စစ်အာဏာသိမ်းတစ်နှစ်ပြည့်အသံတိတ်သပိတ်ကြီးကိုတနိုင်ငံလုံးမှာညီညာစွာဆင်နွှဲကြတယ်။စာရင်းတွေအရမြို့ပေါင်း၁၉၀ကျော်ပါဝင်ကြတယ်။စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုကြောင့်စျေးတွေဆိုင်တွေဖွင့်ထားကြပေမယ့်ဝယ်သူမရှိတိတ်ဆိတ်ငြိမ်သက်နေတယ်။စစ်ကောင်စီဘက်ကဘယ်လိုပဲဖျက်ဖျက်သူတို့မအောင်မြင်ခဲ့ဘူး။ပြည်သူတွေရဲ့အာဏာရှင်လက်အောက်မှာမနေလိုတဲ့ဆန္ဒကပြင်းပြလွန်းတယ်။
ဒီနေ့မှာပဲအမေရိကန်ကလဲစစ်ကောင်စီရဲ့အပေါင်းအပါတချို့ကိုထပ်ပြီးပိတ်ဆို့အရေးယူလိုက်တယ်။UNသံအမတ်ကတော့စစ်ကောင်စီကိုနေရာပေးချင်တဲ့ပြောဆိုမှုတွေကြောင့်အပြင်းအထန်ဝေဖန်ခံနေရတယ်။ဘာပဲဖြစ်ဖြစ်နောက်နှစ်ဒီလိုအချိန်မှာတော့ဒီကပ်ဆိုးကြီးအောက်ကလွတ်မြောက်ပါစေလို့မျှော်လင့်တယ်။
သြဂုတ် ၀၁၊ ၂၀၂၅။ (သောကြာ)
စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ...