အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်မှာတစ်နေ့ကဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုကလွတ်မြောက်လာခဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးဦးဆောင်တဲ့စစ်တပ်နဲ့လူမိုက်တွေဟာရပ်ကွက်စျေးတန်းကိုဖျက်စီးခဲ့ပါတယ်။စစ်တပ်နဲ့လူမိုက်တွေဟာဓားတွေတုတ်တွေကိုင်ဆောင်ပြီးအင်အားအလုံးအရင်းနဲ့ဖျက်စီးသွားတာပါ။ဘူဒိုဇာတွေလဲပါလာလို့စျေးသည်တွေဟာဘာပစ္စည်းမှမယူနိုင်ပဲထွက်ပြေးကြရတယ်။ရပ်ကွက်စျေးကိုဖျက်စီးတဲ့အပြင်ရပ်ကွက်ထဲမှာအပြင်ထွက်နေသူတွေကိုပါရန်ပြုနှောက်ယှက်ကြသေးတယ်။ထိုရပ်ကွက်မှာပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်တပ်ကလူငယ်သုံးဦးကိုလဲရိုက်နှက်ဖမ်းဆီးသွားသေးတယ်။စစ်သူပုန်တွေဟာPDFတွေကိုမနိုင်တိုင်းပြည်သူကိုမဲပြီးရန်ရှာမှုတွေကိုတနိုင်ငံလုံးမှာကျူးလွန်လျက်ရှိတယ်။

Read moreDetails

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်ထူးကြီးရွာကိုမနေ့ကစစ်သူပုန်တွေမီးဝင်ရှို့ခဲ့တယ်။နေအိမ်၆၀၀လောက်ရှိတဲ့ထူးကြီးရွာဟာယက်ကန်းလုပ်ငန်းနဲ့အသက်မွေးတဲ့ရွာဖြစ်ပြီးနေအိမ်ပေါင်းလေးရာကျော်မီးရှို့ခံလိုက်ရသလိုစက်ရက်ကန်း၊လက်ရက်ကန်းစင်၂၀၀ကျော်ဟာလဲစစ်သူပုန်တွေမီးရှို့တဲ့အထဲပါသွားခဲ့တယ်။စစ်သူပုန်တွေဟာPDFတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှို့သွားတာပဲ။မဟုတ်လဲထိုနယ်တွေမှာရွာစဉ်လှည့်ပြီးစစ်တပ်ကမီးရှို့နေကြပဲ။PDFကိုယှဉ်ပြီးတိုက်ဖို့မလွယ်တော့သူတို့နိုင်တဲ့ပြည်သူလောက်ကိုပဲမဲပြီးမီးရှို့သွားတာပါ။အဆိုပါရွာကရက်ကန်းစင်တွေမီးရှို့ခံလိုက်ရတာအတော်အထိနာတယ်။စက်ယက်ကန်းကသံပုံပဲကျန်တယ်။သစ်သားအိမ်တွေကပြာပုံပဲကျန်တယ်။စစ်သူပုန်တွေဟာထူးကြီးရွာတင်မကပဲအနီးအနားကကျေးရွာတွေကနေအိမ်တွေကိုပါမီးရှို့ခဲ့တယ်။အခုချိန်မှာစက်ရက်ကန်းတစ်စင်ကို၂၅သိန်းနဲ့လက်ရက်ကန်းတစ်စင်ကို၆သိန်းကျော်တန်ဖိုးရှိပါတယ်။အခုတော့ဒေသခံတွေဟာရှောင်ပြေးနေရပြီးပြန်လည်ထူထောင်ဖို့ခက်ခဲနေပါပြီ။ရက်ကန်းလုပ်ငန်းကိုပြန်လည်ထူထောင်ဖို့မပြောနဲ့၊အိမ်တောင်မှမနည်းပြန်ဆောက်ပြီးနေရမှာဖြစ်နေတော့ဒီအမွေအနှစ်လုပ်ငန်းကိုစွန့်ခွာပြီးတခြားမှာအလုပ်ထွက်လုပ်ရတဲ့သူတွေရှိလာလိမ့်မယ်။ဒီရက်ကန်းစင်တွေကိုပြန်ပြင်နိုင်တယ်ဆိုရင်တောင်မှစစ်တပ်ကနောက်တကြိမ်လာပြီးမီးမရှို့ဘူးလို့မပြောနိုင်ဘူးလေ။

Read moreDetails

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။ (တနင်္လာ)

ဒီနေ့အတွက်က ဒီသတင်းတွေနဲ့ကိုအတော်လေး မိုက်နေပါပြီလေ။ မွန်ပြည်နယ် ရေး မြို့အထွက်မှာရှိတဲ့စစ်ကောင်စီတံတားကြီးစခန်းကိုရေးဘီလူးအဖွဲ့သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်၁၅ဦးခန့်သေဆုံးတယ်။ပဲခူးတိုင်းရေတာရှည်မှာလဲပဲခူးရိုးမထဲနယ်မြေရှင်းလင်းရေးလုပ်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုPDFတွေကြားဖြတ်တိုက်ခိုက်ရာမှာ၃၀ဦးထက်မနည်းသေဆုံးသွားတယ်။ရှမ်းတောင် ကယားပြည်နယ်စပ်မှာလဲစစ်ကောင်စီတပ်က၁၅ကောင်သေပြီး၅ကောင်အရှင်မိတယ်လို့သိရတယ်။မကွေးတိုင်းယောဒေသထဲမှာလည်းတိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ် ၂၅ကောင်သေပြန်တယ်။စစ်ကိုင်းမုံရွာကျောက်ကြီးတောင်ဗောဓိတထောင်တောင်ပေါ်မှာရှိတဲ့စစ်ကောင်စီ အထိုင်စခန်းကို PDFတပ်ပေါင်းစုက ဝင်တိုက်ခိုက်ရာ၇ကောင်သေတယ်လို့ သိရပါတယ်။ဒီနေ့တစ်ရက်ထဲတင်စုစုပေါင်း ၉၆ကောင်သေပါတယ်။ဒါဟာ ဒီတိုက်ပွဲစာရင်းပဲရှိသေးပဲရှိသေးတာဖြစ်ပြီးသတင်းမထုတ်ပြန်တဲ့တိုက်ပွဲတွေအများကြီးရှိသေးတယ်။    

Read moreDetails

မတ် ၁၆၊ ကြာသပတေး

နိုင်ငံရေးပါတီတွေ နောက်ဆုံးမှတ်ပုံလာတင်ရမယ့်ရက်ကို မတ်လ ၂၈ ရက်လို့ စစ်ကောင်စီက သတ်မှတ်ထားပြီး သတ်မှတ်ရက်ပြည့်ဖို့ နှစ်ပတ်ကျော်ပဲ လိုတော့ချိန်မှာ ဒီကနေ့အထိ ၂၆ ပါတီထက်မနည်း မှတ်ပုံလာတင်ထားတယ်လို့ သတင်းတွေကဖော်ပြတယ်။ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူက ရာနှုန်းပြည့်အသိအမှတ်မပြုဘူး။ ဒါပေမဲ့...

Read moreDetails

မတ် ၁၅၊ တနင်္လာ

သင်္ကြန်မဏ္ဌပ်တွေကို စစ်ကောင်စီကဆောက်လုပ်နေတာ ရန်ကုန်မှာဆို တစ်ချို့နေရာတွေ အတော်လေး ပြီးစီးနေပြီ။ သူတို့ကျင်းပမယ့် သင်္ကြန်မှာ ဘယ်အနုပညာရှင်တွေက ဘယ်လောက်ဘောမမလဲကြည့်ရ မယ်။ ဒီရက်ပိုင်းက အဆိုတော်အိမ့်ချစ်ရဲ့ Comment တစ်ခု ဖေ့စ်ဘုတ်ပေါ်မှာရေပန်းစားနေတယ်။ ရှိုးပွဲ တွေ လိုက်ဆိုတာနဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးကထောက်ပြတာကိုပြန်ပြောထားတဲ့...

Read moreDetails

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။ (တနင်္ဂနွေ)

ရန်ကုန်ကယုဇနဥယျာဉ်မြို့တော်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးတွေလက််နက်ရရှိဖို့ဆွေးနွေးနေချိန်မြို့ပြပျောက်ကျားအဖွဲ့တွေဝင်ပစ်လို့အုပ်ချုပ်ရေးမှုးနှစ်ဦးသေဆုံးသွားတယ်။သန်လျင်မှာလဲလက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုးတစ်ယောက်အပစ်ခံလိုက်ရသေးတယ်။လက်နက်ကိုင်ဆောင်ခွင့်ဥပဒေရဲ့အကျိုးသက်ရောက်မှုတွေစတင်တွေ့လာရပြီ။စစ်ကောင်စီဟာအုပ်ချုပ်ရေးမှုးတွေကိုလိုင်စင်တင်စရာမလိုပဲလက်နက်တွေစတင်ထုတ်ပေးနေတယ်။သူတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးဆိုတာတွေကပညာမတက်တဲ့လူရမ်းကားတွေပဲ။ထိုသူတွေလက်ထဲလက်နက်ရောက်လာရင်နောက်ပိုင်းမှာပြည်သူကိုပိုပြီးရမ်းကားတဲ့သတင်းတွေတွေ့ရလိမ့်မယ်။အခုလောလောဆယ်တော့လက်နက်မရခင်အသက်ပျောက်သွားကြပြီ။ရန်ကုန်လိုနေရာမျိုးမှာအခုလိုမျိုးရှင်းလင်းနိုင်ရင်နယ်တွေမှာတော့ပြောဖွယ်မရှိဘူး။

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။ (စနေ)

ချင်းပြည်နယ်မှာခရစ်ယာန်ဘာသာဝင်တွေဘုရားကျောင်းတက်ဖို့စစ်ကောင်စီထံခွင့်ပြုချက်တောင်းခံနေရတယ်။ချင်းပြည်နယ်ဆိုတာခရစ်ဘာသာဝင်အများစုနေထိုင်တဲ့ပြည်နယ်တစ်ခုပါ။ဘုရားကျောင်းတွေမှာလူစုလူဝေးလုပ်ပြီးတော်လှန်ရေးကိစ္စတွေဆွေးနွေးနိုင်တဲ့အတွက်အခုလိုကန့်သတ်လိုက်တာလို့ယူဆရတယ်။ထိုကန့်သတ်မှုကြောင့်ချင်းပြည်နယ်ကပြည်သူတွေလဲဘုရားကျောင်းပုံမှန်မတက်နိုင်ကြတော့ဘူး။သင်းအုပ်ဆရာတွေကိုလဲစစ်ကောင်စီကPDFတွေကိုစည်းရုံးပေးဖို့အကျပ်ကိုင်ထားသေးတယ်။ပြီးရင်မထင်ရင်မထင်သလိုဖမ်းဆီးသတ်ဖြတ်သေးတယ်။တကယ်တော့ချင်းပြည်နယ်တစ်ခုလုံးမှာမြို့ပေါ်တွေလောက်ပဲစစ်ကောင်စီအာဏာသက်ရောက်မှုရှိတော့တာပါ။PDFတွေကမြို့တွေကိုဝိုင်းထားပြီးပြီ။ဒါကိုတန်ပြန်တဲ့အနေနဲ့စစ်ကောင်စီဟာဘာသာရေးနဲ့နိုင်ငံရေးကိုရောထွေးအောင်လုပ်ဖို့ကြိုးစားနေတယ်။  

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။ (သောကြာ)

ဇန်နဝါရီလနောက်ဆုံးပတ်လောက်ကစပြီးဈေးကွက်ထဲမှာဆန်ဈေးတွေတက်လာပြီးအခုလမှာတော့ဆန်တအိတ်ကိုကျပ်တစ်သောင်းကနေနှစ်သောင်းအထိတက်လာတယ်။အခုလိုဈေးတက်လာတာဆန်ကိုလှောင်ပြီးဈေးကစားသူတွေကြောင့်ဖြစ်တယ်လို့သိရတယ်။စစ်ကိုင်းတိုင်းရွှေဘိုဘက်ကထွက်တဲ့နာမည်ကြီးရွှေဘိုပေါ်ဆန်းဆန်ကိုကုန်သည်တွေဝယ်လှောင်ပြီးဈေးကစားကြတာပဲ။ထိုနယ်မှာတိုက်ပွဲတွေဖြစ်နေလို့တောင်သူတွေကလက်ထဲမထားပဲစပါးတွေအကုန်ရောင်းကြတာကြောင့်ကုန်သည်တွေကဈေးကစားဖို့လွယ်သွားတာပေါ့။ဈေးကွက်ထဲဒီလိုဈေးကစားသူတွေကြောင့်ဆန်ဈေးတက်လာလေလေစိုးရိမ်စိတ်နဲ့အလွန်အကျွံဝယ်ယူလာလေလေဖြစ်ပြီးဈေးတွေထပ်တက်ကုန်တယ်။ မြန်မာပြည်ရဲ့အခြေခံစားကုန်ဖြစ်တဲ့ဆန်ဈေးတက်လာတာဟာပြည်သူတစ်ရပ်လုံးအတွက်ကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်လာနိုင်တယ်။အထူးသဖြင့်ဒီကာလမှာဝင်ငွေတိုးမလာတဲ့အခြေခံလူတန်းစားတွေအတွက်ပေါ့။တကယ်တမ်းတော့အာဏာသိမ်းပြီးနောက်ဈေးမတက်တဲ့ပစ္စည်းဆိုတာမရှိသလောက်ပါပဲ။    

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။ (ကြာသပတေး)

မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ်ပြောခဲ့သလို အမှန်တကယ်၂၀၂၄ မှာ အောင်ပွဲရဖို့ အတွက်ဆိုရင် နည်း ၂ သွယ်ပဲရှိပါတယ်။ ပထမ နည်းက တရုတ်နဲ့ အမေရိကန်ညှိလိုက်ကြပြီး ဘုံသဘောတူညီချက်အရ စစ်အုပ်စုကို ဖယ်ထုတ်ဖို့ သဘောတူလိုက်ကြတာ။ ဒုတိယနည်းက အမေရိကန်က...

Read moreDetails

မတ် ၁၄၊ အင်္ဂါ

ရန်ကုန်မှာရှိတဲ့ Primark စက်ရုံ နှစ်ရုံကို ပိတ်လိုက်ရပြီ။ အလုပ်သမား ၂၄၀၀ ကျော်အလုပ်လက်မဲ့ဖြစ် သွားခဲ့ပြီ။ ကျန်တဲ့ပြည်တွင်းအလုပ်အကိုင်ကလည်း ရှားတယ်။ ရှိတဲ့အလုပ်တွေကလည်း လုပ်ခလစာကို အတော်လေးနှိမ်ကြတယ်။ လစာ နှစ်သိန်း၊ သုံးသိန်းဆိုတာ ဘယ်နေရာမှာသုံးလို့ရမှာလဲ။ ကုန်ဈေးနှုန်း တွေလည်း...

Read moreDetails
Page 82 of 160 1 81 82 83 160

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist