မနေ့ကစစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့်စစ်အုပ်ဟာဖိအားတွေအောက်မှအကျပ်အတည်းဆိုက်နေပြီဆိုတာတွေ့ရတယ်။ဒါကြောင့်စစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးအကွက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးဖို့ကြိုစားလာတယ်။ဒီရက်ပိုင်းအတွင်းဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ကထုတ်ပြီးနေအိမ်တစ်ခုကိုပြောင်းရွေ့ခဲ့တယ်ဆိုတဲ့ကောလဟာလတွေကိုလဲထုတ်လွင့်သေးတယ်။တကယ်တမ်းကိုစစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးချင်ပေမယ့်သူမကိုအပြီးမလွတ်ပေးရဲပါဘူး။ဒါကြောင့်ဟိုလိုလိုဒီလိုလိုအကွက်တွေသုံးပြီးပြည်သူနဲ့နိုင်ငံတကာကိုသွေးတိုးစမ်းနေတာပါ။ ဒါ့အပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့အစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီးသူ့အနားမှာသူယုံကြည်ရတဲ့သူတွေကိုပဲထားဖို့လုပ်ဆောင်နေတယ်။မတရားရယူထားတဲ့အာဏာကိုခြောက်လသက်တမ်းတိုးပြီးနောက်ဝန်ကြီးရာထူးအတော်များများကိုဖြုတ်ပစ်လိုက်ပြီးလူသစ်တွေနဲ့အစားထိုးလိုက်တယ်။စစ်ခေါင်းဆောင်အနားနေရတဲ့သူတွေအတွက်တော့တနေ့ရွှေတနေ့ငွေပါပဲ။
Read moreDetailsဒီမနက်သတင်းတစ်ခုတက်လာတယ်။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်တဲ့။စစ်ကောင်စီကထုတ်ပြန်တဲ့စာကိုသေချာဖတ်ကြည့်တဲ့အခါလွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပဲပြစ်ဒဏ်တချို့ကိုလျော့ပေါ့ပေးလိုက်တာပဲ။လျော့ပေါ့ပေးတယ်ဆိုတဲ့ပြစ်ဒဏ်တွေကလဲလွတ်ခါနီးပြစ်ဒဏ်တွေဖြစ်နေတာကိုတွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်ဆိုရင်စုစုပေါင်းထောင်၃၃နှစ်ချထားခံရပြီးအခုစာအရငါးနှစ်ခန့်သာလျော့သွားတယ်။စစ်အုပ်စုဟာနာမည်ကောင်းရချင်လို့မလိမ့်တပတ်လုပ်လိုက်တာပဲ။သူတို့ဒီလိုလုပ်လိုက်လို့ဘယ်သူမှသူတို့ကိုအသိအမှတ်မပြုကြဘူး။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုသံတွေသာပိုမိုကျယ်လောင်လာခဲ့တယ်။
Read moreDetailsစစ်ကောင်စီကခြောက်လတကြိမ်တိုးနေကျဖြစ်တဲ့အရေးပေါ်ကာလကိုထုံးစံအတိုင်းနောက်ထပ်သုံးလသက်တမ်းတိုးလိုက်တယ်။နိုင်ငံအတွင်းမှာအခြေအနေတွေမတည်ငြိမ်သေးလို့ပဲအကြောင်းပြတယ်။ဒါနဲ့ဆိုရင်သူတို့ကိုင်စွဲထားတဲ့တရားမဝင်အခြေခံဥပဒေရဲ့ဘောင်ကိုကျော်လွန်ပြီးသက်တမ်းတိုးတာနှစ်ကြိမ်မြောက်ရှိနေပါပြီ။နောက်ဆုံးသက်တမ်းတိုးခွင့်ကပီးခဲ့တဲ့ဖေဖော်ဝါရီလမှာကုန်ဆုံးသွားတာပါ။အဲ့ဒီတုန်းကဩဂုတ်လရောက်ရင်ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့စကားဟာလဲလေထဲမှာပဲပျောက်ကွယ်သွားပါတယ်။စစ်အုပ်စုပါးစပ်ကထွက်လာတဲ့ရွေးကောက်ပွဲဆိုတဲ့အသံကိုတောင်မကြားရတာအတော်ကြာပါပြီ။ဒီနေ့တော့မင်းအောင်လှိုင်ကထပ်ပြောသေးတယ်။ကချင်၊ကယား၊ကရင်၊ချင်း၊မကွေး၊စစ်ကိုင်းနဲ့ပဲခူတိုင်းစတဲ့ပြည်နယ်လေးခုနဲ့တိုင်းသုံးခုကလွဲပြီးရွေးကောက်ပွဲကျင်းပလို့ရပါတယ်တဲ့။ထိုဒေသတွေကိုဖယ်လိုက်ရင်မြန်မာပြည်တဝက်လောက်ပါသွားပြီလေ။တနည်းအားဖြင့်နိုင်ငံတဝက်လောက်ကိုသူတို့မထိန်းချုပ်နိုင်တော့ဘူးလို့ဝန်ခံလိုက်တာပဲ။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအခုလိုအကြိမ်ကြိမ်သက်တမ်းတိုးနေတာကိုတပ်တွင်းမှာလဲမကျေနပ်မှုတွေပိုမိုများပြားလာတယ်လို့သိရတယ်။တပ်တွင်းထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကျိုးစီးပွားတွေတဖြည်းဖြည်းနဲ့ထိခိုက်လာပြီလေ။ဒါအပြင့်သူတို့အတွက်မလုံခြုံမှုတွေပိုမိုဖြစ်ပေါ်လာတာအားလုံးအသိပဲ။ဘာပဲဖြစ်နေပါစေမင်းအောင်လှိုင်ကတော့အာဏာကိုဆက်လက်ဖက်တွယ်ထားဦးမှာပဲ။သူမပြုတ်ကျမခြင်းဒီလိုပဲခြောက်လတကြိမ်သက်တမ်းတိုးနေဦးမှာပဲ။
Read moreDetailsမန္တလေး နန်းတွင်းထဲက စစ်အုပ်စု ဂိတ်တဲ ဒီမနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မန္တလေးမြို့အနှံ့ အကြမ်းဖက် သောင်းကျန်းကာ မြို့ခံလူငယ်တချို့ကိုလည်း ကားနဲ့လိုက်တိုက်ပြီး တရားခံရှာ ဖမ်းဆီးနေပါတယ်။မြို့ပြပျောက်ကျားအဖွဲ့တွေက (၈၀မမ) လက်လုပ် လက်နက်ကြီးနဲ့ နန်းတွင်းထဲ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို...
Read moreDetailsကယားပြည်နယ်ထဲမှာလဲတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့မယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းသုံးပြီးထိုးစစ်ဆင်နေပါတယ်။အခုလောလောဆယ်တော့သံလွင်မြစ်အရှေ့ဘက်ကစခန်းနှစ်ခုကိုတော်လှန်ရေးအဖွဲ့တွေလက်လွတ်ပေးလိုက်ရတယ်။စစ်ကောင်စီဟာဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်ရှမ်းပြည်နယ်ကတပ်တွေကိုယာဉ်တန်းတွေနဲ့ကယားပြည်နယ်ထဲကိုရွှေ့ပြောင်းအင်အားဖြည့်နေတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အလယ်ပိုင်းမှာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်မှုတွေမရှိတဲ့အတွက်ထိုဒေသကတပ်တွေကိုကယားပြည်နယ်ထဲလိုသလိုစိတ်ကြိုက်ရွှေ့ပြောင်းလို့ရနေတယ်။ဒါကြောင့်စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုတွေကိုတော်လှန်ရေးအဖွဲ့တွေကလဲရသလောက်ကြားဖြတ်တိုက်ခိုက်နေလို့မိုးဗြဲလွိုင်ကော်လမ်းမကြီးဖက်မှာတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဆက်ဖြစ်နေယ်။ပြောရရင်တော့တိုက်ပွဲတွေကကရင်ပြည်နယ်မှာလိုကယားပြည်နယ်တစ်ခုလုံးနီးပါးမှာပြန့်နှံဖြစ်ပွားလျက်ရှိတယ်။
Read moreDetailsပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀၀ ကျော်ဖြင့် ပြန်လည်သိမ်းယူနိုင်ရန် အပြင်းအထန်ကြိုးစားနေတယ်။လက်နက်ကြီးတွေအလွန်အကျွံသုံးပြီးနေရာစုံကစစ်ကြောင်းထိုးနေတာပါ။ဒါပေမယ့်အခုချိန်ထိတော့တောင်ခြေကိုတောင်မကပ်နိုင်သေးဘူး။အထိအခိုက်အကျအဆုံးများစွာနဲ့ပြန်ဆုတ်သွားရတယ်။ကော့ကရိတ်မြို့တောင်ဘက်ကကျေးရွာတွေမှာလဲ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်။အဲဒီနှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိတ်သွားပြီး ကုန်ကားနဲ့ ခရီးသွားယာဉ်တွေ လမ်းပိတ်...
Read moreDetailsစစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်၊တမူးခရိုင်းခမ်းပတ်မြို့မှာ လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခမ်းပက်မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်၊ဗုံးကြဲခဲ့တယ်။ ခမ်းပါတ်မြို့ရှိရဲစခန်းနှင့်စစ်ကောင်စီတပ်ကိုတော်လှန်ရေးအင်အားစုများကဇူလိုင်၂၂ရက်ညတွင်စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကကလေးမြို့မှစစ်သားများကိုဇူလိုင် ၂၃ ရက်တွင်လေကြောင်းမှခမ်းပါတ်မြို့ နှင့်အနည်းငယ်သာဝေးသောနေရာသို့ချ၍ ပို့ပေးခဲ့တယ်။ထိုစစ်ကူတွေကိုတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်ခိုက်လို့စစ်ကောင်စီတပ်အထိနာခဲ့တယ်။ဒါကြောင့်တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ စစ်တပ်ကလေကြောင်းမှတိုက်ခိုက်တော့တာပဲ။ ခမ်းပါတ်မြို့ပေါ်မှာရပ်ကွက် ၅...
Read moreDetailsနှစ်သောင်းတန်ဂယက်ကတော့စတင်ရိုက်ခတ်နေပါပြီ။စစ်ကောင်စီ ထုတ်ဝေမယ့် ငွေစက္ကူအသစ်မထွက်ခင်မှာ ရွှေဈေးနှုန်း တစ်ကျပ်သားကို သိန်း ၄၀ နီးပါးအထိမြင့်တက်ပြီး၊ ဒေါ်လာငွေလဲနှုန်းမှာတစ်ဒေါ်လာကို၃၅၀၀ကျပ်ဝန်းကျင်ထိမြင့်တက်လာပါတယ်။ဒါပေမယ့်ရွှေလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် ရန်ကုန်နဲ့ မန္တလေးရှိ ရွှေဈေးကွက် လက်ရှိအချိန်ထိဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူး။ငွေစက္ကူထွက်မယ့် ရက်နီးလာတာရယ်၊ နိုင်ငံရေးအပြောင်းအလဲရှိတယိဆိုတဲ့သတင်းတွေကြောင့် ဈေးကခုန်တက်လာတာဖြစ်တယ်။ရွှေဈေးကတော့ ရွှေလောကမှာ...
Read moreDetailsပဲခူးတိုင်း၊စစ်တောင်းမြစ်အနီးရှိကျောက်တံခါးမြို့နယ်ထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တွေကိုKNUPDFပူးပေါင်းအဖွဲ့တွေဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။အင်အားလေးရာကျော်အထိပါတဲ့အကြမ်းဖက်စစ်သူပုန်တွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုဒေသကိုဝင်ရောက်လာခဲ့တာပါ။တနာရီကြာခန့်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်သူပုန်၄၀ခန့်သေဆုံးသွားပြီး၄၀ခန့်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့NUGကထုတ်ပြန်တယ်။ပဲခူးတိုင်းအတွင်းမှာတိုက်ပွဲကြီးတွေသိပ်ဖြစ်လေ့မရှိဘူး။ဒီတခေါက်ကတော့ပဲခူးတိုင်းအတွင်းကတိုက်ပွဲတွေမှာသတိထားမိသလောက်စစ်သူပုန်တွေအသေအပျောက်အများဆုံးပဲ။ တော်လှန်ရေးအဖွဲ့တွေဟာပဲခူးတိုင်းအရှေ့ခြမ်းကိုတိုးဝင်စပြုလာပြီ။စစ်တောင်းမြစ်အရှေ့ဘက်အခြမ်းကနေအနောက်ဖက်အခြမ်းကိုကူးပြီးရန်ကုန်-မန္တလေးလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားလာကြပြီ။ဒါကိုသိတဲ့စစ်ကောင်စီဟာလဲစစ်တောင်မြစ်ဝှမ်းဒေသတလျောက်မှာခံစစ်ပြင်ထားတယ်။အရင်ကငြိမ်သက်နေခဲ့တဲ့ပဲခူးတိုင်းအတွင်းမှာလဲလှုပ်ရှားမှုတွေပေါ်ပေါက်လာတော့မယ်။
Read moreDetailsစစ်ကောင်စီကနှစ်သောင်းတန်ကိုမိတ်ဆက်လိုက်ချိန်တပြိုင်နက်ထဲမှာပဲNUGကလဲနွေဦးဘဏ်ကိုစတင်လွှင့်တင်လိုက်ပါပြီ။ဒီလဆန်းကတည်းကကြေငြာထားတဲ့နွေဦးဘဏ်ကိုအခုလောလောဆယ်သုံးစွဲသူတစ်ထောင်နဲ့စတင်တည်ထောင်လိုက်တယ်။ဒစ်ဂျစ်တယ်ဘဏ်အမျိုးအစားဖြစ်ပြီးNUGကဒေါ်လာငါးသိန်းကနဦးမတည်ထားတယ်။အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံတကာငွေကြေးငါးမျိုးနဲ့ဝန်ဆောင်မှုပေးမှာဖြစ်တယ်။အသုံးပြုတွေလုံခြုံစိတ်ချစွာအကောင့်တွေဖွင့်နိုင်မှာဖြစ်ပြီးရွှေပါစုနိုင်မယ်လို့ပြောထားတယ်။လောလောဆယ်မှာတော့စမ်းသပ်ကာလတစ်လသတ်မှတ်ထားပြီးတနှစ်အတွင်းဘဏ်ကိုအသုံးပြုသူငါးသိန်းခန့်ရည်မှန်းထားတယ်။ မနှစ်ကဒီလိုအချိန်မှာNUG PAYထွက်ပေါ်လာပြီးနောက်ဒါဟာNUG PAYထပ်အစပေါင်းများစွာကြီးမားတဲ့ခြေလှမ်းတစ်ခုပဲ။နွေဦးဘဏ်ဟာNUGရဲ့ဘဏ္ဏာရေးအပိုင်းမှာအကြီးမားဆုံးလုပ်ဆောင်မှုလို့ပြောလို့ရသလိုအကြီးမားဆုံးစိတ်ခေါ်မှုလို့လဲပြောလို့ရတယ်။သတင်းတွေထွက်နေသလိုနောက်ပိုင်းမှာVISIA,MASTER CARDတွေအထိအသုံးပြုလို့ရရင်တော့တော်တော်အခြေအနေကောင်းသွားမယ်။ဒစ်ဂျစ်တယ်ဘဏ်ဖြစ်နေတဲ့အတွက်လူတွေရဲ့ယုံကြည်စိတ်ချမှုကိုဘယ်လောက်ထိဆွဲဆောင်နိုင်မလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.