ဒီမနက်သတင်းတစ်ခုတက်လာတယ်။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်တဲ့။စစ်ကောင်စီကထုတ်ပြန်တဲ့စာကိုသေချာဖတ်ကြည့်တဲ့အခါလွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပဲပြစ်ဒဏ်တချို့ကိုလျော့ပေါ့ပေးလိုက်တာပဲ။လျော့ပေါ့ပေးတယ်ဆိုတဲ့ပြစ်ဒဏ်တွေကလဲလွတ်ခါနီးပြစ်ဒဏ်တွေဖြစ်နေတာကိုတွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်ဆိုရင်စုစုပေါင်းထောင်၃၃နှစ်ချထားခံရပြီးအခုစာအရငါးနှစ်ခန့်သာလျော့သွားတယ်။စစ်အုပ်စုဟာနာမည်ကောင်းရချင်လို့မလိမ့်တပတ်လုပ်လိုက်တာပဲ။သူတို့ဒီလိုလုပ်လိုက်လို့ဘယ်သူမှသူတို့ကိုအသိအမှတ်မပြုကြဘူး။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုသံတွေသာပိုမိုကျယ်လောင်လာခဲ့တယ်။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...