အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်း တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ်မှာ ဒီမနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် (၁၄)ဦး ကျဆုံးခဲ့တယ်။စစ်သူပုန်တွေရဲ့ ကင်းပုန်းနဲ့ တိုးပြီး ကျဆုံးတာလို့သိရတယ်။ မောင်းပြန်သေနတ်၁၄လက်လဲဆုံးရှုံးလိုက်ရတယ်။ပီးခဲ့တဲ့ရက်တွေကလဲစစ်ကိုင်းမြို့နယ်ဧရာဝတီမြစ်ကမ်းဘေးကကင်းတော်ရွာနားမှာလဲစခန်းတစ်ခုရုတ်တရက်စီးနင်းခံရပြီးတော်လှန်ရေးရဲဘော်၁၃ဦးနဲ့ရဲမေနှစ်ဦးဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။...

Read moreDetails

ဇွန် ၂၇၊ ၂၀၂၃။ (အင်္ဂါ)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စုနှင့်ထိုရွာအုပ်စုတွင်ပါဝင်​သော ကန်ကောက်ရွာရှိ နေအိမ်တွေကိုစစ်ကောင်စီတပ်ကဆယ်ရက်အတွင်းဖယ်ရှားရန်ဖိအားပေးနေတယ်။စစ်အုပ်စုဖယ်ရှားမည့်အိမ်ခြေမှာ အိမ်ခြေရာချီမဟုတ်ပါဘူး။ ထောင်ဂဏန်းရှိပါတယ်။ အိမ်ခြေကိုးထောင်ကျော်လောက်ရှိမယ်။အိမ်ခြေ ကိုးထောင်ကျော်တွင်အိမ်ကြီးအိမ်ကောင်းများ အများအပြားပါဝင်ပြီး အချို့နေအိမ်များမှာ မြို့တွင်းတွင်ဖယ်ရှားခံရ၍ ယခုနေရာတွင် ဝယ်ယူနေထိုင်ချိန်တွင် ထပ်မံဖယ်ရှားခံရခြင်းဖြစ်တယ်။သောင်းချီသောမိသားစုဝင်များမှာ နေစရာအတွက် အိမ်ငှားနေထိုင်ရန် အိမ်အမြန်ရှာဖွေနေရပြီး အိမ်ငှားခများမြင့်တက်နေ၍ အခက်အခဲများတွေ့နေရတယ်။...

Read moreDetails

ဇွန် ၂၆၊ ၂၀၂၃။ (တနင်္လာ)

ကရင်နီပြည်နယ်၊မယ်စဲမြို့သိမ်းတိုက်ပွဲမှာတော်လှန်ရေးအဖွဲ့တွေအောင်ပွဲရလိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်ပါပြီ။ထိုမြို့မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ဟာတပ်ရင်းမှုး၊ဒုတပ်ရင်းမှုးတွေပါအပါအဝင်တပ်ရင်းတရင်းလုံးလက်နက်ချခဲ့တယ်။အရေအတွက်အတိအကျမသိရပေမယ့်အင်အား၁၀၀ကျော်လက်နက်ချခဲ့တယ်လို့သတင်းတွေကဆိုတယ်။စစ်သူပုန်တပ်တွေဟာစစ်မြေပြင်ဆီစစ်ကူအချိန်မှီမပို့ပေးနိုင်တဲ့အပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့်နောက်ဆုံးမှာအခုလိုလက်နက်ချလိုက်ရတာပဲ။ဒါဟာနွေဦးတော်လှန်ရေးကာလမှာပထမဆုံးတပ်ရင်းလိုက်စစ်တပ်ဖက်ကအညံခံလိုက်ရတဲ့ပွဲပဲ။နောက်ပိုင်းမှာစစ်တပ်ဖက်ကတပ်ရင်းလိုက်လက်နက်ချအညံခံမှုတွေဆက်လက်ရှိလာနိုင်တယ်လို့ထင်မြင်ချက်တွေထွက်လာပေမယ့်ထင်သလောက်မလွယ်ပါဘူး။အခုလိုအသေခံဖို့ကလွဲပြီးရွေးချယ်စရာလုံးဝမရှိမှသူတို့ဘက်ကအညံခံမှာပါ။ထိုအခြေအနေမျိုးကိုရောက်အောင်တော်လှန်ရေးအဖွဲ့တွေကတိုက်ပွဲတိုင်းမှာကြိုးစားရမှာပါ။ ဘာပဲဖြစ်ဖြစ်မယ်စဲဒေသမှာရရှိလိုက်တဲ့အောင်ပွဲတွေဟာနွေဦးတော်လှန်ရေးအတွက်ချိုမြိန်တဲ့သတင်းတွေပါပဲ။ပထမဒေသခံနယ်ခြားစောင့်အဖွဲ့ကဘက်ပြောင်းလာတယ်။ပြီးတော့စစ်သူပုန်တွေတပ်ရင်းလိုက်လက်နက်ချရတယ်။မြို့ကိုလဲအလုံးစုံထိန်းချုပ်နိုင်လိုက်တယ်။ဒီလိုဖြစ်ရပ်မျိုးတခြားအီးအေအိုကြီးတွေရှိတဲ့ကချင်နဲ့ကရင်နဲ့ရခိုင်မှာတောင်မရှိသေးဘူး။ကရင်နီပြည်နယ်ရဲ့စစ်ရေးတိုးတက်မှုနှုန်းကမြန်ဆန်လှတယ်။

Read moreDetails

ဇွန် ၂၅၊ ၂၀၂၃။ (တနင်္ဂနွေ)

နိုင်ငံတကာအသေးစားချေးငွေလုပ်ငန်းတစ်ခုဖြစ်တဲ့ Pact Myanmar ဟာပြည်တွင်းမှာရှိနေတဲ့ငွေချေးလုပ်ငန်းတွေကိုရပ်တန့်ပြီးထွက်ခွာတော့မယ်လို့ထုတ်ပြန်ကြေငြာလိုက်တယ်။မြန်မာပြည်သူ၈၉၀၀၀ဦးကို ချေးပေးထားတဲ့ ဒေါ်လာ ၁၅၆ သန်းကျော်ဖိုးရှိ ချေးငွေတွေကို ပြန်မတောင်းတော့ဘဲလျှော်ပေးကာထွက်ခွာမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားတယ်။ထိုအဖွဲ့အစည်းဟာမြန်မာပြည်တွင်းမှာ နှစ်ပေါင်း ၂၅ နှစ်တိုင် အကြီးဆုံးချေးငွေဝန်ဆောင်မှုပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pact Myanmar လို့ လူသိများတဲ့...

Read moreDetails

ဇွန် ၂၄၊ ၂၀၂၃။ (စနေ)

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုကိုအမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်ချိန်မှာပဲ (NUG) က ဒစ်ဂျစ်တယ်ဘဏ်အသစ်တခု မကြာခင်မှာ ဖွင့်လှစ်သွားဖို့ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်။ထိုဘဏ်ကိုတော့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank – SDB) အမည်နဲ့...

Read moreDetails

ဇွန် ၂၃၊ ၂၀၂၃။ (သောကြာ)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်ကစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်။ထိုဘဏ်နှစ်ခုဟာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေနိုင်ငံခြားငွေလည်ပတ်ဖို့နဲ့စစ်ကောင်စီလက်နက်ဝယ်ဖို့အဓိကပံ့ပိုးနေတဲ့ဘဏ်တွေဖြစ်တာကြောင်းစစ်ကောင်စီကိုအထိနာသွားစေမှာအမှန်ပဲ။စစ်ကောင်စီကတော့ထုံးစံအတိုင်းပိတ်ဆို့မှုကြောင့်ဆုံးရှုံးမှုမရှိဘူးလို့ထုတ်ပြန်ထားပေမယ့်သူတို့ရဲ့နိုင်ငံခြားငွေပေးငွေယူကိစ္စရပ်တွေကိုအများကြီးထိခိုက်နိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားတယ်။စစ်ကောင်စီဘက်မှာထိခိုက်သလိုကြပ်တည်းနေတဲ့ပြည်တွင်းစီးပွားရေးအခြေအနေကိုလဲထိခိုက်လာနိုင်တယ်။အခုလောလောဆယ်တော့အမေရိကန်ကထိုကြေငြာချက်ထုတ်ပြန်လိုက်ပြီးနောက်ဒေါ်လာဈေးနဲ့ရွှေဈေးတွေခုန်တက်သွားတယ်။ဒေါ်လာဈေးရွှေဈေးတွေတက်ရင်ကုန်ဈေးနှုန်းတွေပါတက်လာမှာမို့ပြည်သူတွေမျက်ခုံးလှုပ်နေကြပြီ။မင်းအောင်လှိုင်မသေသ၍တော့ဒီဒုက္ခတွေခါးစည်းပြီးခံရဦးမှာပဲ။

Read moreDetails

ဇွန် ၂၂၊ ၂၀၂၃။ (ကြာသပတေး)

ကရင်နီပြည်နယ်၊မယ်စဲဒေသမှာတိုက်ပွဲတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်။ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေဘက်ပြောင်းဝင်ရောက်လာတဲ့အတွက်တော်လှန်ရေးအဖွဲ့တွေအသာစီးရနေပြီးမြို့ကိုထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်နေပြီ။စစ်တပ်ဘက်ကပြန်လည်တိုက်ခိုက်ဖို့ကြိုးစားနေပေမယ့်လေကြောင်းကနေကိုယ့်တပ်ကိုဗုံးမှားကြဲမိတာကြောင့်အထိနာသွားပြီးထိုးစစ်တွေရပ်တန့်နေတယ်။ဒါပေမယ့်လဲပြည်နယ်ထဲကတခြားနေရာတွေမှာချထားတဲ့တပ်တွေကိုစုစည်းပြီးအပြင်းအထန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်။စစ်တပ်ဟာကရင်နီပြည်နယ်ထဲကတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုပြန်လည်ရယူဖို့ကြိုးစားရင်းမထင်မှတ်ပဲနယ်မြေတစ်ခုကိုထပ်မံဆုံးရှုံးသွားတယ်။မယ်စဲမြို့ကတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေအနေနဲ့စစ်ကောင်စီတပ်တွေသံလွင်မြစ်ကိုကူးမလာနိုင်အောင်ခုခံနိုင်ရင်တော်တော်အခြေအနေကောင်းနေပြီ။

Read moreDetails

ဇွန် ၂၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကရင်နီပြည်နယ်၊မယ်စဲမြို့တွင်ပီးတဲ့အပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဖက်ကကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ထိုအဖွဲ့ဟာစစ်ကောင်စီလက်အောက်ခံကရင်နီပြည်နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပြီးယခင်ကဘယ်ဖက်မှာမှမပါဝင်ပဲကြားနေခဲ့တဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ။အခုထိုအဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေထံဘက်ပြောင်းဝင်ရောက်လာခဲ့တဲ့အတွက်စစ်ကောင်စီအတွက်အရှိုက်ထိသွားတာပေါ့။ဒါဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တိုင်းရင်းသားအဖွဲ့တွေထဲကပထမဆုံးနွေဦးတော်လှန်ရေးဘကကိုပြောင်းလာတဲ့အဖွဲ့ပါ။ထိုအဖွဲ့မျိုးဟာကချင်၊ကယား၊ကရင်စတဲ့ပြည်နယ်တွေမှာများစွာကျန်သေးတယ်။အထူးသဖြင့်ကရင်ပြည်နယ်မှာနယ်ခြားစောင့်တပ်ဖွဲ့တွေများစွာရှိနေပြီးစစ်ကောင်စီဖက်ကဝင်ရောက်တိုက်ခိုက်ပေးနေကြတယ်။အခုဘက်ပြောင်းမှုဟာထိုအဖွဲ့တွေအတွက်အချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်လာလိမ့်မယ်။

Read moreDetails

ဇွန် ၂၀၊ ၂၀၂၃။ (အင်္ဂါ)

ထိုင်းနိုင်ငံဟာစစ်ကောင်စီကိုဖိတ်ကြားထားတဲ့ဆွေးနွေးပွဲတစ်ခုကိုထပ်လုပ်နေပြန်ပါပြီ။ထိုင်းမှာရွေးကောက်ပွဲပြီးတဲ့နောက်ဆက်လက်တာဝန်ယူထားတဲ့အိမ်စောင့်အစိုးရကဦးဆောင်ပြုလုပ်နေတာပါ။ဒီနှစ်ဆန်းပိုင်းကလဲထိုကဲ့သို့ဆွေးနွေးပွဲမျိုးထိုင်းအစိုးရကစစ်ကောင်စီအတွက်ပြုလုပ်ပေးသေးတယ်။အဲ့ဒီတုန်းကလဲစားသောက်ဆိုင်တစ်ခုမှဖြစ်သလိုကျင်းပခဲ့တာပါ။ဘာရလဒ်မှလဲထွက်ပေါ်လာတာမဟုတ်ဘူး။အာဆီယံနိုင်ငံကြီးတွေကလဲအသိအမှတ်မပြုကြဘူး။အခုလဲထပ်လုပ်ပြန်ပြီ။ထိုင်းအိမ်စောင့်အစိုးရနိုင်ငံခြားရေးဝန်ကြီးကတော့အလွတ်သဘောဆွေးနွေးတာပါလို့ကာကွယ်ပြောဆိုသွားတယ်။ထိုင်းနိုင်ငံရဲ့လက်ရှိအစိုးရဟာသူတို့နေရာမဖယ်ပေးရခင်ကာလလေးမှာစစ်ကောင်စီကိုလူရာသွင်းဖို့ကြိုးစားလျက်ရှိတယ်။ထိုင်းနိုင်ငံမှာလာမယ့်လမှာအစိုးရသစ်တက်လာရင်တော့စစ်ကောင်စီအတွက်မချောင်ပါဘူး။

Read moreDetails

ဇွန် ၁၉၊ ၂၀၂၃။ (တနင်္လာ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်းစစ်အုပ်စုဟာဂယောင်ခြောက်ခြားဖြစ်စမြဲပဲ။ဒီနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ဒီနေ့မှာလဲစစ်အုပ်စုဟာပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူများစွာကိုဖမ်းဆီးခဲ့တယ်။ရန်ကုန်ကသမာဓိရွှေဆိုင်မှာဝန်ထမ်းမိန်းကလေးတွေကိုပန်းပန်တယ်ဆိုပြီးဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်။JunctionSquareမှာလဲပန်းလက်ဝယ်ကိုင်ဆောင်ထားသူတွေနဲ့ပန်းပန်ထားသူ၁၀ဦးထပ်မနည်းဖမ်းဆီးခံရတယ်။နယ်မြို့တွေမှာလဲထိုအတိုင်းပဲ။ပန်းရောင်းတဲ့သူ၊ပန်းဝယ်တဲ့သူတွေကိုဆိုင်ဆိုင်မဆိုင်ဆိုင်ဖမ်းဆီးသွားတယ်။စစ်အုပ်စုဟာလက်ထဲမှာလက်နက်ကြီးတွေကိုင်ထားပြီးအကုန်လုံးကိုကြောက်နေတော့တာပဲ။အနီဝတ်ရင်လဲကြောက်တယ်။အနက်ဝတ်ရင်လဲကြောက်တယ်။ပန်းပန်ရင်လဲကြောက်တယ်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့တနိုင်ငံလုံးပြည်သူများကဆုတောင်းမေတ္တာပို့သမှုများကိုစစ်ကောင်စီကကြောက်ရွံ့ပြီးသေနတ်ကိုင်ကာလိုက်လံခြိမ်းခြောက်နေတာပါ။

Read moreDetails
Page 67 of 159 1 66 67 68 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist