော်တော်အောင်မြင်နေပြီ။Clickတွေကတဆင့်အခုဆိုရင်တစ်နေ့သိန်းတစ်ရာခန့်ရနေပြီ။သူကရတဲ့ငွေတွေကLocal PDFတွေကိုပဲသီးသန့်သွားတာပါ။ဒါပေမယ့်လဲတစ်လသိန်းသုံးထောင်ဆိုတာလုံလောက်တဲ့ပမာဏတော့မဟုတ်ဘူး။ဒါကြောင့်တော်လှန်ရေးကာလကြာလေလေ ပြည်သူတွေဖက်ကပမ်းလာလေလေဖြစ်လာနိုင်တယ်။
Read moreDetailsကုလသမဂ္ဂလုံခြုံရေးကောင်စီဟာနိင်ငံအတွင်းအကြမ်းဖက်မှုတွေပိုဆိုးလာတယ်ဆိုပြီးမြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပြန်တယ်။ပြီးတော့အလွန်အမင်းစိုးရိမ်စောင့်ကြည့်နေပါတယ်ဆိုပြီးထူးမခြားနားကြေငြာချက်တစ်စောင်ထွက်လာတယ်။အဲ့ဒါများအလကားအချိန်ကုန်ခံပြီးကြီးကြီးကျယ်ကျယ်တံခါးပိတ်အစည်းအဝေးလုပ်နေသေးတယ်။သူလဲအာဆီယံလိုဘာမှသုံးစားမရတဲ့အဖွဲ့အစည်းပဲ။ နိုင်ငံတွင်းမှာစစ်ကောင်စီကြောင့်နေ့စဉ်နဲ့အမျှပြည်သူတွေသတ်ဖြတ်ခံနေရတယ်။မြို့တွေရွာတွေမီးရှို့ခံနေရတယ်။စစ်ဘေးရှောင်တွေတနေ့တခြားပိုမိုတိုးပွားလာနေပြီ။ဒါလဲနိုင်ငံတကာကဘာမှအရေးယူမှုမရှိဘူး။အစိုးရိမ်ကောင်းနေတုန်းပဲ။နိုင်ငံတကာကဘာမှမလုပ်ပေးနိုင်မှန်းသိနေတော့စစ်ကောင်စီဟာပိုမိုရမ်းကားလာတာမျက်မြင်ကိုယ့်တွေပဲ။နောက်ဆုံးတော့ကိုယ့်အားကိုယ်ကိုးပြီးတိုက်ပွဲဝင်နေရကြတယ်။ကမ္ဘာကြီးမှာတရားမျှတမှုဆိုတာပျောက်ဆုံးနေပြီ။
Read moreDetailsနိုင်ငံတဝန်းမြို့ကြီးတွေမှာပျောက်ကျားတိုက်ခိုက်ခံမှုတွေပိုအရှိန်မြင့်လာသလိုအကြိမ်ရေလဲပိုစိပ်လာပြီ။အရင်ကဆိုစစ်တပ်ရဲ့မြို့ပေါ်တွေကယာယီကင်းစခန်းတွေလောက်ကိုသာတိုက်ခိုက်ခံရပေမယ့်အခုဆိုရင်တပ်ရင်းဌာနချုပ်တွေအထိပျောက်ကျားတိုက်ခိုက်ခံနေရပြီ။ ရန်ကုန်မှာဆိုမင်္ဂလာဒုံလေတပ်စခန်းအဝင်ပေါက်နဲ့အုပ်ချုပ်ရေးမှုးရုံးစသဖြင့်ပါဝင်လာသလိုမုံရွာမှာလဲစစ်တပ်ကတပ်ဆွဲထားတဲ့ဆည်မြောင်းရုံးကိုမြို့ပြပျောက်ကျားအဖွဲ့တွေအလစ်ဝင်တိုက်လို့စစ်သူပုန်ခြောက်ဦးခန့်သေဆုံးသွားတယ်။မုံရွာမြို့ပေါ်ကအမှတ်၁နဲ့၂ရဲစခန်းတွေကတော့အရင်ကတည်းကမကြာကြာလက်တည့်စမ်းခံနေရတယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့တပ်ထဲနေတာတောင်မလုံခြုံတော့တဲ့ဘဝရောက်လာတော့မယ်။
Read moreDetailsဒီနေ့ဟာပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲကြီးတနှစ်တိတိပြည့်တဲ့နေ့ဖြစ်တယ်။မနှစ်ကဒီလိုနေ့မျိုးမှာတနိုင်ငံလုံးကပြည်သူတွေဟာကိုဗစ်ရောဂါတွေကြားမဲရုံတွေကိုအရောက်သွားပြီးဒီမိုကရေစီစနစ်ဆက်လက်ရှင်သန်ရေးအတွက်ကိုယ်ကြိုက်တဲ့အစိုးရကိုမဲပေးရွှေးချယ်ခဲ့ကြတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွှေးကောက်ပွဲတစ်ခုဖြစ်ခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့NLDအစိုးရကိုပဲဆက်လက်ရွှေးချယ်ခဲ့ကြတယ်။ အခုတော့ဒါတွေအားလုံးသဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။အာဏာရူးနေတဲ့မင်းအောင်လှိုင်ဟာပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီးအာဏာသိမ်းခဲ့တယ်။နိုင်ငံရဲ့အခြေအနေဟာလဲမနှစ်ကဒီလိုအချိန်နဲ့နှိုင်းယှဉ်ရင်အရာအားလုံးထိုးစိုက်ဆင်းသွားပြီ။အာဏာရူးတယောက်ကြောင့်သန်းငါးဆယ်ကျော်သောပြည်သူတွေဒုက္ခပေါင်းစုံခံစားနေရတယ်။ပြန်လည်လွတ်မြောက်ရေးအတွက်အရင်းအနှီးများစွာပေးဆပ်ပြီးတိုက်ပွဲဝင်နေရပြီ။ အရင်လိုအချိန်တွေအမြန်ပြန်လိုချင်နေပြီ။
Read moreDetailsစစ်တပ်ဟာချင်းပြည်နယ်မှာထိုးစစ်ဆင်ရင်းတပြိုင်နက်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာစစ်ကြောင်းတွေထိုးနေတယ်။အလောင်းမင်းတရားစစ်ဆင်ရေးလို့အမည်တပ်ပြီးကောလင်း၊ထီးချိုင့်၊ကသာစတဲ့နယ်မြေတွေကိုရဟတ်ယာဉ်တွေသုံးပြီးအင်အားဖြည့်နေတယ်။ဒီရက်ပိုင်းမှာပဲဒေသခံကာကွယ်ရေးတပ်တွေနဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်တပ်ဟာအကျအဆုံးများတဲ့အတွက်မနေ့ကဆိုရဟတ်ယာဉ်တွေသုံးပြီးလေကြောင်းပစ်ကူပါပေးနေရတယ်။ ထိုနယ်မြေတွေကPDFတွေဟာအရင်ကတည်းကလက်သံပြောင်ကြတယ်။KIAနယ်မြေနဲ့နီးတော့အကူအညီတွေရတာလဲပါမှာပေါ့။တိုက်ပွဲတစ်ခါဖြစ်ရင်စစ်သူပုန်တွေအနည်းဆုံးသုံးဆယ်၊လေးဆယ်အကျအဆုံးရှိတယ်။ခုရက်ပိုင်းတိုက်ပွဲတွေမှာတင်တရားဝင်စာရင်းတွေအရတစ်ရာကျော်သေဆုံးကုန်ပြီ။တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေဦးမယ့်အခြေအနေမှာရှိတယ်။ဒေသခံပြည်သူတွေကတော့ထုံးစံအတိုင်းနေရပ်စွန့်ခွာပြေးနေရပြီ။ရွာတွေလဲစစ်သူပုန်တွေလက်ချက်နဲ့မီးရှို့ခံနေရပြီပေါ့။
Read moreDetailsစစ်ကောင်စီရဲ့ဗဟိုဘဏ်ကသိန်း၂၀၀ ကျော်တဲ့ငွေပေးချေမှုတိုင်းကို Digital money နဲ့ပေးချေရမယ်လို့သတ်မှတ်လိုက်တယ်။သိန်းနှစ်ရာဆိုတဲ့ပမာဏကတကယ်လုပ်နေတဲ့စီးပွားရေးသမားတွေအတွက်ဘာမှရှိတာမဟုတ်ဘူး။ထိုသတ်မှတ်ချက်ကြောင့်အရောင်းအဝယ်တွေအတွက်ငွေပေးငွေယူခြင်းတွေမှာပြသာနာတွေတက်ကုန်တယ်။ ဗဟိုဘဏ်မှာငွေသားမရှိတော့တာပိုသိသာလာတယ်။လူတိုင်းဟာဘဏ်တွေကိုအယုံအကြည်မရှိတော့တဲ့အတွက်အွန်လိုင်းဘဏ်စနစ်ကိုလဲမသုံးတော့ပဲငွေသားကိုင်သုံးဖို့ပဲကြိုးစားလာကြတယ်။ဗဟိုဘဏ်ကလဲဆက်တိုက်တလွဲတွေပဲလုပ်နေတဲ့အတွက်စီးပွားရေးသမားတွေတောင်လုပ်ရကိုင်ရခက်ခဲလာပြီ။
Read moreDetailsစစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာမိုင်တယ်ကCFOအရာရှိဟာသူ့အိမ်နားမှာလမ်းလျှောက်ထွက်နေတုန်းပစ်သတ်ခံလိုက်ရတယ်။တော်လှန်ရေးမှာပစ်မှတ်ထားခံရသူတွေဟာနောက်တဆင့်ပြောင်းလဲသွားပြီ။မိုင်တယ်အရာရှိဆိုရင်စစ်တပ်ရဲ့ထောက်တိုင်လုပ်ငန်းတွေထဲကအကြီးအကဲတစ်ယောက်ပဲ။ဦးပိုင်လိုတခြားလုပ်ငန်းကြီးတွေအများကြီးကျန်သေးတယ်။ထိုလုပ်ငန်းတွေကခေါင်းဆောင်ပိုင်းတွေကိုခြိမ်းခြောက်နိုင်ရင်စစ်တပ်အတွက်အခြေအနေမကောင်းဘူး။ မြောက်ဥက္ကလာမှာလဲဒလန်ဆရာမတစ်ယောက်လမ်းပေါ်မှာပဲအသတ်ခံရတယ်။ဆရာမဆိုပြီးတပည့်တွေကိုသတင်းပေးဖမ်းခိုင်းနေတာလို့ကြားတယ်။သူသေသွားခဲ့ရင်ဖမ်းရမယ့်လူစာရင်းကိုတောင်ပြုစုသွားသေးတယ်။အသက်နဲ့ရင်းပြီးတောင်စစ်တပ်ကိုအလုပ်အကျွေးပြုသွားကြတာ။ပညာတတ်ပြီးဦးနှောက်မရှိတဲ့လူစားမျိုးတွေပေါ့။
Read moreDetailsလက်နက်ကိုင်တော်လှန်ရေးကိုအစောဆုံးစတင်ခဲ့တဲ့ကလေးမြို့မှာမြို့ပြင်ကစစ်တပ်စခန်းတစ်ခုကို KALAY PDFကဝိုင်းဝန်းတိုက်ခိုက်လို့စစ်သူပုန်ငါးဆယ်ခန့်သေဆုံးသွားတယ်။ တိုက်ပွဲဟာသုံးနာရီကျော်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။ အရင်တုန်းကPDFတွေဆိုတာလက်နက်အင်အားချို့တဲ့လို့မိုင်းခွဲထွက်ပြေးတာလောက်ပဲလုပ်နိုင်ခဲ့တာပါ။အခုဆိုရင်ရင်ဆိုင်တိုက်ပွဲအဆင့်ထိတက်လှမ်းနိုင်နေပြီ။ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲအလားတူပါပဲ။ဒါပေမယ့်သုံးနာရီကျော်တဲ့တိုက်ပွဲတစ်ခုအတွက်ကျည်ဆံကသိန်းတစ်ရာဖိုးလောက်သုံးလိုက်ရတယ်လို့ပြန်ကြားရတယ်။ စစ်စားရိတ်ဟာအရမ်းကြီးမားပါတယ်။ဒါကြောင့်တော်လှန်ရေးသမားတွေကိုလှူပါလို့တစာစာအောင်နေကြရတာ။NUGဟာလဲအခုဆိုရင်အခွန်တွေစကောက်နေပါပြီ။ငွေတိုက်စာချုပ်တွေကိုလဲဒီလထဲစရောင်းမယ်ပြောတယ်။ရေရှည်စစ်ပွဲတစ်ခုဆင်နွဲဖို့ဆိုတာငွေကြေးအင်အားတောင့်တင်းဖို့လိုပါတယ််။ အခုအချိန်ထိနိုင်ငံတကာကရှုံ့ချတောင်းဆိုယုံကလွှဲပြီးဘာမှမကူညီပေးတဲ့အတွက်ပြည်သူအားလုံးကဝိုင်းဝန်းကူညီမှတော်လှန်ရေးကမြန်မြန်ပြီးမှာပါ။
Read moreDetailsYou can copy without credits to our site. We Need Freedom.